[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက ZTE ဟာ ၂၀၁၉ ပထမ ၆ လပတ္အတြင္းမွာ ကုမၸဏီရဲ႕ ပထမဆုံး 5G ဖုန္းကို ျဖန႔္ခ်ိသြားမယ္လို႔ အတည္ျပဳခဲ့သလို လာမယ့္ MWC 2019 မွာလည္း ထုတ္ျပေတာ့မယ္လို႔ အသိေပးခဲ့ပါတယ္။ ဒီအတြက္ ဖိတ္စာမွာေတာင္ “New Axon, New 5G Flagship” ဆိုၿပီး ထည့္သြင္းေဖာ္ျပခဲ့တာပါ။

ဒါေပမယ့္ အခုအခ်ိန္ထိေတာ့ New Axon နဲ႔ New 5G Flagship ဆိုတာဟာ Device ႏွစ္မ်ိဳးကို ရည္ၫႊန္းတာလား၊ ဒါမွမဟုတ္ တစ္မ်ိဳးတည္းပဲလားဆိုတာကို ZTE က ရွင္းလင္းျခင္း မရွိေသးပါဘူး။ ၿပီးခဲ့တဲ့ရက္က ထြက္ေပၚလာတဲ့ Teaser သစ္မွာေတာ့ “5G speeds” နဲ႔ “bow down to performance” လို႔အဓိပၸါယ္ရတဲ့ စာသားေတြကို ေရးသားတာတာ ေတြ႕ရပါတယ္။

အထက္ပါစာသားႏွစ္ခုရဲ႕ အလယ္မွာေတာ့ 855 ဆိုတဲ့ ကိန္းဂဏန္းကို ေတြ႕ျမင္ရတာပါ။ ဒါဟာ Axon အသစ္ ျဖစ္မွာလား၊ ဒါမွမဟုတ္ လုံးဝကို Series အသစ္နဲ႔ ထြက္လာမယ့္ Devices ျဖစ္မလားဆိုတဲ့ေမးခြန္းအတြက္ အနည္းငယ္ေတာ့ အေထာက္အကူျဖစ္ပါတယ္။

EEC ရဲ႕ အသိအမွတ္ျပဳမႈထြက္ေပၚလာတုန္းက ZTE A2020 Pro ဟန္းဆက္ကို Axon 10 Pro လို႔ ေခၚႏိုင္ေၾကာင္း သိခဲ့ရၿပီးပါၿပီ။ အဆိုပါဖုန္းမွာ Snapdragon 855 Chipset သုံးမွာျဖစ္ၿပီး RAM 6GB လို႔လည္း သိခဲ့ရပါတယ္။ ဒါေၾကာင့္ အခုထြက္ေပၚလာတဲ့ Teaser ဟာ Axon 10 Pro အတြက္လို႔ သုံးသပ္ရပါတယ္။

ZTE က မိတ္ဆက္မယ့္ New Axon နဲ႔ New Blade ႏွစ္မ်ိဳးကို ေပါက္ၾကားလာသမွ် အခ်က္အလက္ေတြ ယွဥ္ၾကည့္ရင္ New Axon ကပဲ 5G စမတ္ဖုန္းျဖစ္လာဖြယ္ရွိတယ္လို႔ပဲ ဆိုရပါမယ္။ ZTE ဟာ လက္ရွိအခ်ိန္မွာ ေဒဝါလီခံရမယ့္ အေရးကေန ႐ုန္းထြက္ႏိုင္ခဲ့ၿပီး 5G ကြန္ရက္လုပ္ငန္းေတြမွာ ႀကီးႀကီးမားမား ရင္းႏွီးျမႇဳတ္ႏွံေနတာလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ZTE ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာနိုင်တဲ့ Axon 10 Pro

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ZTE ဟာ ၂၀၁၉ ပထမ ၆ လပတ်အတွင်းမှာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို ဖြန့်ချိသွားမယ်လို့ အတည်ပြုခဲ့သလို လာမယ့် MWC 2019 မှာလည်း ထုတ်ပြတော့မယ်လို့ အသိပေးခဲ့ပါတယ်။ ဒီအတွက် ဖိတ်စာမှာတောင် “New Axon, New 5G Flagship” ဆိုပြီး ထည့်သွင်းဖော်ပြခဲ့တာပါ။

ဒါပေမယ့် အခုအချိန်ထိတော့ New Axon နဲ့ New 5G Flagship ဆိုတာဟာ Device နှစ်မျိုးကို ရည်ညွှန်းတာလား၊ ဒါမှမဟုတ် တစ်မျိုးတည်းပဲလားဆိုတာကို ZTE က ရှင်းလင်းခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်က ထွက်ပေါ်လာတဲ့ Teaser သစ်မှာတော့ “5G speeds” နဲ့ “bow down to performance” လို့အဓိပ္ပါယ်ရတဲ့ စာသားတွေကို ရေးသားတာတာ တွေ့ရပါတယ်။

အထက်ပါစာသားနှစ်ခုရဲ့ အလယ်မှာတော့ 855 ဆိုတဲ့ ကိန်းဂဏန်းကို တွေ့မြင်ရတာပါ။ ဒါဟာ Axon အသစ် ဖြစ်မှာလား၊ ဒါမှမဟုတ် လုံးဝကို Series အသစ်နဲ့ ထွက်လာမယ့် Devices ဖြစ်မလားဆိုတဲ့မေးခွန်းအတွက် အနည်းငယ်တော့ အထောက်အကူဖြစ်ပါတယ်။

EEC ရဲ့ အသိအမှတ်ပြုမှုထွက်ပေါ်လာတုန်းက ZTE A2020 Pro ဟန်းဆက်ကို Axon 10 Pro လို့ ခေါ်နိုင်ကြောင်း သိခဲ့ရပြီးပါပြီ။ အဆိုပါဖုန်းမှာ Snapdragon 855 Chipset သုံးမှာဖြစ်ပြီး RAM 6GB လို့လည်း သိခဲ့ရပါတယ်။ ဒါကြောင့် အခုထွက်ပေါ်လာတဲ့ Teaser ဟာ Axon 10 Pro အတွက်လို့ သုံးသပ်ရပါတယ်။

ZTE က မိတ်ဆက်မယ့် New Axon နဲ့ New Blade နှစ်မျိုးကို ပေါက်ကြားလာသမျှ အချက်အလက်တွေ ယှဉ်ကြည့်ရင် New Axon ကပဲ 5G စမတ်ဖုန်းဖြစ်လာဖွယ်ရှိတယ်လို့ပဲ ဆိုရပါမယ်။ ZTE ဟာ လက်ရှိအချိန်မှာ ဒေဝါလီခံရမယ့် အရေးကနေ ရုန်းထွက်နိုင်ခဲ့ပြီး 5G ကွန်ရက်လုပ်ငန်းတွေမှာ ကြီးကြီးမားမား ရင်းနှီးမြှုတ်နှံနေတာလည်း ဖြစ်ပါတယ်။
Ref: GSMArena