[Zawgyi]

ဥေရာပႏိုင္ငံေတြဟာ အခုေနာက္ပိုင္းမွာ နည္းပညာခြန္စည္းၾကပ္ေတာ့မွာ ျဖစ္ပါတယ္။ၾသစႀတီးယားႏိုင္ငံကလည္း ျပင္သစ္နဲ႔ ဂ်ာမနီတို႔ရဲ႕ ေျခရာကိုနင္းၿပီး အင္တာနက္အေျချပဳ ကုမၸဏီႀကီးေတြျဖစ္တဲ့ Amazon, Apple နဲ႔ Facebook တို႔အေပၚ နည္းပညာခြန္စည္းၾကပ္ဖို႔ လိုလားေနၿပီး အီးယူရဲ႕ က်ယ္ျပန႔္တဲ့ သေဘာတူညီမႈကို စာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က ျပင္သစ္ႏိုင္ငံ စီးပြားေရးနဲ႔ ဘ႑ာေရးဝန္ႀကီး Bruno Le Maire က လာမယ့္ ဇန္နဝါရီလ ၁ ရက္ေန႔ကစၿပီး (Google, Apple, Facebook, Amazon) တို႔ကို နည္းပညာခြန္စည္းၾကပ္ေတာ့မယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီလိုအခြန္စည္းၾကပ္ျခင္းအားျဖင့္ ပထမႏွစ္အတြင္းမွာပဲ ယူ႐ို သန္း ၅၀၀ ေလာက္ကို တိုင္းျပည္အတြက္ ရရွိလာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေၾကညာခ်က္ထဲမွာ ေဖာ္ျပခဲ့ပါတယ္။

ဒီမတိုင္ခင္ကေတာ့ ဂ်ာမနီဟာ နည္းပညာခြန္ ၃% ေကာက္ခံမယ္လို႔ သတင္းစာအခ်ိဳ႕က ေဖာ္ျပခဲ့ၾကဖူးၿပီး၊ ဒီသတင္းေတြကို ျငင္းပယ္ခဲ့ပါေသးတယ္။ အဲဒီအခ်ိန္တုန္းက ေဝဖန္မႈေတြျဖစ္ေပၚခဲ့ေပမယ့္ Le Maire ကေတာ့ ဂ်ာမနီအေနနဲ႔ ဒီအခြန္ဥပေဒကို တရားဝင္ေရးဆြဲျပဌာန္းသင့္ေၾကာင္း ဖိအားေပးခဲ့တာ ျဖစ္ပါတယ္။

အီးယူႏိုင္ငံေတြမွာရွိတဲ့ အေသးစားနဲ႔ အလတ္စား ကုမၸဏီေတြဟာ Google, Amazon, Facebook နဲ႔ Apple တို႔ထက္ ၁၄% ပိုၿပီး အခြန္ေပးေဆာင္ေနခဲ့ၾကတယ္လို႔ Le Maire က ေျပာပါတယ္။ ဒါေၾကာင့္ ဒီဂ်စ္တယ္ကုမၸဏီႀကီးေတြအတြက္ မွ်တတဲ့ အခြန္စည္းၾကပ္မႈဥပေဒကို ျပန္လည္ေရးဆြဲသင့္တယ္လို႔ ဆိုခဲ့ပါတယ္။ အခုေတာ့ ဂ်ာမနီရဲ႕ ဒီလႈပ္ရွားမႈထဲကို ၾသစႀတီးယားကလည္း ပါဝင္လာၿပီး အီးယူရဲ႕ သေဘာတူညီမႈကို ေစာင့္ဆိုင္းေနၿပီ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ႏိုင္ငံအလိုက္ အခြန္စည္းၾကပ္ေကာက္ခံမႈေတြကိုသာ ျမင္ေတြ႕ရေသးဖြယ္ရွိပါတယ္။ ဒါေပမယ့္ မၾကာခင္မွာပဲ အီးယူရဲ႕ က်ယ္ျပန႔္တဲ့သေဘာတူညီမႈတစ္ခု အသက္ဝင္လာဖြယ္ရွိတာေၾကာင့္ ဥေရာပသမဂၢ အေနနဲ႔ ျဖစ္ေပၚလာႏိုင္ဖြယ္ ရွိေနပါတယ္။

Ref: 9to5Mmac

[Unicode]

ဥရောပနိုင်ငံတွေဟာ အခုနောက်ပိုင်းမှာ နည်းပညာခွန်စည်းကြပ်တော့မှာ ဖြစ်ပါတယ်။သြစတြီးယားနိုင်ငံကလည်း ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ ခြေရာကိုနင်းပြီး အင်တာနက်အခြေပြု ကုမ္ပဏီကြီးတွေဖြစ်တဲ့ Amazon, Apple နဲ့ Facebook တို့အပေါ် နည်းပညာခွန်စည်းကြပ်ဖို့ လိုလားနေပြီး အီးယူရဲ့ ကျယ်ပြန့်တဲ့ သဘောတူညီမှုကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပြင်သစ်နိုင်ငံ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire က လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး (Google, Apple, Facebook, Amazon) တို့ကို နည်းပညာခွန်စည်းကြပ်တော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုအခွန်စည်းကြပ်ခြင်းအားဖြင့် ပထမနှစ်အတွင်းမှာပဲ ယူရို သန်း ၅၀၀ လောက်ကို တိုင်းပြည်အတွက် ရရှိလာမယ်လို့ မျှော်လင့်ကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

ဒီမတိုင်ခင်ကတော့ ဂျာမနီဟာ နည်းပညာခွန် ၃% ကောက်ခံမယ်လို့ သတင်းစာအချို့က ဖော်ပြခဲ့ကြဖူးပြီး၊ ဒီသတင်းတွေကို ငြင်းပယ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပေမယ့် Le Maire ကတော့ ဂျာမနီအနေနဲ့ ဒီအခွန်ဥပဒေကို တရားဝင်ရေးဆွဲပြဌာန်းသင့်ကြောင်း ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

အီးယူနိုင်ငံတွေမှာရှိတဲ့ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေဟာ Google, Amazon, Facebook နဲ့ Apple တို့ထက် ၁၄% ပိုပြီး အခွန်ပေးဆောင်နေခဲ့ကြတယ်လို့ Le Maire က ပြောပါတယ်။ ဒါကြောင့် ဒီဂျစ်တယ်ကုမ္ပဏီကြီးတွေအတွက် မျှတတဲ့ အခွန်စည်းကြပ်မှုဥပဒေကို ပြန်လည်ရေးဆွဲသင့်တယ်လို့ ဆိုခဲ့ပါတယ်။ အခုတော့ ဂျာမနီရဲ့ ဒီလှုပ်ရှားမှုထဲကို သြစတြီးယားကလည်း ပါဝင်လာပြီး အီးယူရဲ့ သဘောတူညီမှုကို စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံအလိုက် အခွန်စည်းကြပ်ကောက်ခံမှုတွေကိုသာ မြင်တွေ့ရသေးဖွယ်ရှိပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အီးယူရဲ့ ကျယ်ပြန့်တဲ့သဘောတူညီမှုတစ်ခု အသက်ဝင်လာဖွယ်ရှိတာကြောင့် ဥရောပသမဂ္ဂ အနေနဲ့ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပါတယ်။

Ref: 9to5Mmac