[Zawgyi]

Samsung ဟာ Galaxy A Series ေတြကို ကမာၻ႔ေဈးကြက္အတြင္း ေအာင္ျမင္စြာနဲ႔ ျဖန႔္ခ်ိႏိုင္ခဲ့ေပမယ့္ ပိုၿပီးေတာ့ ေဈးကြက္ခ်ဲ႕ထြင္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ Galaxy A Series ေတြဟာ ေပးရတဲ့ေငြေၾကးနဲ႔ႏႈိင္းယွဥ္ရင္ ေကာင္းမြန္တဲ့ မ်က္ႏွာျပင္၊ ပိုၾကာရွည္တဲ့ဘက္ထရီသက္တမ္း၊ အျမင္ဆန္းလာတဲ့ဒီဇိုင္း၊ လက္ခံႏိုင္ေလာက္တဲ့ ကင္မရာပိုင္းဆိုင္ရာေတြေၾကာင့္ အခုလိုမ်ိဳး ေအာင္ျမင္ခဲ့ရတာလို႔ ဆိုႏိုင္ပါတယ္။

၂၀၁၉ မွာ Galaxy A Series ရဲ႕ ေအာင္ျမင္မႈက အံ့အားသင့္စရာဆိုေပမယ့္ Samsung ဟာ ဒီေအာင္ျမင္မႈကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အထိ ဆက္လက္ထိန္းသိမ္းသြားႏိုင္ပါ့မလားလို႔ သံသယျဖစ္စရာပါပဲ။ ဒါေပမယ့္ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးကေတာ့ Galaxy A Series အတြက္ ေရရွည္စီမံကိန္းေတြ ခ်မွတ္ထားတယ္ဆိုတာကို ေပါက္ၾကားမႈကတစ္ဆင့္ သိလိုက္ရပါတယ္။

လာမယ့္ႏွစ္ရဲ႕ Galaxy A ဖုန္းေတြဟာ အနည္းဆုံး ကင္မရာသုံးလုံး ပါဝင္လာမွာျဖစ္ၿပီး အခ်ိဳ႕ကေတာ့ ကင္မရာေလးလုံးအထိ ပါဝင္လာမွာပါ။ Sudhanshu Ambhore ရဲ႕ ေဖာ္ထုတ္မႈကတစ္ဆင့္ Samsung ရဲ႕ ၂၀၂၀ ျပည့္ႏွစ္အတြင္း ထုတ္လုပ္ေရာင္းခ်မယ့္ Galaxy A Series စမတ္ဖုန္းေတြရဲ႕ ကင္မရာတပ္ဆင္ထားမႈအေၾကာင္းကို သိရွိလိုက္ရတာ ျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္အတြင္းမွာ Samsung ဟာ Galaxy A စမတ္ဖုန္း အနည္းဆုံး ၈ မ်ိဳးထုတ္လုပ္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ဒီအထဲကမွ ၃ မ်ိဳးက အနည္းဆုံး ကင္မရာ ၃ လုံးပါဝင္လာမွာျဖစ္ၿပီး က်န္ ၅ မ်ိဳးကေတာ့ အနည္းဆုံး ကင္မရာ ၄ လုံးပါဝင္လာမွာ ျဖစ္ပါတယ္။ ေပါက္ၾကားလာတဲ့ Galaxy A ၈ မ်ိဳးမွာ 13MP ကေန 108MP အထိ မတူညီတဲ့ အဓိက ကင္မရာ ၇ မ်ိဳးကိုလည္း ေတြ႕ျမင္ရပါတယ္။

Galaxy A81 နဲ႔ A91 တို႔ဟာ 5x telephoto ပါဝင္လာဖြယ္ရွိပါတယ္။ အမွန္တကယ္သာ ပါဝင္လာမယ္ဆိုရင္ေတာ့ Samsung စမတ္ဖုန္းေတြထဲမွာ ပထမဆုံး 5x telephoto ကင္မရာနဲ႔ စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ Samsung ရဲ႕ ISOCEL Sensor သစ္လည္း ပါဝင္လာဖြယ္ရွိေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Samsung သုံးစြဲသူေတြအေနနဲ႔ ထပ္မံေပါက္ၾကားလာမယ့္သတင္းေတြကို ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

၂၀၂၀ ထုတ် Galaxy A Series ဖုန်းတွေမှာ ကင်မရာပိုင်းဆိုင်ရာကို ကြီးကြီးမားမားပြောင်းလဲထားကြောင်း သတင်းပေါက်ကြားလာ

Samsung ဟာ Galaxy A Series တွေကို ကမ္ဘာ့ဈေးကွက်အတွင်း အောင်မြင်စွာနဲ့ ဖြန့်ချိနိုင်ခဲ့ပေမယ့် ပိုပြီးတော့ ဈေးကွက်ချဲ့ထွင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ Galaxy A Series တွေဟာ ပေးရတဲ့ငွေကြေးနဲ့နှိုင်းယှဉ်ရင် ကောင်းမွန်တဲ့ မျက်နှာပြင်၊ ပိုကြာရှည်တဲ့ဘက်ထရီသက်တမ်း၊ အမြင်ဆန်းလာတဲ့ဒီဇိုင်း၊ လက်ခံနိုင်လောက်တဲ့ ကင်မရာပိုင်းဆိုင်ရာတွေကြောင့် အခုလိုမျိုး အောင်မြင်ခဲ့ရတာလို့ ဆိုနိုင်ပါတယ်။

၂၀၁၉ မှာ Galaxy A Series ရဲ့ အောင်မြင်မှုက အံ့အားသင့်စရာဆိုပေမယ့် Samsung ဟာ ဒီအောင်မြင်မှုကို လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ ဆက်လက်ထိန်းသိမ်းသွားနိုင်ပါ့မလားလို့ သံသယဖြစ်စရာပါပဲ။ ဒါပေမယ့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးကတော့ Galaxy A Series အတွက် ရေရှည်စီမံကိန်းတွေ ချမှတ်ထားတယ်ဆိုတာကို ပေါက်ကြားမှုကတစ်ဆင့် သိလိုက်ရပါတယ်။

လာမယ့်နှစ်ရဲ့ Galaxy A ဖုန်းတွေဟာ အနည်းဆုံး ကင်မရာသုံးလုံး ပါဝင်လာမှာဖြစ်ပြီး အချို့ကတော့ ကင်မရာလေးလုံးအထိ ပါဝင်လာမှာပါ။ Sudhanshu Ambhore ရဲ့ ဖော်ထုတ်မှုကတစ်ဆင့် Samsung ရဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်လုပ်ရောင်းချမယ့် Galaxy A Series စမတ်ဖုန်းတွေရဲ့ ကင်မရာတပ်ဆင်ထားမှုအကြောင်းကို သိရှိလိုက်ရတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်းမှာ Samsung ဟာ Galaxy A စမတ်ဖုန်း အနည်းဆုံး ၈ မျိုးထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီအထဲကမှ ၃ မျိုးက အနည်းဆုံး ကင်မရာ ၃ လုံးပါဝင်လာမှာဖြစ်ပြီး ကျန် ၅ မျိုးကတော့ အနည်းဆုံး ကင်မရာ ၄ လုံးပါဝင်လာမှာ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ Galaxy A ၈ မျိုးမှာ 13MP ကနေ 108MP အထိ မတူညီတဲ့ အဓိက ကင်မရာ ၇ မျိုးကိုလည်း တွေ့မြင်ရပါတယ်။

Galaxy A81 နဲ့ A91 တို့ဟာ 5x telephoto ပါဝင်လာဖွယ်ရှိပါတယ်။ အမှန်တကယ်သာ ပါဝင်လာမယ်ဆိုရင်တော့ Samsung စမတ်ဖုန်းတွေထဲမှာ ပထမဆုံး 5x telephoto ကင်မရာနဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Samsung ရဲ့ ISOCEL Sensor သစ်လည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung သုံးစွဲသူတွေအနေနဲ့ ထပ်မံပေါက်ကြားလာမယ့်သတင်းတွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်ရဦးမှာပါ။

Ref: GSM Arena