Dead by Daylight Mobile

Dead by Daylight ဂိမ်းဟာ ပီစီကွန်ပြူတာမှာတော့ လူသိများပြီးသား PvP (Player Vs Player) ဂိမ်းတစ်ခုပါ။ အခြားကွန်ပြူတာဂိမ်းတွေလိုပဲ သူလည်း အခမဲ့မိုဘိုင်းဗားရှင်းထွက်လာပါပြီ။ ကစားသူတွေဟာ မွန်းစတားသတ္တဝါကြီးအဖြစ် တစ်ယောက်တည်း သို့မဟုတ် သူ့ကိုပြန်တိုက်ခိုက်ရမယ့် လူလေးယောက်အသင်းအဖြစ် တစ်ဖက်ဖက်ကနေ ဆော့ကစားနိုင်ပါတယ်။ ဒီစတိုင်ဟာ Horror ဂိမ်းတွေထဲမှာ ကွဲပြားတဲ့စတိုင်တစ်ခုဖြစ်ခဲ့ပြီး မိုဘိုင်းပေါ်မှာတော့ ဒီလိုပုံစံမျိုးတွေ အခုနှစ်ပိုင်းမှာ တွေ့ဖူးကြမှာပါ။ မိုဘိုင်းဗားရှင်းမှာ မူရင်းဂိမ်းရဲ့စတိုင်ကို ဆက်ယူဆောင်လာပေမယ့် မိုဘိုင်းနဲ့လိုက်ဖက်အောင်လည်း ပြင်ဆင်ထားပါတယ်။

Idle Mafia

Idle ဂိမ်းအမျိုးအစားဟာ ဂိမ်းလည်းဆော့ချင်တယ်၊ အချိန်လည်း သိပ်မပေးနိုင်ဘူး ဆိုတဲ့သူတွေအတွက် သူတို့ ဂိမ်းကို ဝင်မဆော့နေတဲ့အချိန်မှာလည်း သူ့ဘာသာပိုက်ဆံရှာနေတဲ့ ဂိမ်းမျိုးတွေပါ။ Idle Mafia ကတော့ မာဖီးယား Theme နဲ့ Idle မိုဘိုင်းဂိမ်းဖြစ်ပါတယ်။ ဂရပ်ဖစ်စတိုင်က စိတ်ဝင်စားစရာ ချစ်စရာကောင်းတဲ့ပုံမျိုးဖြစ်ပြီး Idle ဂိမ်းအများစုလို စာသားတွေချည်းမဟုတ်ဘဲ အဆောက်အဦတွေဆောက်ရတဲ့ Simulation ဂိမ်းတွေလို ပုံစံကိုပေါင်းစပ်ထားပါတယ်။

Volume Styles

Volume Styles ကတော့ Android ဖုန်းတွေရဲ့ Volume (အသံတိုးလျော့) Panel ကို စိတ်ကြိုက် Customize လုပ်နိုင်စေတဲ့ App တစ်ခုပါ။ သူက Stock ဗားရှင်း Android OS, iOS, MIUI, Oxygen OS နဲ့ Android Oreo က အလျားလိုက်စတိုင် Volume Slider စတဲ့ OS အစုံကို လိုက်လျောညီထွေပြောင်းလဲပေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ စတိုင်ကို ပြောင်းထားနိုင်သလို Dark Mode လည်းပါဝင်ပြီး Screen ပေါ်က ကြိုက်တဲ့နေရာမှာပေါ်အောင် ရွှေ့ထားနိုင်တယ်။ အခမဲ့ ဖြစ်ပြီး In-app Purchase လည်းပါပါတယ်။

Aura Kingdom 2

Aura Kingdom 2 ကလည်း ကွန်ပြူတာပလက်ဖောင်းပေါ်မှာ လူသိပြီးသား MMORPG ရဲ့ မိုဘိုင်းဗားရှင်းပါပဲ။ ဒီဘက်နှစ်တွေထဲမှာတော့ အခြားဂိမ်းပလက်ဖောင်းတွေက လူကြိုက်များပြီးသားဂိမ်းတွေ မိုဘိုင်းပေါ်ကူးလာတာကို ဆက်တိုက်မြင်ရဦးမှာပါ။ MMORPG တွေရဲ့ထုံးစံအတိုင်း ကာရိုက်တာကို အလှဆင်နိုင်သလို ကြီးမားတဲ့ Open World စတိုင်မြေပုံပေါ်မှာ ကစားဖို့ Class လေးမျိုးရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကာရိုက်တာအတွက် Item အကြိမ်ကြိမ်ရှာ (Grind) ရတာ ပျင်းသူတွေအတွက် Auto-mode လည်းပါဝင်ပါတယ်။ အခမဲ့ဆော့ကစားနိုင်တဲ့ ဒီဂိမ်းမှာ ထုံးစံအတိုင်း In-app Purchase တော့ ရှိမှာပါ။

Ref – AndroidAuthority