လက်ရှိအချိန်မှာ စမတ်ဖုန်းနဲ့ပဲ ဓါတ်ပုံရိုက်တာက အလွန်များပြားလာပြီပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း စမတ်ဖုန်းတွေရဲ့ ကင်မရာကလည်း တဖြည်းဖြည်းပိုပြီးကောင်းမွန်လာတဲ့အတွက် ဘယ်စမတ်ဖုန်းကင်မရာက အကောင်းဆုံးလည်းဆိုတာကို ရွေးချယ်ဖို့ တဖြည်းဖြည်း ခက်ခဲလာပါတယ်။

အဲ့ဒီအတွက် အကောင်းဆုံးစမတ်ဖုန်းကင်မရာကို လိုချင်သူတွေအတွက် လက်ရှိအချိန်မှာ ဝယ်ယူရရှိနိုင်တဲ့ ကင်မရာအကောင်းဆုံး Android ဖုန်း ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. Huawei P20 Pro

လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံး နောက်ကျောဘက်မှာ ကင်မရာ ၃ လုံးတပ်ဆင်ထားတဲ့ Huawei P20 Pro စမတ်ဖုန်းကတော့ အကောင်းဆုံးစမတ်ဖုန်းကင်မရာနေရာကို ရရှိနေတာပဲဖြစ်ပါတယ်။ Huawei ဟာ 40MP Camera အပြင် 20MP Telephoto Camera ကိုပါထည့်သွင်းထားပြီး Zoom ကို Hybrid Zoom အနေနဲ့ 5X အထိ ရိုက်ကူးနိုင်ဦးမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် AIS လို့ခေါ်တဲ့ AI Stabilization လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ 960fps Super Slow Motion Video လည်း ရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။

Camera Specs:
Rear Camera : 40MP + 20MP + 8MP
Selfie Camera : 24MP

2. Samsung Galaxy S9 Plus

ဒီနှစ်ရဲ့ Samsung Galaxy S Series စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေက အခုအချိန်မှာ ဒုတိယမြောက်ကင်မရာအကောင်းဆုံးဖုန်းတွေလို့ ပြောရမှာပါ။ လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံး Dual Aperture f1.5 နဲ့ f2.4 ကို ကူးပြောင်းနိုင်တဲ့ 12MP Camera တပ်ဆင်ထားတာက လက်ရှိ Low Light အကောင်းဆုံးသော ကင်မရာဖုန်းတစ်ခုဖြစ်စေခဲ့ပါတယ်။ 960fps Super Slowmotion Video တွေအပြင် AR Emoji တွေလည်း ပါဝင်လာတာပဲဖြစ်ပါတယ်။

Camera Specs:
Rear Camera : 12MP+12MP
Selfie Camera : 8MP

3. Google Pixel 2/ Pixel 2 XL

Google Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေက 12.2 Megapixels Single Camera ပဲပါဝင်တာဖြစ်ပြီးတော့ အခြားဖုန်းတွေမှာ ပါဝင်သလိုမျိုး Dual Camera စနစ်ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း Google ရဲ့ HDR+ စနစ်နဲ့ Artificial Intelligence နည်းပညာကို အသုံးပြုထားတဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးသော ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို Portrait ပုံတွေကိုပါ Single Camera နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Camera Specs:
Rear Camera: 12.2MP w/ OIS + EIS, f/1.7 aperture
Selfie Camera: 8.0MP