Apple ဟာ သူ့ ထုတ်ကုန်တွေရဲ့ ဘက်ထရီ ပမာဏတွေကို ပြောကြားလေ့ မရှိဘဲ ဘက်ထရီ သက်တမ်းတွေကိုပဲ ကြေညာလေ့ရှိပါတယ်။ ကံကောင်းတာက Certification Agency တွေက သူတို့ရဲ့ ဒေတာဘေ့စ်မှာ ထုတ်ကုန်အားလုံးရဲ့ ဘက်ထရီ ပမာဏတွေကို တင်ထားပြီး အခုတော့ တရုတ်ရဲ့ 3C က ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့တဲ့ Apple Watch မော်ဒယ်အသစ် အားလုံးရဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ကြေညာထားပါတယ်။

Battery capacities for new Apple Watch models surface

ကြေညာထားတဲ့ Apple Watch မော်ဒယ်အားလုံးမှာ ဘက်ထရီ အသေးဆုံးက Apple Watch SE (40mm) ဖြစ်ပြီး 245mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ 44mm Watch SE မှာ 296mAh ပါလာပါတယ်။ Apple Watch Series 8 (41mm) မှာ 282mAh ဘက်ထရီနဲ့ ပိုကြီးတဲ့ 45mm Version မှာ 308mAh ပါလာပါတယ်။ Watch Series 8 ဟာ Always-on Display , Automatic Activity Tracking နဲ့ Fall Detection ဖွင့်ထားရင် ဘက်ထရီ သက်တမ်းက ၁၈ နာရီ ဖြစ်ပြီး Low-power Mode နဲ့ဆိုရင် ဘက်ထရီသက်တမ်းက ၃၆ နာရီအထိ ၂ ဆတိုးသွားပါတယ်။

Apple Watch Series 8: No titanium model for mainstream smartwatch with design changes due in more expensive Apple Watch Pro model - NotebookCheck.net News

Apple Watch Ultra ဟာ ထွက်ဖူးသမျှ Apple Watch အားလုံးထဲမှာ ဘက်ထရီ အကြီးမားဆုံး ဖြစ်ပြီး 542mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Apple က Watch Ultra ဟာ Always-on Display , Automatic Workout နဲ့ နှလုံးခုန်နှုန်းကို အချိန်ပြည့် တိုင်းတာတဲ့ လုပ်ဆောင်ချက်တွေကို ဖွင့်ထားပြီး သာမာန် သုံးရင် ၃၆ နာရီ ခံတယ်လို့ ပြောပါတယ်။ Apple က Low-power Mode ကို ဒီနှစ် နှောင်းပိုင်းမှာ ထည့်သွင်းပေးမှာ ဖြစ်ပြီး Apple Watch Ultra ရဲ့ ဘက်ထရီ သက်တမ်းဟာ နာရီ ၆၀ ဖြစ်လာမှာပါ။

Ref : gsmarena