Cryptocurrency ဘီလီယမ်နာ Mike Novogratz က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ တွစ်တာ Follower ပေါင်း ၃၇၆,၀၀၀ ကို အကြံဉာဏ် ၁ ခု တောင်းခဲ့ပါတယ်။ အဲဒါကတော့ သူ တက်တူး  ၁ ခုထိုးမယ်ဆိုရင် ဘယ်လိုပုံ ထိုးသင့်သလဲ ဆိုတာပါ။

Crypto-Billionaire Novogratz on NFTs and Cryptos | Bitcoin Expert Interview  | Cryptonews - YouTube

Galaxy Digital ရဲ့ စီအီးအိုက Non-fungible Tokens or NFTs နဲ့ ပတ်သက်တဲ့ အစည်းအဝေး ၁ ခု ပြုလုပ်ဖို့ရှိတဲ့ အကြောင်း တွစ်တာ လူမှုကွန်ရက်မှာ သတင်းပေးလိုက်ပါတယ်။

Novogratz က “ တက်တူး ၁ ခု ထိုးချင်နေပါတယ်။ အရမ်းတော်တဲ့ တက်တူး အနုပညာရှင် ၁ ယောက်နဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ရှိနေပြီး သူမရဲ့ လက်ရာကို NFTs အဖြစ် ပြောင်းလဲဖို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဘယ်လို တက်တူးမျိုးထိုးသင့်သလဲ ဆိုတာ အကြံပေးပါဦး။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

သူ့ ပရိသတ်တွေ အကြံပေးတဲ့အထဲမှာ Bitcoin Logo နဲ့ Shogun Samurai တို့ ပါပါတယ်။ MicroStrategy ရဲ့ စီအီးအို Michael Saylor ကလည်း အကြံပေးထားပြီး ဒီဇိုင်း အိုင်ဒီယာတော့ မဟုတ်ဘဲ Bitcoin ဟာ ထာဝရပါပဲလို့ ကွန်းမန့်မှာ ရေးသားထားပါတယ်။

NFTs ဟာ Blockchain နည်းပညာကို အသုံးပြုပြီး ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေ၊ Sports Cards နဲ့ တခြား Collectibles တွေ ပိုင်ဆိုင်မှုကို သက်သေခံပေးတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ NFTs တွေဟာ ရေပန်းစားလာပြီး FTX နဲ့ Coinbase တို့က သူတို့ ကိုယ်ပိုင် ဈေးကွက်တွေကို တည်ထောင်လာကြပါတယ်။

Novogratz ဟာ NFTs ကို စိတ်ဝင်စားနေတာ ကြာပါပြီ။ ဒီနှစ် ဧပြီလတုန်းက Augmented Reality ကြောင့် NFTs တွေကို လက်ဝတ်ရတနာတွေလို ဝတ်ဆင်လို့ရနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။ အဲဒီ NFTs တွေကို AR Glasses တွေနဲ့ ကြည့်ရှုနိုင်မှာပါ။

Ref : markets.businessinsider