တရုတ် အစိုးရက စက်ရုပ် တက္ကစီတွေကို စီးပွားဖြစ် လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် ဘေဂျင်းရဲ့ လမ်းမတွေပေါ်မှာ Baidu ရဲ့ စက်ရုပ် တက္ကစီတွေကို မြင်လာရပါပြီ။ တရုတ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘေဂျင်းမှာ ပထမဆုံး အနေနဲ့ စက်ရုပ် တက္ကစီတွေနဲ့ ဝန်ဆောင်ပေးလိုက်တာ ဖြစ်ပြီး Baidu ရဲ့ Intelligent Driving Group မှ အကြီးတန်း လုံခြုံရေး အရာရှိနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Wei Dong က ဘေဂျင်း ပြီးနောက်မှာ ရှန်ဟိုင်း၊ ဂွမ်ဂျိုးနဲ့ ရှန်ဇန်တို့မှာလည်း ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ် အစောပိုင်းမှာ အဲဒီလို ဝန်ဆောင်မှုပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

The first entry to the robot taxi service in Beijing - Fourals

Baidu ရဲ့ စက်ရုပ် တက္ကစီတွေကို Apollo Robotaxi လို့ နာမည်ပေးထားပြီး လက်ရှိမှာ  ၆၇ စီး ပြေးဆွဲနေပါတယ်။ ဒါပေမယ့် ဘေဂျင်း တစ်မြို့လုံးမှာ ပြေးဆွဲနေတာ မဟုတ်ဘဲ အစိုးရကခွင့်ပြုထားတဲ့ ယီဟောင် ဧရိယာမှာပဲ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

Chinese tech giant Baidu rolls out paid driverless taxi service in Beijing  | Stuff.co.nz

Baidu ဟာ ယီဟောင်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလကတည်းက စက်ရုပ် တက္ကစီတွေနဲ့ အခမဲ့ ဝန်ဆောင်မှုပေးကာ စမ်းသပ်နေတာ ဖြစ်ပါတယ်။ စက်ရုပ် တက္ကစီတွေကို ငှားရမ်းနိုင်မယ့် Luobo Kuaipao App ကို ထုတ်လုပ်ပေးထားပြီး ၃ မိုင် အကွာအဝေးကို ၃၄ ယွမ် (၅.၃၁ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

ယီဟောင်မှာ စက်ရုပ် တက္ကစီတွေနဲ့ အခမဲ့ ဝန်ဆောင်မှုပေးနေတုန်းက လူကြိုက်များခဲ့ပြီး လူ ၂၀,၀၀၀ ကျော်ဟာ ၁ လကို အနည်းဆုံး ၁၀ ကြိမ်လောက် စက်ရုပ် တက္ကစီတွေကို စီးနင်းကြပါတယ်။ အခုတော့ အခကြေးငွေ ပေးရမှာ ဖြစ်တဲ့အတွက် စီးနင်းသူ နည်းသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : rvpgmedia