[Zawgyi]

Beats ရဲ႕ PowerBeats Wireless ေတြဟာ နားၾကပ္ေကာင္းေကာင္းႀကိဳက္သူေတြၾကားမွာေတာ့ ေရပန္းစားေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အားနည္းခ်က္လို႔ ေျပာရမယ့္အရာတစ္ခုက Wireless လို႔ဆိုေပမယ့္ နားၾကပ္ႏွစ္ဘက္ကို ခ်ိတ္ဆက္သြယ္တန္းထားတဲ့ ႀကိဳးကေတာ့ ရွိေနတာပါ။

အခုေတာ့ Beats ရဲ႕ မ်ိဳးဆက္သစ္ PowerBeats earbuds ေတြမွာ ဘာႀကိဳးမွမပါဝင္ေတာ့ဘဲ တကယ့္ကို ႀကိဳးမဲ့စစ္စစ္ Earbuds ေတြအျဖစ္ အသုံးျပဳႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ Apple ဟာ မၾကာေသးခင္ကပဲ Update လုပ္ထားတဲ့ AirPods ေတြကို ေၾကညာခဲ့ပါေသးတယ္။ ဒီ AirPods ေတြဟာ H1 wireless chip အသစ္ကို အသုံးျပဳထားသလို၊ ဘက္ထရီသက္တမ္း ပိုၿပီး ေကာင္းမြန္လာမယ့္အျပင္ Hands-free “Hey, Siri” လည္း အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ Beats earbuds အသစ္ေတြမွာလည္း အလားတူ H1 wireless chip အသစ္ကို ထည့္သြင္းအသုံးျပဳထားမယ့္အျပင္ AirPods ေတြလိုပဲ Hands-free “Hey,Siri” လုပ္ေဆာင္ခ်က္ကို အသုံးျပဳႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက Beats earbuds သစ္ေတြဟာ AirPods ထက္ ဘက္ထရီသက္တမ္း ပိုၾကာၾကာသုံးႏိုင္မယ္ဆိုတဲ့ သတင္းပါပဲ။

လက္ရွိအခ်ိန္အထိေတာ့ Beats earbuds ေတြကို မိတ္ဆက္မယ့္ရက္ပဲ သိရပါေသးတယ္။ AirPods ေတြကို $160 (၂ သိန္း ၄ ေသာင္း ၄ ေထာင္ဝန္းက်င္)(Wireless charging အတြက္ $200) နဲ႔ ေရာင္းခ်ေနတာေၾကာင့္ Beats earbuds ေတြကေတာ့ အရမ္းႀကီး ေဈးႏႈန္းျမင့္မေနဘူးလို႔ ယူဆရပါတယ္။ Beats earbuds ကို $250 ေလာက္ သတ္မွတ္ႏိုင္တယ္လို႔ CNET က ခန႔္မွန္းထားပါတယ္။ ဒါေပမယ့္ လက္ရွိ Powerbeats 3 ေတြကို $199 နဲ႔ပဲ ေရာင္းခ်ေနတာေၾကာင့္ $200 ဝန္းက်င္ (၃ သိန္း ဝန္းက်င္)ေလာက္ပဲ ျဖစ္သင့္တယ္လို႔ ဆိုရမွာပါ။
Ref: GSMArena

[Unicode]

Beats ရဲ့ ကြိုးမဲ့စစ်စစ် Earbuds တွေကို ဧပြီလမှာ မိတ်ဆက်တော့မယ်

Beats ရဲ့ PowerBeats Wireless တွေဟာ နားကြပ်ကောင်းကောင်းကြိုက်သူတွေကြားမှာတော့ ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်လို့ ပြောရမယ့်အရာတစ်ခုက Wireless လို့ဆိုပေမယ့် နားကြပ်နှစ်ဘက်ကို ချိတ်ဆက်သွယ်တန်းထားတဲ့ ကြိုးကတော့ ရှိနေတာပါ။

အခုတော့ Beats ရဲ့ မျိုးဆက်သစ် PowerBeats earbuds တွေမှာ ဘာကြိုးမှမပါဝင်တော့ဘဲ တကယ့်ကို ကြိုးမဲ့စစ်စစ် Earbuds တွေအဖြစ် အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။ Apple ဟာ မကြာသေးခင်ကပဲ Update လုပ်ထားတဲ့ AirPods တွေကို ကြေညာခဲ့ပါသေးတယ်။ ဒီ AirPods တွေဟာ H1 wireless chip အသစ်ကို အသုံးပြုထားသလို၊ ဘက်ထရီသက်တမ်း ပိုပြီး ကောင်းမွန်လာမယ့်အပြင် Hands-free “Hey, Siri” လည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဒါကြောင့် Beats earbuds အသစ်တွေမှာလည်း အလားတူ H1 wireless chip အသစ်ကို ထည့်သွင်းအသုံးပြုထားမယ့်အပြင် AirPods တွေလိုပဲ Hands-free “Hey,Siri” လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Beats earbuds သစ်တွေဟာ AirPods ထက် ဘက်ထရီသက်တမ်း ပိုကြာကြာသုံးနိုင်မယ်ဆိုတဲ့ သတင်းပါပဲ။

လက်ရှိအချိန်အထိတော့ Beats earbuds တွေကို မိတ်ဆက်မယ့်ရက်ပဲ သိရပါသေးတယ်။ AirPods တွေကို $160 (၂ သိန်း ၄ သောင်း ၄ ထောင်ဝန်းကျင်)(Wireless charging အတွက် $200) နဲ့ ရောင်းချနေတာကြောင့် Beats earbuds တွေကတော့ အရမ်းကြီး ဈေးနှုန်းမြင့်မနေဘူးလို့ ယူဆရပါတယ်။ Beats earbuds ကို $250 လောက် သတ်မှတ်နိုင်တယ်လို့ CNET က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လက်ရှိ Powerbeats 3 တွေကို $199 နဲ့ပဲ ရောင်းချနေတာကြောင့် $200 ဝန်းကျင် (၃ သိန်း ဝန်းကျင်)လောက်ပဲ ဖြစ်သင့်တယ်လို့ ဆိုရမှာပါ။
Ref: GSMArena