Zawgyi Font Version

Software Security Researcher တစ္ေယာက္ရဲ႕ ေနာက္ဆံုးေလ့လာေတြ႔ရွိခ်က္ေတြအရ iPhone ေတြကို Code ဆယ့္ငါးေၾကာင္းေလာက္နဲ႔ ထိခိုက္ေစျပီး Restart က်သြားေစမယ့္ နည္းလမ္းတစ္ခုကိုေတြ႔ရွိခဲ့ပါတယ္။ Sabri Haddouche လို႔ေခၚတဲ့ Software လံုျခံဳေရးပိုင္းမွာအလုပ္လုပ္ေနတဲ့လူတစ္ေယာက္ဟာ Code ဆယ့္ငါးေၾကာင္းနဲ႔ေရးသားထားတဲ့ Website တစ္ခုကို iPhone သို႔မဟုတ္ iPad နဲ႔သြားေရာက္ဝင္ၾကည့္လိုက္တာနဲ႔ အသံုးျပဳေနတဲ့ iPhone သို႔မဟုတ္ iPad ကို Freeze ျဖစ္သြားျပီး Restart က်ေစမွာပါလို႔ Twitter မွာေရးသားထားပါတယ္။

macOS ေပၚမွာ Safari အသံုးျပဳျပီး အဆိုပါ Link ကိုဝင္ေရာက္ခဲ့မယ္ဆိုရင္လည္း Safari ပါဟန္းသြားႏိုင္တဲ့ အေၾကာင္းသက္ေသျပခဲ့ပါတယ္။ အဆိုပါ Code ဟာ iOS ရဲ႕ Web Engine ျဖစ္တဲ့ WebKit ရဲ႕ အားနည္းခ်က္ကို အသံုးျပဳသြားတာျဖစ္ျပီး အဆိုပါ Web Engine ျဖစ္တဲ့ Webkit ကိုအသံုးျပဳထားတဲ့ တစ္ျခား Web browsing app ေတြ ကိုပါထိခိုက္ႏိုင္ပါတယ္။ Haddouche က သူ႔ရဲ႕ Twitter ေပၚမွာ Code ေတြအေၾကာင္းကိုအေသးစိတ္ရွင္းျပထားပါတယ္။

iOS သံုးတဲ့သူေတြဆိုရင္ တစ္ေယာက္ေယာက္က သင့္ကို Facebook, Messenger တို႔ကပဲျဖစ္ျဖစ္ Email ကေနပဲျဖစ္ျဖစ္ သင္မသိတဲ့ Link ေတြေပးပို႔ခဲ့ရင္ ဖြင့္မၾကည့္ေသးပဲ Link ကိုေသခ်ာစစ္ေဆးဖို႔လည္း သတိေပးထားပါေသးတယ္။ အဆိုပါ လံုးျခံဳေရးအားနည္းခ်က္နဲ႔ ပက္သက္ျပီး Apple ကတစ္စံုတစ္ရာဖြင့္ဟျခင္းမရွိေသးပဲ iPhone ေတြဟာ လံုျခံဳေရးအေကာင္းဆံုးဖုန္းေတြဆိုတဲ့ အခ်က္ကို ေသခ်ာျပန္ဆန္းစစ္ရေတာ့မလားလို႔ ေမးခြန္းထုတ္စရာပါပဲ။

Unicode Version

Software Security Researcher တစ်ယောက်ရဲ့ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ iPhone တွေကို Code ဆယ့်ငါးကြောင်းလောက်နဲ့ ထိခိုက်စေပြီး Restart ကျသွားစေမယ့် နည်းလမ်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ Sabri Haddouche လို့ခေါ်တဲ့ Software လုံခြုံရေးပိုင်းမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်ဟာ Code ဆယ့်ငါးကြောင်းနဲ့ရေးသားထားတဲ့ Website တစ်ခုကို iPhone သို့မဟုတ် iPad နဲ့သွားရောက်ဝင်ကြည့်လိုက်တာနဲ့ အသုံးပြုနေတဲ့ iPhone သို့မဟုတ် iPad ကို Freeze ဖြစ်သွားပြီး Restart ကျစေမှာပါလို့ Twitter မှာရေးသားထားပါတယ်။

macOS ပေါ်မှာ Safari အသုံးပြုပြီး အဆိုပါ Link ကိုဝင်ရောက်ခဲ့မယ်ဆိုရင်လည်း Safari ပါဟန်းသွားနိုင်တဲ့ အကြောင်းသက်သေပြခဲ့ပါတယ်။ အဆိုပါ Code ဟာ iOS ရဲ့ Web Engine ဖြစ်တဲ့ WebKit ရဲ့ အားနည်းချက်ကို အသုံးပြုသွားတာဖြစ်ပြီး အဆိုပါ Web Engine ဖြစ်တဲ့ Webkit ကိုအသုံးပြုထားတဲ့ တစ်ခြား Web browsing app တွေ ကိုပါထိခိုက်နိုင်ပါတယ်။ Haddouche က သူ့ရဲ့ Twitter ပေါ်မှာ Code တွေအကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။

iOS သုံးတဲ့သူတွေဆိုရင် တစ်ယောက်ယောက်က သင့်ကို Facebook, Messenger တို့ကပဲဖြစ်ဖြစ် Email ကနေပဲဖြစ်ဖြစ် သင်မသိတဲ့ Link တွေပေးပို႔ခဲ့ရင် ဖွင့်မကြည့်သေးပဲ Link ကိုသေချာစစ်ဆေးဖို့လည်း သတိပေးထားပါသေးတယ်။ အဆိုပါ လုံးခြုံရေးအားနည်းချက်နဲ့ ပက်သက်ပြီး Apple ကတစ်စုံတစ်ရာဖွင့်ဟခြင်းမရှိသေးပဲ iPhone တွေဟာ လုံခြုံရေးအကောင်းဆုံးဖုန်းတွေဆိုတဲ့ အချက်ကို သေချာပြန်ဆန်းစစ်ရတော့မလားလို့ မေးခွန်းထုတ်စရာပါပဲ။