Mass For the Dead

အခမဲ့ကစားနိုင်တဲ့ Mass For the Dead ကတော့ Anime ပရိသတ်တွေနဲ့မစိမ်းတဲ့ Crunchyroll ကနေပဲ ထုတ်လုပ်ပြီး Overlord Anime ရဲ့ Universe ထဲက ဂိမ်းဖြစ်ပါတယ်။ ကစားသူဟာ Anime စီးရီးထဲကအတိုင်းပဲ MMORPG ဂိမ်းထဲမှာ ပိတ်မိနေတဲ့ Overlord အဖြစ် ကစားရမှာပါ။ ကစားရတဲ့ပုံကတော့ ပုံမှန် မိုဘိုင်း RPG ဂိမ်းတစ်ခုပါပဲ။ Overlord နဲ့ မိုဘိုင်း RPG ပရိသတ်တွေ ဆော့ကြည့်သင့်တဲ့ ဂိမ်းအသစ်တစ်ခုပါ။

Levelhead

Crashlands ဖန်တီးသူတွေက ထုတ်လုပ်ထားတဲ့ Levelhead ဟာ အခမဲ့တော့မဟုတ်ပါဘူး။ ဒေါ်လာ ၆.၉၉ တန် ဂိမ်းလေးဟာ Platformer အမျိုးအစားဖြစ်ပြီး ဂိမ်း Level တွေကို ကိုယ်တိုင်ဖန်တီးကာ သူများကိုပေးဆော့နိုင်သလို သူများတွေဖန်တီးထားတဲ့ အခန်းတွေကိုလည်း ဝင်ဆော့ကြည့်လို့ရတဲ့ Mario Maker စတိုင် မိုဘိုင်းဂိမ်းလေးပါ။ Google Play Pass အသုံးပြုရင်တော့ အခမဲ့ကစားနိုင်ပြီး ရှင်းလင်းတဲ့ ထိန်းချုပ်မှုနဲ့ ကောင်းမွန်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

TVUsage

TVUsage ကတော့ သူ့နာမည်အတိုင်းပဲ Android TV သုံးစွဲသူတွေအတွက် Wellbeing App တစ်ခုဖြစ်ပါတယ်။ Android TV ထဲမှာ ထည့်ထားရင် ကိုယ့်ရဲ့တီဗီကြည့်ချိန်ကို Track လုပ်ပေးပြီး အချက်အလက်တွေ နှိုင်းယှဉ်ပြသပေးမှာပါ။ အခမဲ့ရရှိနိုင်ပြီး တစ်နေကုန်တီဗီရှေ့က မခွာသူတွေအတွက် အသုံးဝင်နိုင်ပါတယ်။ ကလေးတွေကိုလည်း Android TV App ထဲက မသုံးစေချင်တာရှိရင် ပိတ်ထားပေးနိုင်ပါတယ်။ ဒါပေမယ့် အမှတ်တံဆိပ်တော့ နည်းနည်းရွေးပါလိမ့်မယ်။

Legends of Runeterra

League of Legends Universe ထဲက ကတ်ဂိမ်းဖြစ်တဲ့ Legends of Runeterra ကို အခုအပတ်မှာ တရားဝင်ထုတ်ပေးလိုက်ပါပြီ။ Hearthstone, Magic The Gathering တို့လို ကတ်ဂိမ်းတွေကြိုက်ရင်တော့ လက်မလွှတ်သင့်ပါဘူး။ LOL ဟာ မိုဘိုင်းပလက်ဖောင်းပေါ်ကို အင်တိုက်အားတိုက်ဝင်လာတာဖြစ်ပြီး အရည်အသွေးပိုင်းက စိတ်ချရပါတယ်။ အခမဲ့ရရှိနိုင်ပေမယ့် ထုံးစံအတိုင်း In-app Purchase တွေတော့ ပါဦးမှာပါ။

Ref – AndroidAuthority