YouTube မှာ လူကြည့်အများဆုံး စံချိန်တင်ထားတဲ့ Baby Shark ကို ဖန်တီးထားတဲ့ Pinkfong ဟာ ဒုတိယမြောက် NFT Collection ကို ကြေညာလိုက်ပါတယ်။ Baby Shark : Collection No. 2 လို့ နာမည်ပေးထားပြီး NFT ပေါင်း ၁၀,၀၀၀ ပါဝင်ပါတယ်။ NFT တွေမှာ ငါးမန်း အသေးလေးတွေနဲ့ သူတို့ မိသားစုတွေရဲ့ အနုပညာလက်ရာတွေ ထည့်သွင်းထားပါတယ်။

ဒါဟာ Pinkfong ရဲ့ ဒုတိယမြောက် NFT Collection ဖြစ်ပါတယ်။ ပထမ NFT Collection ကို ၂၀၂၁ ခုနှစ်နှောင်းပိုင်းက ကြေညာခဲ့ပြီး Pinkfong က လျှင်လျှင်မြန်မြန် ရောင်းထွက်သွားတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပထမ Baby Shark NFT Collection ကို ရောင်းချခဲ့တာ ဖြစ်ပြီး လူတွေဟာ အဲဒီ NFT တွေကို ဒေါ်လာ ရာဂဏန်း၊ ထောင်ဂဏန်းပေးကာ ဝယ်ယူခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာ Baby Shark ကို YouTube မှာ လွှင့်တင်ပြီးနောက် ကော်ပီပေါင်း ၁၁ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီ သီချင်းဟာ Billboard ရဲ့ Hot 100 စာရင်းမှာ နံပါတ် ၃၂ ချိတ်ခဲ့ပါတယ်။ လူကြည့်အများဆုံး YouTube ဗီဒီယိုတွေထဲက ၁ ခု ဖြစ်ပြီး လက်ရှိအချိန်အထိ ကြည့်ရှုတဲ့ အရေအတွက် ၉.၇ ဘီလီယမ် ရှိပါတယ်။

Ref : theverge