တကယ်လို့ Android ဖုန်းတွေအသုံးပြုနေပြီး ကိုယ့်ဘေးနားမှာ ဖွင့်ထားတဲ့သီချင်းတွေကို နာမည်နဲ့ အဆိုတော်ကို သိချင်တယ်ဆိုရင် တခြားသူတွေကို လျှောက်မေးနေစရာမလိုအပ်ပါဘူး။ အဲ့ဒီအစား ကိုယ့်ဖုန်းက Music Recognition App တွေကို အသုံးပြုပြီး သိချင်တဲ့သီချင်းကို အလိုအလျောက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။

အခု Article မှာတော့ Android ဖုန်းတွေမှာ အသုံးပြုလို့အကောင်းဆုံး Music Recognition App တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(1) Beatfind Music Recognition

အခုနောက်ပိုင်းမှာ လူသုံးများလာတဲ့ Music Recognition App တစ်ခုဖြစ်တဲ့ Beatfind Music Recognition ဟာ Android ဖုန်းတွေမှာ အခမဲ့အသုံးပြုနိုင်ပြီး အကောင်းဆုံး App တစ်ခုလည်းဖြစ်ပါတယ်။ ACRCloud ကို အခြေခံထားတာဖြစ်ပြီး သီချင်းတွေကို သိရှိပြီးပြီဆိုရင် Spotify ၊ Deezer Music App တွေအပြင် YouTube Video Link ကိုပါ ရှာဖွေပေးနိုင်ပါသေးတယ်။ နောက်ထပ် Visual ပိုင်းမှာလည်း Visualizer တွေပါဝင်တာကြောင့် UI Design အရလည်း တော်တော်လေးကို လှပတယ်လို့ ပြောနိုင်ပါတယ်။

(2) Chord AI

Chord AI ကတော့ ပုံမှန်သီချင်းတွေကို ရှာဖွေချင်တဲ့သူတွေထက် ဂစ်တာတီးခတ်သူတွေအတွက် ပိုပြီးအသုံးဝင်စေမှာဖြစ်ပါတယ်။ ဂစ်တာတင်မဟုတ်ဘဲ တခြားသာ တူရိယာသံတွေကို နားထောင်ပေးနိုင်ပြီး ဘယ် Chord နဲ့ တီးခတ်ထားတာလဲဆိုတာကို ဖော်ပြ‌‌ေပးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ တူရိယာတစ်ခုခုကို တီးခတ်ဖို့သင်ယူနေတုန်းဆိုရင် အသုံးဝင်မယ့် App တစ်ခုဖြစ်ပါတယ်။

(3) Google Assistant and Search

သီချင်းကို ရှာဖွေဖို့အတွက် သီးသန့် App တွေကို အသုံးပြုနိုင်သလို Android ဖုန်းတွေမှာ ပါဝင်ပြီးဖြစ်တဲ့ Google Assistant and Search ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သီချင်းစာသားကို သိတယ်ဆိုရင် Google Search မှာ ရိုက်ရှာလိုက်နဲ့ ရှာဖွေပေးနိုင်သလို Google Assistant ကိုလည်း တခြားသော Music Recognition App တွေအတိုင်းပဲ သီချင်းကို နားထောင်ခိုင်းပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။

(4) Musixmatch

Android အတွက် အအောင်မြင်ဆုံး Music Recognition App တစ်ခုဖြစ်တဲ့ Musixmatch ကလည်း Android ဖုန်းတွေမှာ သုံးစွဲသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ သီချင်းတွေကို ရှာဖွေပေးနိုင်သလို Music Streaming App တွေမှာလည်း သီချင်းစာသားတွေကို ဖော်ပြပေးနိုင်ဦးမှာပါ။ ဒါတင်မဟုတ်သေးဘဲ ဖုန်းထဲမှာ သီချင်းတွေထည့်ထားတယ်ဆိုရင်လည်း Local Music Player App တစ်ခုအနေနဲ့ အလုပ်လုပ်ဦးမှာဖြစ်ပါတယ်။

(5) QuickLyrics

QuickLyrics App ကတော့ သီချင်းတွေကို နားထောင်လိုက်ရုံနဲ့ ရှာဖွေနိုင်မှာ မဟုတ်ပေမယ့် သီချင်းကို သိရှိပြီး စာသားကို ရှာဖွေချင်တဲ့သူတွေအတွက် အကောင်းဆုံး App တစ်ခုဖြစ်မှာပါ။ အသုံးပြုဖို့အတွက်ကလည်း အလွန်လွယ်ကူပြီး သီချင်းကို ဖွင့် Refresh Button ကို နှိပ်လိုက်တာနဲ့ သီချင်းစာသားကို ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။

Ref – Android Authority