[Zawgyi]

 

ျပီးခဲ့တဲ့ရက္ပိုင္းကပဲ Vivo ကေန အသစ္ထြက္လာေတာ့မယ့္ Vivo Z5x ရဲ႕ ပံုေလးေတြ အြန္လိုင္းမွာ အေတာ္ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အခုအခါမွာေတာ့ ကုမၸဏီရဲ႕ ထုတ္လုပ္မႈမန္ေနဂ်ာ Wu Fan ကိုယ္တုိင္ ဒီစမတ္ဖုန္းအေၾကာင္းကို တရားဝင္အတည္ျပဳလုိက္ပါျပီ။

Weibo မွာ ဒီ Vivo ဖုန္းအသစ္ေလးရဲ႕ အျပင္ပံုကို တင္ထားျပီး တျခားအေရးၾကီးတဲ့ Feature တခ်ိဳ႕ကိုလည္း ေဖာ္ျပထားပါေသးတယ္။

Wu Fan ေျပာထားတဲ့အတုိင္းသာဆိုရင္ Vivo Z5x ဟာ 6.53-inch Display နဲ႔ လာမွာျဖစ္ျပီး အထူကလည္း 8mm (ပိုမ်ားႏုိင္) ရိွမယ္လို႔ ေဖာ္ျပထားပါတယ္။

အားလံုး သိထားျပီးျဖစ္တဲ့အတုိင္း ဒီ Z5x မွာ ဘက္ထရီ 5000mAh Battery သံုးထားတာျဖစ္ျပီး ဒီေလာက္ပမာဏအမ်ားၾကီးသံုးထားတဲ့အတြက္လည္း စိုးရိမ္ဖြယ္မရိွေအာင္ လုပ္ေပးထားမယ္လို႔ ထင္ပါတယ္။

Wu Fan က ဂိမ္းကို ၁၃နာရီနဲ႔ ၅၆မိနစ္ေဆာ့ထားတာျဖစ္ျပီး အားအျပည့္သြင္းျပီတည္းက သံုးတာက ၂ရက္နဲ႔ ၂နာရီရိွေနျပီျဖစ္တဲ့အျပင္ အားပါ ၁၃% က်န္ေနေသးေၾကာင္း Weibo မွာ တင္ျပီး ေဖာ္ျပထားပါတယ္။

ဒီေလာက္ Battery Life နဲ႔ဆိုရင္ Game ၾကာၾကာေဆာ့တတ္တဲ့သူေတြအတြက္ ေတာ္ေတာ္အဆင္ေျပလြန္းတဲ့ ပမာဏပါပဲ။

ဒါ့ျပင္ ပံုမွာ ေတြ႔ျမင္ရတဲ့အတုိင္းဆို Vivo Z5x မွာ ေရွ႕ဘက္ Screen မွာ ကင္မရာအတြက္ Punch-Hole Screen နဲ႔လာမွာျဖစ္ျပီး Vivo ထဲမွာ ဒီလိုပံုစံကို စသံုးတဲ့ ဖုန္းတစ္လံုးဆိုလည္း ဟုတ္ပါတယ္။

ဘာကိုမွ တရားဝင္ အတည္မျပဳထားေသးေပမယ့္ ဒီ Z5x ဖုန္းဟာ Mid-Range ဖုန္းတစ္လံုးရဲ႕ ေစ်းႏႈန္းနဲ႔ ေရာက္လာႏိုင္ပါတယ္။ ေမွ်ာ္လင့္ထားတာကေတာ့ Snapdragon 670 ဒါမွမဟုတ္ Snapdragon 675 နဲ႔ လာမယ္လို႔ ခန္႔မွန္းရျပီး Android 9 ကို Funtouch 9 OS နဲ႔ လာႏုိင္ပါတယ္။

ေစ်းႏႈန္းကေတာ့ ယူရို ၂၀၀ (ျမန္မာေငြ ၃သိန္းခြဲဝန္းက်င္) ေလာက္နဲ႔ မၾကာခင္မွာ ထြက္လာႏုိင္တယ္လို႔ ခန္႔မွန္းမိပါတယ္။

Source: GsmArena, GizChina

[Unicode]

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Vivo ကနေ အသစ်ထွက်လာတော့မယ့် Vivo Z5x ရဲ့ ပုံလေးတွေ အွန်လိုင်းမှာ အတော်ပျံ့နှံ့ခဲ့ပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုမန်နေဂျာ Wu Fan ကိုယ်တိုင် ဒီစမတ်ဖုန်းအကြောင်းကို တရားဝင်အတည်ပြုလိုက်ပါပြီ။

Weibo မှာ ဒီ Vivo ဖုန်းအသစ်လေးရဲ့ အပြင်ပုံကို တင်ထားပြီး တခြားအရေးကြီးတဲ့ Feature တချို့ကိုလည်း ဖော်ပြထားပါသေးတယ်။

Wu Fan ပြောထားတဲ့အတိုင်းသာဆိုရင် Vivo Z5x ဟာ 6.53-inch Display နဲ့ လာမှာဖြစ်ပြီး အထူကလည်း 8mm (ပိုများနိုင်) ရှိမယ်လို့ ဖော်ပြထားပါတယ်။

အားလုံး သိထားပြီးဖြစ်တဲ့အတိုင်း ဒီ Z5x မှာ ဘက်ထရီ 5000mAh Battery သုံးထားတာဖြစ်ပြီး ဒီလောက်ပမာဏအများကြီးသုံးထားတဲ့အတွက်လည်း စိုးရိမ်ဖွယ်မရှိအောင် လုပ်ပေးထားမယ်လို့ ထင်ပါတယ်။

Wu Fan က ဂိမ်းကို ၁၃နာရီနဲ့ ၅၆မိနစ်ဆော့ထားတာဖြစ်ပြီး အားအပြည့်သွင်းပြီတည်းက သုံးတာက ၂ရက်နဲ့ ၂နာရီရှိနေပြီဖြစ်တဲ့အပြင် အားပါ ၁၃% ကျန်နေသေးကြောင်း Weibo မှာ တင်ပြီး ဖော်ပြထားပါတယ်။

ဒီလောက် Battery Life နဲ့ဆိုရင် Game ကြာကြာဆော့တတ်တဲ့သူတွေအတွက် တော်တော်အဆင်ပြေလွန်းတဲ့ ပမာဏပါပဲ။

ဒါ့ပြင် ပုံမှာ တွေ့မြင်ရတဲ့အတိုင်းဆို Vivo Z5x မှာ ရှေ့ဘက် Screen မှာ ကင်မရာအတွက် Punch-Hole Screen နဲ့လာမှာဖြစ်ပြီး Vivo ထဲမှာ ဒီလိုပုံစံကို စသုံးတဲ့ ဖုန်းတစ်လုံးဆိုလည်း ဟုတ်ပါတယ်။

ဘာကိုမှ တရားဝင် အတည်မပြုထားသေးပေမယ့် ဒီ Z5x ဖုန်းဟာ Mid-Range ဖုန်းတစ်လုံးရဲ့ ဈေးနှုန်းနဲ့ ရောက်လာနိုင်ပါတယ်။ မျှော်လင့်ထားတာကတော့ Snapdragon 670 ဒါမှမဟုတ် Snapdragon 675 နဲ့ လာမယ်လို့ ခန့်မှန်းရပြီး Android 9 ကို Funtouch 9 OS နဲ့ လာနိုင်ပါတယ်။

ဈေးနှုန်းကတော့ ယူရို ၂၀၀ (မြန်မာငွေ ၃သိန်းခွဲဝန်းကျင်) လောက်နဲ့ မကြာခင်မှာ ထွက်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။

Source: GsmArena, GizChina