Beats ရဲ့ Audio ပစ္စည်းတွေဟာ လက်ရှိအချိန်အထိ ကြိုက်နှစ်သက်သူအများအပြားရှိနေဆဲဖြစ်ပါတယ်။ အခုလည်း Beats ကနေ ၂၀၂၁ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Beats Studio Buds ကို အဆင့်မြှင့်တင်ထားတဲ့ Version ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို 9to5Mac ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Earbuds အသစ်ကို Beats Studio Buds Plus လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့ဓါတ်ပုံအရ အနက်ရောင်နဲ့ ရွှေရောင်ကို တွဲဖက်ပေးထားပြီး ဒီဇိုင်းပိုင်းမှာ ယခင် Beats Studio Buds နဲ့ ဆင်တူမှာဖြစ်ပါတယ်။

အခု Beats Studio Buds Plus အသစ်ဟာ Feature ပိုင်းမှာ Apple AirPods တွေလိုမျိုး H1 Chip ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် Apple Device တွေနဲ့ အသုံးပြုနေတဲ့အချိန်မှာ Device အချင်းချင်း အလိုအလျောက်ပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။

ပြောင်းလဲမှုတွေက အဓိကအနေနဲ့ Active Noise Cancellation (ANC) ပိုင်းအပြင် Transparency Mode ပိုင်းကို အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ တခြားသော Feature ပိုင်းတွေဖြစ်တဲ့ Water Resistent Rating ၊​ Battery Life နဲ့ Wireless Charging ပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ထားဖွယ်ရှိနေပါတယ်။

Beats Studio Buds ဟာ စျေးနှုန်းအနေနဲ့ $149.99 နဲ့ ရောင်းချခဲ့တာဖြစ်တာကြောင့် အခုအသစ်ထွက်ရှိလာတဲ့ Beats Studio Buds Plus ဟာ အဆိုပါ စျေးနှုန်းထက် ပိုပြိး များလာမယ်လို့ ယူဆရပါတယ်။

Ref – The Verge