[Zawgyi]

ေမလ ၁၄ရက္ေန႔ နယူးေယာ့ခ္မွာ က်င္းပေနတဲ့ OnePlus Launch Event ပြဲမွာ OnePlus ကေန ၂၀၁၉ ရဲ႕ ပထမဆံုး Flagship ဖုန္းတစ္လံုးကို ထုတ္ေဖာ္မိတ္ဆက္လိုက္ျပီျဖစ္ပါတယ္။

OnePlus ကေန၂၀၁၉ ရဲ႕ ပထမဆံုးအျဖစ္ ထြက္ရိွလာခဲ့တဲ့ Flagship ဖုန္းေလးကေတာ့ OnePlus 7 Pro ပဲ ျဖစ္ပါတယ္။

OnePlus 7 Pro မွာေတာ့ Screen Size 6.67-inch ကိုမွ Fluid AMOLED Display ကို အသံုးျပဳထားျပီး Resolution ကေတာ့ 3120×1440 ျဖစ္တဲ့အတြက္ ေတာ္ေတာ္မိုက္မယ့္ Display ျဖစ္မွာပါ။ OnePlus ထဲမွာေတာ့ 1080p Full HD ထက္ကို Resolution ပိုေကာင္းျပီး အမိုက္ဆံုး OnePlus Screen တစ္ခုလို႔ ေျပာလို႔ရမွာပါ။

Resolution ပုိေကာင္းလာတာထက္ကို ပိုရင္ခုန္ဖို႔ေကာင္းတာက 90Hz Refresh Rate နဲ႔ထြက္လာတာပါပဲ။ OnePlus 7 Pro ကို ရည္ရြယ္ထားတာကိုက “ျမန္ဆန္ေခ်ာေမြ႔”တဲ့ ဖုန္းတစ္လံုးျဖစ္ဖို႔ျဖစ္ျပီး Screen Refresh Rate ကလည္း ပိုျမန္တဲ့အတြက္ Display ေပၚမွာ လႈပ္ရွားလိုက္သမွ်တုိင္းက တျခားဖုန္းေတြနဲ႔ယွဥ္လိုက္ရင္ ပိုျမန္ျပီး ပိုသေဘာက်ေစေလာက္မယ့္ အခ်က္တစ္ခ်က္ပါပဲ။


Refresh Rate 120Hz ရိွတဲ့ Razer Phone 2 ကိုေတာ့ မယွဥ္ႏုိင္ေပမယ့္ Galaxy S10 တို႔ Pixel 3 တို႔နဲ႔ ယွဥ္သံုးၾကည့္ရင္ေတာ့ ေတာ္ေတာ္ေလးကြာျခားတဲ့ အရသာကို ခံစားမိေလာက္မွာပါ။

Fingerprint Sensor ကေတာ့ 6T မွာတုန္းကလို Under Display Fingerprint Scanner နဲ႔ျဖစ္ျပီး 6T နဲ႔ယွဥ္ရင္ေတာ့ Scanner ရဲ႕ ေနရာပိုက်ယ္လာတယ္လို႔ ဆုိထားပါတယ္။

အမိုက္ဆံုးတစ္ခ်က္လို႔ပဲ ေျပာရမလား… OnePlus 7 Pro မွာ အခုေနာက္ပုိင္းဖုန္းေတြ သြားတဲ့လမ္းေၾကာင္းျဖစ္တဲ့ Bezeless Display နဲ႔ျဖစ္ျပီး 16MP ေရွ႕ကင္မရာကို ဖုန္းအတြင္းပိုင္းမွာ ျမွဳပ္ထားပါတယ္။ သံုးခ်င္တဲ့အခါမွသာ အေပၚကို Pop-Up အေနနဲ႔ ထြက္လာမွာျဖစ္ပါတယ္။

ကင္မရာမွွာေတာ့ OnePlus 7 Pro မွာ ေနာက္ကင္မရာ ၃လံုးပါျပီး 48MP (f/1.6) Primary Sensor ကို Optical Image Stabilization (OIS) နဲ႔ ေထာက္ပံ့ေပးထားပါတယ္။ က်န္တဲ့ ၂လံုးကေတာ့ 3x Telephoto Lens နဲ႔ 117-Degree ထိ အက်ယ္ရတဲ့ Ultra-Wide Lens ေတြကို သံုးထားပါတယ။္

အဓိကစြမ္းေဆာင္ရည္အပိုင္းအတြက္ကေတာ့ ၾကားထားျပီးတဲ့သတင္းေတြအတုိင္း Snapdragon 855 Processor ကိုသံုးထားျပီး RAM 12GB ထိ ရႏုိင္မယ္လို႔ ဆိုပါတယ္။

OnePlus 7 Pro မွာ ပိုမိုက္လာတာတစ္ခုက UFS 2.1 ထက္ ၇၉% ေတာင္ပိုျမန္တဲ့ UFS 3.0 Storage ကုိသံုးထားတာပါ။ တကယ္သံုးတဲ့အခါမွာေတာ့ တျခားဖုန္းေတြနဲ႔ ယွဥ္လိုက္ရင္ App ေဒါင္းလုပ္ဆြဲႏႈန္း ၅ဆေတာင္ပိုျမန္တဲ့ဖုန္းတစ္လံုး ျဖစ္လာမွာပါ။

ဖုန္းရဲ႕ Battery အတြက္ကိုေတာ့ 4,000mAh Battery တပ္ဆင္ထားျပီး အားသြင္းဖို႔အတြက္ကေတာ့ အရင္ျမန္ပါတယ္ဆိုတဲ့ Dash Charge ေတြထက္ကို ၃၈% ပိုျမန္တဲ့ Warp Charge အားသြင္းစနစ္အသစ္ကို အသံုးျပီးထားတဲ့အတြက္ မိနစ္၂၀ ေလာက္အတြင္းမွာကို အား 50% ေလာက္ သြင္းႏုိင္မွာျဖစ္ပါတယ္။

အေရာင္ေတြအေနနဲ႔ကေတာ့ Nebula Blue နဲ႔ Mirror Gray အေရာင္ေတြ ရႏုိင္မွာျဖစ္ျပီး ဇြန္လေလာက္က်ရင္ေတာ့ Almond အေရာင္ပါ ထပ္ထြက္လာဦးမွာျဖစ္ပါတယ္။

ေစ်းႏႈန္းအေနနဲ႔ကေတာ့ 6GB/128GB ကို $649 (ျမန္မာေငြ ၁၀သိန္းဝန္းက်င္) နဲ႔ေရာင္းခ်ေနျပီျဖစ္ျပီး 8GB/256GB ကိုေတာ့ $699 (ျမန္မာေငြ ၁၀သိန္း၇ေသာင္းဝန္းက်င္) နဲ႔ထြက္ရိွလာပါတယ္။ ဒီကိုေရာက္ရင္ေတာ့ ေစ်းပိုၾကီးေကာင္းၾကီးႏုိင္ပါတယ္။

ေဘးေဘာင္မဲ့ဖုန္းေတြ ေပါမ်ားလာတဲ့ထဲမွာ Oppo, Vivo တို႔ရဲ႕ စမတ္ဖုန္းသစ္ေတြနဲ႔ အသြင္သိပ္မကြဲေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာ လူၾကိဳက္အရမ္းမ်ားခဲ့ၾကရတဲ့ OnePlus ေတြထဲကမွ အခုအသစ္ထြက္လာတဲ့ OnePlus 7Pro အေပၚ ကိုယ့္အျမင္ေလးေတြကိုလည္း ေဝမွ်ခဲ့ပါဦး…..

Source: Android Central

[Unicode]

မေလ ၁၄ရက်နေ့ နယူးယော့ခ်မှာ ကျင်းပနေတဲ့ OnePlus Launch Event ပွဲမှာ OnePlus ကနေ ၂၀၁၉ ရဲ့ ပထမဆုံး Flagship ဖုန်းတစ်လုံးကို ထုတ်ဖော်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

OnePlus ကနေ၂၀၁၉ ရဲ့ ပထမဆုံးအဖြစ် ထွက်ရှိလာခဲ့တဲ့ Flagship ဖုန်းလေးကတော့ OnePlus 7 Pro ပဲ ဖြစ်ပါတယ်။

OnePlus 7 Pro မှာတော့ Screen Size 6.67-inch ကိုမှ Fluid AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 3120×1440 ဖြစ်တဲ့အတွက် တော်တော်မိုက်မယ့် Display ဖြစ်မှာပါ။ OnePlus ထဲမှာတော့ 1080p Full HD ထက်ကို Resolution ပိုကောင်းပြီး အမိုက်ဆုံး OnePlus Screen တစ်ခုလို့ ပြောလို့ရမှာပါ။

Resolution ပိုကောင်းလာတာထက်ကို ပိုရင်ခုန်ဖို့ကောင်းတာက 90Hz Refresh Rate နဲ့ထွက်လာတာပါပဲ။ OnePlus 7 Pro ကို ရည်ရွယ်ထားတာကိုက “မြန်ဆန်ချောမွေ့”တဲ့ ဖုန်းတစ်လုံးဖြစ်ဖို့ဖြစ်ပြီး Screen Refresh Rate ကလည်း ပိုမြန်တဲ့အတွက် Display ပေါ်မှာ လှုပ်ရှားလိုက်သမျှတိုင်းက တခြားဖုန်းတွေနဲ့ယှဉ်လိုက်ရင် ပိုမြန်ပြီး ပိုသဘောကျစေလောက်မယ့် အချက်တစ်ချက်ပါပဲ။


Refresh Rate 120Hz ရှိတဲ့ Razer Phone 2 ကိုတော့ မယှဉ်နိုင်ပေမယ့် Galaxy S10 တို့ Pixel 3 တို့နဲ့ ယှဉ်သုံးကြည့်ရင်တော့ တော်တော်လေးကွာခြားတဲ့ အရသာကို ခံစားမိလောက်မှာပါ။

Fingerprint Sensor ကတော့ 6T မှာတုန်းကလို Under Display Fingerprint Scanner နဲ့ဖြစ်ပြီး 6T နဲ့ယှဉ်ရင်တော့ Scanner ရဲ့ နေရာပိုကျယ်လာတယ်လို့ ဆိုထားပါတယ်။

အမိုက်ဆုံးတစ်ချက်လို့ပဲ ပြောရမလား… OnePlus 7 Pro မှာ အခုနောက်ပိုင်းဖုန်းတွေ သွားတဲ့လမ်းကြောင်းဖြစ်တဲ့ Bezeless Display နဲ့ဖြစ်ပြီး 16MP ရှေ့ကင်မရာကို ဖုန်းအတွင်းပိုင်းမှာ မြှုပ်ထားပါတယ်။ သုံးချင်တဲ့အခါမှသာ အပေါ်ကို Pop-Up အနေနဲ့ ထွက်လာမှာဖြစ်ပါတယ်။

ကင်မရာမှာတော့ OnePlus 7 Pro မှာ နောက်ကင်မရာ ၃လုံးပါပြီး 48MP (f/1.6) Primary Sensor ကို Optical Image Stabilization (OIS) နဲ့ ထောက်ပံ့ပေးထားပါတယ်။ ကျန်တဲ့ ၂လုံးကတော့ 3x Telephoto Lens နဲ့ 117-Degree ထိ အကျယ်ရတဲ့ Ultra-Wide Lens တွေကို သုံးထားပါတယ။်

အဓိကစွမ်းဆောင်ရည်အပိုင်းအတွက်ကတော့ ကြားထားပြီးတဲ့သတင်းတွေအတိုင်း Snapdragon 855 Processor ကိုသုံးထားပြီး RAM 12GB ထိ ရနိုင်မယ်လို့ ဆိုပါတယ်။

OnePlus 7 Pro မှာ ပိုမိုက်လာတာတစ်ခုက UFS 2.1 ထက် ၇၉% တောင်ပိုမြန်တဲ့ UFS 3.0 Storage ကိုသုံးထားတာပါ။ တကယ်သုံးတဲ့အခါမှာတော့ တခြားဖုန်းတွေနဲ့ ယှဉ်လိုက်ရင် App ဒေါင်းလုပ်ဆွဲနှုန်း ၅ဆတောင်ပိုမြန်တဲ့ဖုန်းတစ်လုံး ဖြစ်လာမှာပါ။

ဖုန်းရဲ့ Battery အတွက်ကိုတော့ 4,000mAh Battery တပ်ဆင်ထားပြီး အားသွင်းဖို့အတွက်ကတော့ အရင်မြန်ပါတယ်ဆိုတဲ့ Dash Charge တွေထက်ကို ၃၈% ပိုမြန်တဲ့ Warp Charge အားသွင်းစနစ်အသစ်ကို အသုံးပြီးထားတဲ့အတွက် မိနစ်၂၀ လောက်အတွင်းမှာကို အား 50% လောက် သွင်းနိုင်မှာဖြစ်ပါတယ်။

အရောင်တွေအနေနဲ့ကတော့ Nebula Blue နဲ့ Mirror Gray အရောင်တွေ ရနိုင်မှာဖြစ်ပြီး ဇွန်လလောက်ကျရင်တော့ Almond အရောင်ပါ ထပ်ထွက်လာဦးမှာဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ 6GB/128GB ကို $649 (မြန်မာငွေ ၁၀သိန်းဝန်းကျင်) နဲ့ရောင်းချနေပြီဖြစ်ပြီး 8GB/256GB ကိုတော့ $699 (မြန်မာငွေ ၁၀သိန်း၇သောင်းဝန်းကျင်) နဲ့ထွက်ရှိလာပါတယ်။ ဒီကိုရောက်ရင်တော့ ဈေးပိုကြီးကောင်းကြီးနိုင်ပါတယ်။

ဘေးဘောင်မဲ့ဖုန်းတွေ ပေါများလာတဲ့ထဲမှာ Oppo, Vivo တို့ရဲ့ စမတ်ဖုန်းသစ်တွေနဲ့ အသွင်သိပ်မကွဲပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ လူကြိုက်အရမ်းများခဲ့ကြရတဲ့ OnePlus တွေထဲကမှ အခုအသစ်ထွက်လာတဲ့ OnePlus 7Pro အပေါ် ကိုယ့်အမြင်လေးတွေကိုလည်း ဝေမျှခဲ့ပါဦး…..

Source: Android Central