အခုနောက်ပိုင်း ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေဟာ Camera ပိုင်းကို သေချာအာရုံစိုက်လာကြတာကိုတော့ လူတိုင်းသိကြမှာပါ။ သာမန် Mid Range ဖုန်းတစ်လုံးမှာတောင် Camera ပိုင်းမှာ ယခင်တုန်းက Flagship ဖုန်းတွေလိုမျိုး စွမ်းဆောင်ရည်ကောင်းလာကြပြီဖြစ်ပါတယ်။

ဒါပေမယ့် တချို့သော စမတ်ဖုန်းတွေမှာပါဝင်တဲ့ Default Camera App ဟာ Function တွေ သိပ်မစုံလင်တဲ့အတွက် ကိုယ်ရိုက်ချင်တဲ့ဓါတ်ပုံမျိုးကို ရိုက်ဖို့အတွက် အခက်ကြုံနေတတ်ပါတယ်။ အဲ့ဒါကြောင့် အခု Article မှာတော့ လက်ရှိအချိန်မှာ လှပတဲ့ဓါတ်ပုံတွေကိုအကောင်းဆုံးရိုက်ကူးနိုင်မယ့် Application တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(1) ProCam X

ဒီ ProCam X App ကတော့ ရိုးရှင်းတဲ့ User Interface ကိုအသုံးပြုထားပေမယ့် Professional Setting တွေအားလုံးကိုလည်း တပြိုင်ထဲအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Manual Mode နဲ့ရိုက်ကူးတတ်တဲ့သူတွေအတွက်ကတော့ လုံးဝကို အစုံလင်ဆုံး Mode တွေရွေးချယ်နိုင်ဦးမှာပါ။ HDR Mode ကို On/Off ပြုလုပ်တာတွေ၊ RAW သို့မဟုတ် JPEG Format ကိုလည်း Tap တစ်ချက်နဲ့ ပြောင်းလဲနိုင်စေမှာဖြစ်ပါတယ်။

(2) FiLMiC Pro

 

FiLMiC Pro App ကတော့ ဓါတ်ပုံရိုက်ကူးတတ်တဲ့သူတွေထက် Video ရိုက်ကူးတဲ့သူတွေမရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ FiLMiC Pro App ကို လက်ရှိနာမည်ကြီး Vlogger တွေနဲ့ကိုယ်ပိုင် Music Video ရိုက်ကူးမှုတွေမှာပါ အသုံးပြုနေကြတဲ့အတွက် Feature ပိုင်းမှာတော့ တကယ်ကို လိုအပ်သမျှ Preset တွေအကုန်လုံးနီးပါး ပါဝင်မှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Cloud မှာလည်း ကိုယ်အသုံးပြုနေတဲ့ Preset တွေကို Sync ပြုလုပ်ထားနိုင်ပြီး တခြားစမတ်ဖုန်းကို ပြောင်းလဲအသုံးပြုတဲ့အချိန်မှာ Sync ပြုလုပ်ပြီး အသုံးပြုနိုင်ဦးမှာပါ။

(3) Instagram

ကိုယ်က ဓါတ်ပုံပဲဖြစ်ဖြစ်၊ Video ပဲဖြစ်ဖြစ် လှပတဲ့ Filter တွေကိုထည့်သွင်းပြီး ရိုက်ကူးတတ်တယ်၊ Edit ပြုလုပ်တတ်တယ်ဆိုရင် မေ့မထားသင့်တာကတော့ Instagram App ပဲဖြစ်ပါတယ်။ ဒါကလည်း Instagram ရဲ့ Camera Filter တွေဟာ အလွန်များပြားနေပြီဖြစ်သလို ကိုယ့်စိတ်ကြိုက် Filter ပုံစံကို ရွေးချယ်ရိုက်ကူးနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို Edit ပြုလုပ်မယ်ဆိုရင်လည်း ပုံမှန် Photo Editor App တွေထက်တောင် ပိုပြီး Filter နဲ့ Editing Tool တွေ စုံလင်ဦးမှာပါ။ အဲ့ဒီအတွက်ကြောင့် Instagram ကို ဓါတ်ပုံတင်တဲ့ Social Media တစ်ခုထက် ဓါတ်ပုံရိုက်ကူးဖို့အတွက်လည်း စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။

နောက်ထပ်လည်း Open Camera ၊ VSCO လိုမျိုး App တွေကလည်း Android ဖုန်းတွေအတွက် သင့်တော်တဲ့ Camera App တွေဖြစ်ပါတယ်။

Ref – Android Central