Microsoft Family Safety

Microsoft Family Safety ဟာ သူ့နာမည်အတိုင်းပဲ ဒစ်ဂျစ်တယ် Wellbeing App တစ်ခုဖြစ်ပြီး Parental Control Feature တွေ ပါဝင်ပါတယ်။ မိသားစုဝင်တွေရဲ့ မိုဘိုင်းဟန်းဆက်တွေ၊ Xbox နဲ့ Windows ကွန်ပြူတာတွေကို စောင့်ကြည့်နေနိုင်သလို အချို့ App တွေကို အသုံးပြုတဲ့ အချိန်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဥပမာ သင့်ရင်သွေးရဲ့ Minecraft ကစားချိန်ကို ဘယ်နှနာရီဆိုပြီး သတ်မှတ်ပေးလိုက်ရင် လစ်မစ်ကိုရောက်လာနဲ့ အသိပေးလာမှာပါ။ ဒါ့အပြင် အသက်အရွယ်ကိုလိုက်ပြီး မသင့်တော်တဲ့ Content တွေကို Filter လုပ်တာနဲ့ Location Feature စတာတွေလည်း ပါဝင်ပါသေးတယ်။ အခမဲ့ရရှိနိုင်ပြီး အခုချိန်မှာ Beta ဗားရှင်းပဲရှိသေးတာကြောင့် Bug တချို့တော့ ရှိနိုင်ပါတယ်။

Word Show

Word Show ကလည်း သူ့နာမည်အတိုင်း Trivia စတိုင် Word Game တစ်ခုပါပဲ။ ကစားသူတွေဟာ စာလုံး Set တစ်ခုကို ရရှိမှာဖြစ်ပြီး မတူညီတဲ့ စကားလုံးများဖြစ်အောင် တွဲစပ်ရမှာပါ။ သူ့ရဲ့ကွဲပြားချက်တစ်ခုကတော့ ကစားသူတွေ အကြပ်တွေ့အောင် Time Limit ထည့်ထားတာမရှိဘဲ အေးအေးဆေးဆေး ကစားနိုင်ပါတယ်။ ဒါ့အပြင် Level 250 ကျော်ထိ ရှိပြီး ကစားသူတွေဟာ ပေးထားတဲ့ စာလုံးတွေကို Puzzle ပဟေဠိဆန်ဆန် ပေးထားတဲ့ အကြိမ်ရေရောက်တဲ့ထိ အသုံးပြုပေးရမှာဖြစ်ပါတယ်။ အခမဲ့ရရှိနိုင်ပြီး ဂိမ်းထဲမှာ Ads ပါဝင်ပေမယ့် အချိန်ဖြုန်းလို့ကောင်းတဲ့ ဉာဏ်စမ်းဂိမ်းတစ်ခုပါပဲ။

Griddie Islands

Idle ဂိမ်းပရိသတ်တွေကိုမှ Indie ဆန်ဆန် ကွဲပြားတဲ့ ဒီဇိုင်းနဲ့ ဆော့ကစားချင်သူတွေအတွက် Griddie Islands ဟာ ရွေးချယ်သင့်တဲ့ အခမဲ့ဂိမ်းအသစ်ဖြစ်ပါတယ်။ Idle ဂိမ်းပေမယ့် ကွဲပြားတဲ့ ဂရပ်ဖစ်နဲ့ Concept ပါဝင်ပြီး ကျွန်းလေးပေါ်မှာ Tetris ဆန်ဆန် Griddies လေးတွေကို နေရာချပေးထားရမှာပါ။ အဲ့ဒါကနေ ပိုက်ဆံပြန်ရပြီး နောက်ထပ် Griddies တွေကို ထပ်ဝယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဖြစ်ပါတယ်။ အစပိုင်းမှာ အနည်းငယ်နှေးကွေးပေမယ့် နောက်ပိုင်း ဝင်ငွေများလာရင် ပိုပြီး စိတ်ဝင်စားစရာကောင်းလာမှာပါ။ လေးနက်တဲ့ Gameplay နဲ့ နောက်ခံဇာတ်ကြောင်းတွေမလိုဘဲ အပန်းပြေကစားချင်ရင် Idle ဂိမ်းတွေက အကောင်းဆုံးပါပဲ။

Citra Emulator

ဒီတစ်ခုကတော့ ဂိမ်းမဟုတ်ဘဲ Nintendo 3DS အတွက် Mobile Emulator ပါ။ ဒီလို 3DS Emu တွေကို များများစားစား မြင်ရလေ့မရှိဘဲ Citra ဟာ အတော်လေးကောင်းမွန်တဲ့ 3DS Emu တစ်ခုလည်း ဖြစ်ပါတယ်။ 3DS ဂိမ်းပေါင်း ရာနဲ့ချီပြီး ထောက်ပံ့ပေးသလို 3DS Camera, Motion နဲ့ Mic ဆောင်ရွက်မှုတွေကိုပါ Support ပေးတာကြောင့် စမတ်ဖုန်းမှာ ဆော့ကစားဖို့ ပြည့်စုံတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် External Game Pads တွေနဲ့လည်း ကစားနိုင်ပြီး ဂိမ်းတွေရဲ့ ဂရပ်ဖစ်ကို ပိုကြည့်ကောင်းအောင် ဖြည့်ပေးတဲ့ Graphic Feature လည်း ပါဝင်ပါတယ်။ လောလောဆယ် Beta အဆင့်ပဲ ရှိသေးပြီး အခမဲ့လည်း ရယူနိုင်သလို $4.99 နဲ့လည်း Premium အဖြစ် ဝယ်ယူနိုင်မှာပါ။

Ref – AndroidAuthority