Email လို့ ဆိုလိုက်တာနဲ့ လူအများစုက Google Mail Service ဖြစ်တဲ့ Gmail ကိုပဲ သိကြတာဖြစ်ပါတယ်။ Gmail App ဟာလည်း အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမယ့် ကိုယ်က Gmail မဟုတ်တဲ့ တခြားသော Mail Service အသုံးပြုနေတယ်ဆိုရင် ကိုယ့်ရဲ့ Mail တွေအကုန်လုံးကို တစ်နေရာထဲမှာ အသုံးပြုနိုင်မယ့် Email App က လိုအပ်လာပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခု Article မှာတော့ Android အတွက် Gmail အစားထိုးအသုံးပြုနိုင်တဲ့ အကောင်းဆုံး Email App တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Nine

Nine ဟာ လက်ရှိမှာ လူသုံးအများဆုံး Email App တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီလိုမျိုးအောင်မြင်နေတာကလည်း အသုံးပြုသူတွေရဲ့ Privacy ကို အလေးထားပြီး အသုံးပြုသူတွေရဲ့ User Data တွေကို Server ပေါ်မှာ လုံးဝ သိမ်းဆည်းထားခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအစား အသုံးပြုသူတွေရဲ့ Email ကို သက်ဆိုင်ရာ Server တွေဆီကို တိုက်ရိုက်ချိတ်ဆက်ပေးတာဖြစ်ပါတယ်။

Nine ဟာ Gmail ကနေ စပြီး Microsoft Exchange Server အထိ Email Service တွေအများအပြားကို Support ပေးနိုင်ပြီး တခြားသော Push Notification ၊ Sync Task ၊ Calendar ၊ Conversation Mode အပြင် Feature တွေအများအပြားကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Nine App ရဲ့ အားနည်းချက်ကတော့ ၂ ပါတ်ပဲ Trial အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်သုံးစွဲချင်တယ်ဆိုရင် $14.99 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

Aqua Mail

Nine Mall လိုမျိုးပဲ Aqua Mail App ဟာလည်း Email တွေအများအမြားအသုံးပြုနေရတဲ့သူတွေအတွက် အသုံးဝင်မယ့် App တစ်ခုဖြစ်ပါတယ်။ Aqua Mail ရဲ့ အားသာချက်ကတော့ Customized ပြုလုပ်နိုင်မှုတွေ အလွန်များပြားပြီးတော့ Language ကိုလည်း အမျိုးအစား ၂၀ အထိ Support ပေးထားတာဖြစ်ပါတယ်။

Privacy အတွက်လည်း အသုံးပြုသူတွေရဲ့ Data တွေကို ကိုယ်ပိုင် Server မှာ မသိမ်းဆည်းထားဘူးလို့ သိရပါတယ်။ ကျန်တဲ့ Feature တွေဖြစ်တဲ့ Smart Folders ၊ Contact ၊ Calendar Sync ၊ Android Wear Support ၊ Email Backup ၊ Restore နဲ့ တခြားသော Feature တွေလည်း အများအပြားပါဝင်မှာဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပေမယ့် တကယ်လို့ Ads တွေအပြင် Unlimited Accountလိုမျိုး Feature တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ ဝယ်ယူဖို့ လိုအပ်မှာပါ။

Spark

Spark App ဟာ Email ကို အလုပ်အတွက်အဓိကအသုံးပြုနေရတဲ့သူတွေအတွက် အသုံးပြုသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်အတွက် အရေးကြီးတဲ့ Email ကိုပဲ အရင်ဆုံးပြသပေးနိုင်အောင် Optimized ပြုလုပ်ထားတာကြောင့် အလုပ်လုပ်တဲ့အချိန်မှာ ပိုပြီး လွယ်ကူမြန်ဆန်စေမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Notification ပိုင်းမှာလည်း ကိုယ်နဲ့ သိတဲ့သူတွေက ပေးပို့တဲ့သူတွေဆီကပဲ Notification ရရှိအောင် ထားနိုင်ပါသေးတယ်။ ကျန်တဲ့ Feature တွေကတော့ Intelligent Search ၊ Quick Replies ၊ Email Scheduling ၊ Snooze Email လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။ Spark App ကို အသုံးပြုချင်တယ်ဆိုရင်တော့ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပေမယ့် Feature တွေအကုန်လုံးကို အသုံးပြုချင်တယ်ဆိုရင်တော့ Subscription နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

Outlook

Microsoft ရဲ့ Outlook Mail App ဟာလည်း Google အစား Microsoft Service တွေကို အသုံးပြုပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် ရှိထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ Outlook App မှာဆိုရင် Microsoft Exchange ၊ Microsoft 365 ၊ Outlook.com ၊ Gmail အပြင် Yahoo Mail တွေကိုပါ Support ပေးနိုင်ပါတယ်။

Outlook App ဟာ Feature ပိုင်းအရတော့ အများကြီးပါဝင်ခြင်းမရှိပေမယ့် Microsoft ရဲ့ Product ဖြစ်တဲ့ Word ၊ Excel ၊ PowerPoint ၊ OneDrive တွေနဲ့ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

Ref – XDA Developers