[Zawgyi]

ဒီႏွစ္ထဲမွာ PUBG Mobile, Alto’s Odyssey တုိ႔လို ဂိမ္းေတြ ေခတ္စားလာၿပီး Blizzard လို ဂိမ္းကုမၸဏီႀကီးကအစ ဆူလြယ္နပ္လြယ္ မုိဘုိင္းဂိမ္းေစ်းကြက္ကုိ မ်က္ေစာင္းထုိးလာၾကပါၿပီ။ ၂၀၁၉ ထဲမွာ ျမင္ေတြ႕ရဖြယ္ရွိတဲ့ ဂိမ္းေတြထဲက ေတာ္ေတာ္ေလး ေကာင္းမယ္လို႔ ယူဆရတဲ့ ဂိမ္းအခ်ဳိ႕ကို ေဖာ္ျပေပးပါရေစ။

၁. Stardew Valley

Steam ကစားသမား အမ်ားစုကေတာ့ ဒီဂိမ္းကို သိၾကမွာပါ။ Stardew Valley ဟာ တခ်ိန္က လူႀကိဳက္မ်ားခဲ့တဲ့ Harvest Moon စတုိင္ အင္ဒီဂိမ္းတစ္ခုျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ထဲက ကြန္ျပဴတာပလက္ေဖာင္းမွာ ကစားလို႔ ရေနတာပါ။ အခုေတာ့ မုိဘုိင္းေပၚကို ထုိးေဖာက္လာမွာ ျဖစ္ၿပီး သူ႕ရဲ႕ နင္တန္းဒုိးဆန္ဆန္ 2D ဂရပ္ဖစ္နဲ႔ အျခား မုိဘုိင္း Simulation ေတြနဲ႔ ကြဲထြက္ေနမယ့္ ပုံစံက ေအာင္ျမင္မႈကို ရရွိေစဦးမလား ဆုိတာ ေစာင့္ၾကည့္ရမွာပါ။ ဒီဂိမ္းကို လက္ရွိ iOS မွာ ရွစ္ေဒၚလာနဲ႔ ရရွိေနၿပီျဖစ္ၿပီး In-app Purchase ထပ္မပါဘဲ အျပည့္အဝ ေဆာ့ႏုိင္ပါတယ္။ Android ကို ေရာက္လာမယ့္ ရက္စြဲကိုေတာ့ အတိအက် မေၾကညာေသးပါဘူး။

၂. The Elder Scrolls: Blades

လက္ရွိမွာ Pre-register ျပဳလုပ္ႏုိင္ၿပီျဖစ္တဲ့ Bethesda ဂိမ္းကုမၸဏီရဲ႕ နာမည္ႀကီး Elder Scrolls မိသားစုဝင္ ဂိမ္းအသစ္ပါ။ First-person အျမင္နဲ႔ ကစားရမယ့္ RPG ဂိမ္းျဖစ္ပါတယ္။ သင့္ရဲ႕ ျမိဳ႕ကို ဖန္တီးတည္ေဆာက္ရမယ္၊ သူငယ္ခ်င္းေတြနဲ႔ ျပိဳင္ဆုိင္ရမယ္၊ အျခားကစားသမားေတြနဲ႔ မာလ္တီပေလယာ တုိက္ခုိက္ႏုိင္မယ္ လို႔ဆုိပါတယ္။ Bethesda ကေတာ့ Trailer တစ္ခုကို ထုတ္လႊင့္ေပးခဲ့ၿပီး ၾကည့္ရတာ ဂရပ္ဖစ္ ပုိင္းမွာ ကြန္ဆုိးဂိမ္း ကြာလတီမီေအာင္ ထုတ္လုပ္ထားတယ္လို႔ ဆုိႏုိင္မွာပါ။ အစက ၂၀၁၈ ေဆာင္းရာသီမွာ ထြက္ဖို႔ ၾကံေပမယ့္ အခုေတာ့ ၂၀၁၉ အေစာပုိင္းကို ထြက္ရွိရက္ ေရႊ႕ဆုိင္းထားပါတယ္။ Free-to-Play လို႔ ေၾကညာထားတဲ့အတြက္ In-app Purchase ေတြကေန ေငြရွာမယ္ဆုိတာ သံသယရွိဖို႔ မလုိပါဘူး။

၃. Hamsterdam

ဒီဂိမ္းထဲမွာေတာ့ ကစားသူဟာ Pimm လို႔ေခၚတဲ့ ဟန္းစတား ဟီးရုိးေလးအျဖစ္ ကစားရမွာပါ။ မာလို လို႔ေခၚတဲ့ သတၱဝါဆုိးၾကီးနဲ႔ သူ႕အဖြဲ႕ဟာ ျငိမ္းခ်မ္းတဲ့ Hamsterdam ၿမိဳ႕ႀကီးကို အႏၱရာယ္ရွိတဲ့ ဒုစရုိက္ၿမဳိ႕ေတာ္ အျဖစ္ ေျပာင္းလဲမွာကို တားဆီးရမွာ ျဖစ္ပါတယ္။ Gameplay အစမ္းျပထားတဲ့ Trailer ထဲမွာ ၾကည့္ရတာေတာ့ Gameplay စတုိင္က တစ္မ်ဳိးတည္း မဟုတ္ဘဲ အမ်ားႀကီးစုေပါင္းထားတဲ့ ပုံစံပါပဲ။ Hamster-Fu ကုိယ္ခံပညာရွင္ Pimm ေလးက သူ႕အဖုိးကိုပါ ကယ္တင္ရမွာပါ။ Pimm ကုိလည္း အဝတ္အစားေတြ အမ်ဳိးမ်ဳိး ေျပာင္းလဲေပးႏုိင္တာ ျမင္ရပါတယ္။ Hamsterdam ဂိမ္းကို ဖန္တီးသူက Crowdfunding ကမ္ပိန္းတစ္ခုအျဖစ္ စတင္ခဲ့ၿပီး ေဒၚလာ သုံးေသာင္းေက်ာ္ ရရွိခဲ့တဲ့အတြက္ ၂၀၁၉ ခုႏွစ္ မတ္လေလာက္မွာ ထြက္လာေတာ့မွာပါ။ စမ္းသပ္ Demo ဗားရွင္းကိုေတာ့ အစမ္းေဆာ့ႏုိင္ပါၿပီ။

၄. Bad North

Bad North ကေတာ့ RTS Strategy အမ်ဳိးအစား ဂိမ္းတစ္ခုျဖစ္ၿပီး လွပတဲ့ Minimalist စတုိင္ ဂရပ္ဖစ္ကို ပိုင္ဆုိင္တယ္။ သင္ဟာ ဗုိက္ကင္း ပင္လယ္ဓါးျပေတြ က်ဴးေက်ာ္လာတာကို ခုခံေပးရမယ့္ မင္းသားတစ္ဦးအျဖစ္ ကစားရမွာ ျဖစ္ၿပီး ကၽြန္းငယ္ေတြ တစ္ခုၿပီးတစ္ခု ကူးသန္းကာ ခံစစ္ကို ဖန္တီးရမွာပါ။ စစ္တပ္တစ္ခုကို ပုိင္ဆုိင္ၿပီး ကၽြန္းရဲ႕ တည္ေနရာပထဝီပုံစံကို အားသာခ်က္ ရယူကာ ေလွေတြနဲ႔ ေရာက္လာတဲ့ ဗုိက္ကင္းေတြကို တြန္းလွန္ရမွာ ျဖစ္ပါတယ္။ ဒီဂိမ္းဟာ ဆယ္ေက်ာ္သက္အရြယ္မွ စကစားႏုိင္မယ့္ Teen Rating သတ္မွတ္ထားၿပီး Xbox One, PS4 တုိ႔မွာ ရရွိေနပါၿပီ။ Android ကိုေတာ့ ၂၀၁၉ မွာ ေရာက္လာမွာျဖစ္ေပမယ့္ အခ်ိန္အတိအက် မသိရေသးပါဘူး။

၅. H1Z1

H1Z1 ကေတာ့ PUBG နဲ႔ Fortnite တုိ႔လို Battle Royale ဂိမ္းတစ္ခုပါပဲ။ အဲဒီဂိမ္းေတြေလာက္ေတာ့ ေခတ္မစားေပမယ့္ သူလဲ သူ႕ပရိသတ္နဲ႔သူပါ။ ကစားသူ စုစုေပါင္း ၁၅၀ ထိကို ေနရာတစ္ခုစီ ေလယာဥ္နဲ႔ ေခၚေဆာင္ထားခဲ့ၿပီး ေနာက္ဆုံး တစ္ဖြဲ႕ထဲ က်န္သည္ထိ တုိက္ခုိက္ရမွာပါ။ အျခားကစားသမား ေလးေယာက္ထိ ပါတီဖြဲ႕ၿပီး ကစားႏုိင္ပါတယ္။ H1Z1 ဟာ PS4 နဲ႔ ကြန္ျပဴတာ ပလက္ေဖာင္းေတြမွာ အခမဲ့ကစားႏုိင္တဲ့ ဂိမ္းတစ္ခု ျဖစ္ၿပီး မုိဘုိင္းဗားရွင္းကိုလည္း ထုတ္လုပ္ေနၿပီျဖစ္ေၾကာင္း ေၾကညာထားေပမယ့္ ထြက္ရွိရက္ကိုေတာ့ မသိရေသးပါဘူး။

[Unicode]

ဒီနှစ်ထဲမှာ PUBG Mobile, Alto’s Odyssey တို့လို ဂိမ်းတွေ ခေတ်စားလာပြီး Blizzard လို ဂိမ်းကုမ္ပဏီကြီးကအစ ဆူလွယ်နပ်လွယ် မိုဘိုင်းဂိမ်းဈေးကွက်ကို မျက်စောင်းထိုးလာကြပါပြီ။ ၂၀၁၉ ထဲမှာ မြင်တွေ့ရဖွယ်ရှိတဲ့ ဂိမ်းတွေထဲက တော်တော်လေး ကောင်းမယ်လို့ ယူဆရတဲ့ ဂိမ်းအချို့ကို ဖော်ပြပေးပါရစေ။

၁. Stardew Valley

Steam ကစားသမား အများစုကတော့ ဒီဂိမ်းကို သိကြမှာပါ။ Stardew Valley ဟာ တချိန်က လူကြိုက်များခဲ့တဲ့ Harvest Moon စတိုင် အင်ဒီဂိမ်းတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်ထဲက ကွန်ပြူတာပလက်ဖောင်းမှာ ကစားလို့ ရနေတာပါ။ အခုတော့ မိုဘိုင်းပေါ်ကို ထိုးဖောက်လာမှာ ဖြစ်ပြီး သူ့ရဲ့ နင်တန်းဒိုးဆန်ဆန် 2D ဂရပ်ဖစ်နဲ့ အခြား မိုဘိုင်း Simulation တွေနဲ့ ကွဲထွက်နေမယ့် ပုံစံက အောင်မြင်မှုကို ရရှိစေဦးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီဂိမ်းကို လက်ရှိ iOS မှာ ရှစ်ဒေါ်လာနဲ့ ရရှိနေပြီဖြစ်ပြီး In-app Purchase ထပ်မပါဘဲ အပြည့်အဝ ဆော့နိုင်ပါတယ်။ Android ကို ရောက်လာမယ့် ရက်စွဲကိုတော့ အတိအကျ မကြေညာသေးပါဘူး။

၂. The Elder Scrolls: Blades

လက်ရှိမှာ Pre-register ပြုလုပ်နိုင်ပြီဖြစ်တဲ့ Bethesda ဂိမ်းကုမ္ပဏီရဲ့ နာမည်ကြီး Elder Scrolls မိသားစုဝင် ဂိမ်းအသစ်ပါ။ First-person အမြင်နဲ့ ကစားရမယ့် RPG ဂိမ်းဖြစ်ပါတယ်။ သင့်ရဲ့ မြို့ကို ဖန်တီးတည်ဆောက်ရမယ်၊ သူငယ်ချင်းတွေနဲ့ ပြိုင်ဆိုင်ရမယ်၊ အခြားကစားသမားတွေနဲ့ မာလ်တီပလေယာ တိုက်ခိုက်နိုင်မယ် လို့ဆိုပါတယ်။ Bethesda ကတော့ Trailer တစ်ခုကို ထုတ်လွှင့်ပေးခဲ့ပြီး ကြည့်ရတာ ဂရပ်ဖစ် ပိုင်းမှာ ကွန်ဆိုးဂိမ်း ကွာလတီမီအောင် ထုတ်လုပ်ထားတယ်လို့ ဆိုနိုင်မှာပါ။ အစက ၂၀၁၈ ဆောင်းရာသီမှာ ထွက်ဖို့ ကြံပေမယ့် အခုတော့ ၂၀၁၉ အစောပိုင်းကို ထွက်ရှိရက် ရွှေ့ဆိုင်းထားပါတယ်။ Free-to-Play လို့ ကြေညာထားတဲ့အတွက် In-app Purchase တွေကနေ ငွေရှာမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။

၃. Hamsterdam

ဒီဂိမ်းထဲမှာတော့ ကစားသူဟာ Pimm လို့ခေါ်တဲ့ ဟန်းစတား ဟီးရိုးလေးအဖြစ် ကစားရမှာပါ။ မာလို လို့ခေါ်တဲ့ သတ္တဝါဆိုးကြီးနဲ့ သူ့အဖွဲ့ဟာ ငြိမ်းချမ်းတဲ့ Hamsterdam မြို့ကြီးကို အန္တရာယ်ရှိတဲ့ ဒုစရိုက်မြို့တော် အဖြစ် ပြောင်းလဲမှာကို တားဆီးရမှာ ဖြစ်ပါတယ်။ Gameplay အစမ်းပြထားတဲ့ Trailer ထဲမှာ ကြည့်ရတာတော့ Gameplay စတိုင်က တစ်မျိုးတည်း မဟုတ်ဘဲ အများကြီးစုပေါင်းထားတဲ့ ပုံစံပါပဲ။ Hamster-Fu ကိုယ်ခံပညာရှင် Pimm လေးက သူ့အဖိုးကိုပါ ကယ်တင်ရမှာပါ။ Pimm ကိုလည်း အဝတ်အစားတွေ အမျိုးမျိုး ပြောင်းလဲပေးနိုင်တာ မြင်ရပါတယ်။ Hamsterdam ဂိမ်းကို ဖန်တီးသူက Crowdfunding ကမ်ပိန်းတစ်ခုအဖြစ် စတင်ခဲ့ပြီး ဒေါ်လာ သုံးသောင်းကျော် ရရှိခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ် မတ်လလောက်မှာ ထွက်လာတော့မှာပါ။ စမ်းသပ် Demo ဗားရှင်းကိုတော့ အစမ်းဆော့နိုင်ပါပြီ။

၄. Bad North

Bad North ကတော့ RTS Strategy အမျိုးအစား ဂိမ်းတစ်ခုဖြစ်ပြီး လှပတဲ့ Minimalist စတိုင် ဂရပ်ဖစ်ကို ပိုင်ဆိုင်တယ်။ သင်ဟာ ဗိုက်ကင်း ပင်လယ်ဓါးပြတွေ ကျူးကျော်လာတာကို ခုခံပေးရမယ့် မင်းသားတစ်ဦးအဖြစ် ကစားရမှာ ဖြစ်ပြီး ကျွန်းငယ်တွေ တစ်ခုပြီးတစ်ခု ကူးသန်းကာ ခံစစ်ကို ဖန်တီးရမှာပါ။ စစ်တပ်တစ်ခုကို ပိုင်ဆိုင်ပြီး ကျွန်းရဲ့ တည်နေရာပထဝီပုံစံကို အားသာချက် ရယူကာ လှေတွေနဲ့ ရောက်လာတဲ့ ဗိုက်ကင်းတွေကို တွန်းလှန်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဆယ်ကျော်သက်အရွယ်မှ စကစားနိုင်မယ့် Teen Rating သတ်မှတ်ထားပြီး Xbox One, PS4 တို့မှာ ရရှိနေပါပြီ။ Android ကိုတော့ ၂၀၁၉ မှာ ရောက်လာမှာဖြစ်ပေမယ့် အချိန်အတိအကျ မသိရသေးပါဘူး။

၅. H1Z1

H1Z1 ကတော့ PUBG နဲ့ Fortnite တို့လို Battle Royale ဂိမ်းတစ်ခုပါပဲ။ အဲဒီဂိမ်းတွေလောက်တော့ ခေတ်မစားပေမယ့် သူလဲ သူ့ပရိသတ်နဲ့သူပါ။ ကစားသူ စုစုပေါင်း ၁၅၀ ထိကို နေရာတစ်ခုစီ လေယာဉ်နဲ့ ခေါ်ဆောင်ထားခဲ့ပြီး နောက်ဆုံး တစ်ဖွဲ့ထဲ ကျန်သည်ထိ တိုက်ခိုက်ရမှာပါ။ အခြားကစားသမား လေးယောက်ထိ ပါတီဖွဲ့ပြီး ကစားနိုင်ပါတယ်။ H1Z1 ဟာ PS4 နဲ့ ကွန်ပြူတာ ပလက်ဖောင်းတွေမှာ အခမဲ့ကစားနိုင်တဲ့ ဂိမ်းတစ်ခု ဖြစ်ပြီး မိုဘိုင်းဗားရှင်းကိုလည်း ထုတ်လုပ်နေပြီဖြစ်ကြောင်း ကြေညာထားပေမယ့် ထွက်ရှိရက်ကိုတော့ မသိရသေးပါဘူး။