Sophos ဆိုက်ဘာလုံခြုံရေးသုတေသီတွေဟာ လိမ်လည်ရိုက်စားလုပ်ပြီး ရယူစုဆောင်းထားတဲ့ ဒေါ်လာ ၁.၄ သန်း တန်ကြေးရှိ တုံကင်ပါ Bitcoin wallet ကို ဖော်ထုတ်ခဲ့ပါတယ်။ ပြောစရာဖြစ်တာကတော့ Crypto လိမ်လည်သူတွေက iPhone အသုံးပြုသူတွေကို ပစ်မှတ်ထား လိမ်လည်ခဲ့ကြတာပါပဲ။

လိမ်လည်သူတွေဟာ Bumble, Tinder တို့လို နာမည်ကြီး Dating apps တွေကိုအသုံးပြုပြီး iPhone အသုံးပြုသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့ကြတာ ဖြစ်ပါတယ်။ Hacker တွေဟာ လူတွေရဲ့ Cryptocurrency တွေကို ခိုးယူခြင်းအပြင်၊ သားကောင်တွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း Cyber risks နဲ့ ခြိမ်းခြောက်ပြီး အပေးအယူလုပ်နေကြသေးတယ်လို့ Sophos က ဆိုပါတယ်။

Sophos ကတော့ လိမ်လည်သူတွေကို “CryptoRom” ဆိုတဲ့ Code-name ပေးထားပါတယ်။ “သူတို့ပစ်မှတ်နဲ့ ချိတ်ဆက်မိပြီဆိုတာနဲ့ Messaging ပလက်ဖောင်းမှာ စကားဆက်ပြောဖို့ အကြံပြုပါတယ်။ ပြီးရင်တော့ Cryptocurrency trading app အတုမှာ ရင်းနှီးမြှုပ်နှံလာဖို့ စည်းရုံးကြပါတယ်။” လို့ အကြီးတန်း ခြိမ်းခြောက်ခြင်းဆိုင်ရာသုတေသီ Jageesh Chandraiah က ပြောပါတယ်။

အစီရင်ခံစာအရ အမည်မသိ Crypto-scammer တွေဟာ အာရှတိုက်ကလူတွေကို အဓိကပစ်မှတ်ထားနေပြီး ဥရောပနဲ့ အမေရိကန်တို့မှာလည်း သူတို့ရဲ့လှုပ်ရှားမှုတွေကို ချဲ့ထွင်နေကြောင်း သိရပါတယ်။ Sophos ရဲ့အဆိုအရ တိုက်ခိုက်သူတွေဟာ Crypto-trading app အတုတွေမှာ Profiles တွေကို Access လုပ်စေပြီး သားကောင်ရဲ့ iPhone models တွေကိုထိန်းချုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အတည်မပြုထားတဲ့၊ မလိုလားအပ်တဲ့ Apps တွေကို ဘဏ်ဝက်ဆိုက်တွေနဲ့အလားတူ ဝက်ဘ်ဆိုက်အတုတွေကတစ်ဆင့် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

Ref: Gadgets.ndtv