အခုအချိန်ဟာ လူတိုင်းအတွက် ယခင်တုန်းကထက် ကိုယ့်လုံခြုံရေးကိုပိုပြီး ဂရုစိုက်သင့်တဲ့အချိန်လို့ ပြောလို့ရပါတယ်။ ဒီနေရာမှာ အင်တာနက်အသုံးပြုပြီး ဆက်သွယ်တော့မယ်ဆိုရင် VPN အသုံးပြုတာအပြင် အသုံးပြုတဲ့ Application ကလည်း လုံခြုံမှုရှိနေဖို့ လိုအပ်ပါတယ်။

ဒါကိုတော့ Messaging အပိုင်းအရ End-to-End Encryption လို့ ခေါ်ဆိုပြီးတော့ ပေးပို့သူနဲ့ ရယူသူကလွဲပြီး တခြားကြားဖြတ်ရယူနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း လက်ရှိအသုံးပြုသူများပြားတဲ့ Facebook Messenger ၊ Twitter ၊ Instagram လိုမျိုး App တွေက Support ပြုလုပ်ခြင်းမရှိတဲ့အတွက် တကယ်လို့ လုံခြုံရေးကို ပိုပြီးစိတ်ချစေချင်တယ်ဆိုရင် Messaging App တွေကိုပါ ပြောင်းလဲအသုံးပြုဖို့ လိုအပ်ပါတယ်။

အခု Article မှာတော့ လက်ရှိမှာ အသုံးပြုသင့်ဆုံး Messaging App ၃ မျိုးနဲ့ တခြားသော Security ပိုင်းမြင့်မားတဲ့ Messaging App တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(1) Signal

Signal ဟာ လက်ရှိအချိန်မှာ End-to-End Encryption Service ကို Default အနေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ အကောင်းဆုံး Messaging App ဖြစ်ပါတယ်။ Signal မှာ အသုံးပြုထားတဲ့ Encryption Engine ဟာ Open Source ဖြစ်သလို လက်ရှိမှာ ထိပ်တန်းအဆင့်ရှိနေပါတယ်။

Encryption အဆင့်အရ အကောင်းဆုံးဖြစ်နေသလို အသုံးပြုမှုပိုင်းမှာလည်း လူတိုင်းအလွယ်တကူအသုံးပြုနိုင်တဲ့အထိ ရိုးရှင်းသလို Feature ပိုင်းအရလည်း Group Chat ၊ File ၊ Photo Support တွေပါဝင်နေမှာဖြစ်ပါတယ်။ Signal ဟာ Facebook Messenger လိုမျိုးပဲ ဖုန်း SMS Message အတွက်ပါ အသုံးပြုနိုင်ပေမယ့် SMS Message တွေကိုတော့ Encrypt ပြုလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

(2) WhatsApp

Signal ဟာ တခြားသော Messaging App တွေနဲ့ယှဥ်ရင် အသစ်လို့တောင် ပြောနိုင်ပေမယ့် အခုပြောသွားမယ့် WhatsApp ကတော့ ယခင်ထဲက Messaging App တွေထဲမှာ အကောင်းဆုံးထဲက တစ်ခုအနေနဲ့ ရှိနေပြီးသားဖြစ်ပါတယ်။

WhatsApp ရဲ့ အောင်မြင်မှုဟာ ပုံမှန် Conversation တွေတင်မဟုတ်ဘဲ Video Call ၊ Group Chat ၊ Location Sharing ၊ File Type မျိုးစုံကိုပေးပို့နိုင်တဲ့ Feature တွေ စုံလင်တာကြောင့်ဖြစ်ပါတယ်။ Group ထဲက လူအကုန်လုံးကို သိရှိဖို့အတွက် Broadcast Mode ၊ Voice Memo လိုမျိုးလည်း ထည့်သွင်းထားတဲ့အတွက် တော်တော်လေးကို Function များပြားပါတယ်။ End-to-End Encryption ကိုလည်း Support ပြုလုပ်တဲ့အတွက် လုံခြုံရေးပိုင်းမှာလည်း အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် WhatsApp ရဲ့ အားနည်းချက်တစ်ခုကတော့ Facebook ကနေ ပိုင်ဆိုင်တာဖြစ်ပြီး ယခင်တုန်းကလည်း WhatsApp အသုံးပြုသူတွေရဲ့ Information ကို Facebook ကနေ တရားမဝင်ရယူအသုံးပြုနေတယ်ဆိုပြီး ကောလဟာလတွေထွက်ရှိခဲ့ဖူးပါသေးတယ်။ အဲ့ဒါကြောင့် မဖြစ်မနေကလွဲပြီး WhatsApp ထက် Signal ကိုပိုပြီး အသုံးပြုသင့်ပါတယ်။

(3) Telegram

လက်ရှိမြန်မာနိုင်ငံမှာ အောင်မြင်မှုအကြီးအကျယ်ရရှိလာတဲ့ Messaging App ဖြစ်တဲ့ Telegram ကို အခုဆိုရင် မသုံးတဲ့သူတောင် မရှိသလောက်ဖြစ်နေပါပြီ။ Telegram ဟာ လက်ရှိမှာ Feature ပိုင်းအရ အစုံလင်ဆုံး Messaging App တစ်ခုဖြစ်သလို File Size 2GB အထိရှိတဲ့ File တွေကို ပို့နိုင်တာ၊ Group Chat Feature ပိုင်းစုံလင်တာတွေက အားသာချက်တွေဖြစ်နေတာပါ။

User Interface ပိုင်းမှာလည်း Light Mode ၊ Dark Mode တင်မဟုတ်ဘဲ အသုံးပြုသူတစ်ယောက်ချင်းစီအလိုက် စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ GIF File တွေ Sticker တွေနဲ့ တခြားသော Video Call ၊ Voice Message လိုမျိုး Feature တွေကိုလည်း Support ပြုလုပ်ပါသေးတယ်။

ဒါပေမယ့် WhatsApp လိုမျိုးပဲ Telegram ရဲ့ အားနည်းချက်တစ်ခုရှိနေပြီး အဲ့ဒါကတော့ End-to-End Encryption ကို Default အနေနဲ့ Support မပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အနေနဲ့ End-to-End Encryption ရယူဖို့အတွက် Secret Mode အနေနဲ့ Conversation ပြောဆိုဖို့ လိုအပ်မှာပါ။

နောက်ထပ်လည်း Apple iMessage လိုမျိုး End-to-End Encryption ပါဝင်တဲ့ Messaging Service တွေရှိသလို အခုအချိန်မှာ Facebook Messenger ရဲ့ Secret Conversation Mode နဲ့ Viber တို့ကလည်း End-to-End Encryption ကို Support ပေးနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ App တွေထက် အပေါ်ကပြောထားတဲ့ Messaging App ၃ မျိုးကိုပဲ လုံခြုံရေးပိုင်းအတွက် ပိုပြီးဦးစားပေးသုံးစွဲသင့်ပါတယ်။

Ref – Tech Radar