အနုပညာရှင်နဲ့ စာရေးဆရာ ၁ ယောက် ဖြစ်တဲ့ Arthur Palyan က Billionaire NFTs Brand ကို တည်ထောင်လိုက်ပါတယ်။ အဲဒီ Brand မှာ Palyan ရဲ့ ဒစ်ဂျစ်တယ် အနုပညာ လက်ရာတွေ ပါဝင်ပြီး Investor or Collector တွေက OpenSea ကနေ အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။ Palyan ရဲ့ ရည်ရွယ်ချက်က သူ့ အနုပညာ လက်ရာတွေကနေ သူ့အတွက် ဝင်ငွေရစေဖို့ ဆိုတာထက် ပိုပါတယ်။ သူ့ရဲ့ အနုပညာ လက်ရာတွေကို တခြားလူတွေအား အခမဲ့ လက်ဆောင်ပေးမှာ ဖြစ်ပြီး ကြီးထွားလာတဲ့ NFTs ဈေးကွက်မှာ အဲဒီလူတွေ ဝင်ငွေရစေဖို့ ဖြစ်ပါတယ်။

Billionaire NFTs Launches, Helping Others Cash in on the Digital Art Revolution - EIN Presswire

ကမ္ဘာ့ ပထမဆုံးနဲ့ အကြီးမားဆုံး NFTs ဈေးကွက် ဖြစ်တဲ့ OpenSea မှာ Billionaire NFTs ရောက်ရှိလာပါပြီ။ အဲဒီမှာ Palyan ရဲ့ အနုပညာလက်ရာတွေကို ပြသထားပြီး အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ အနုပညာလက်ရာတွေထဲက ၈၀ ရာခိုင်နှုန်းကို လက်ဆောင်ပေးမှာ ဖြစ်ပြီး သူက NFTs စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်။

Billionaire NFTs Launches, Helping Others Cash in on the Digital Art Revolution - EIN Presswire

Palyan ဟာ သူကိုယ်တိုင် ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို နှစ်သက်သလို တခြား လူတွေ ဖန်တီးနိုင်အောင်လည်း ကူညီပေးနေပါတယ်။ အဲဒီလို ပြုလုပ်ပေးဖို့အတွက် သူဟာ တခြား အနုပညာရှင်တွေနဲ့ ပူးပေါင်းထားပါတယ်။  OpenSea က Billionaire NFTs ကြောင့် သူ့ရဲ့ အနုပညာလက်ရာတွေဟာ ပရိသတ် ပိုများလာမယ်လို့ သူက မျှော်လင့်ထားပါတယ်။

Palyan ဟာ ဒစ်ဂျစ်တယ် အနုပညာရှင် ဖြစ်သလို စာရေးဆရာလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူက The Blockchain Book အမည်ရ စာအုပ်ကို ဖြန့်ချိခဲ့ပြီး Blockchain နည်းပညာကို ရှင်းပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။

Ref : einnews