[Zawgyi]

Black Shark 2 Pro အတြက္ အလန္းစား အေရာင္ အသစ္ ၁ မ်ိဳးထုတ္လုပ္ေပးလိုက္ပါတယ္။ Orange Blast အေရာင္လို႔ နာမည္ေပးထားၿပီး လိေမၼာ္ေရာင္ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ အနက္ေရာင္ လိုင္း ၂ ခု ပါပါတယ္။ ဒီ ေမာ္ဒယ္အတြက္ 12GB RAM နဲ႔ 256GB Storage ထည့္ထားၿပီး ၂,၉၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၆၄၀,၀၀၀ ေလာက္ရွိၿပီး တရုတ္မွာ ဒီလ ၁၈ ရက္ေန႔ စေရာင္းမွာပါ။ တျခား ႏုိင္ငံေတြမွာ ေရာင္းမယ့္ သတင္းကို မသိရေသးပါဘူး။

ဒီ ေမာ္ဒယ္မွာ Android 10 အေျချပဳ အသစ္ေၾကညာထားတဲ့ JoyUI 11 ပါလာပါတယ္။ တျခား Specs ေတြက မူလေမာ္ဒယ္ေတြနဲ႔ တူပါတယ္။ Xiaomi Black Shark 2 Pro ကို ဇူလိုင္လ ၃၀ က ေၾကညာခဲ့ပါတယ္။ Snapdragon 855 ပါတဲ့ Black Shark 2 ကိုေတာ့ မတ္လမွာ မိတ္ဆက္ခဲ့ပါတယ္။ Black Shark 2 Pro မွာ ပိုေကာင္းတဲ့ Snapdragon 855+ ပါလာပါတယ္။

Black Shark 2 Pro ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။  Black Shark 2 Pro မွာ Samsung က ထုတ္ထားတဲ့ ၆.၃၉ လက္မ FHD+ AMOLED Display ပါပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855+ ထည့္သြင္းထားပါတယ္။ 27W Fast-charging ပါတဲ့ 4000mAh Battery ပါပါတယ္။ UFS 3.0 Storage က ေဒတာေတြ ကူးေျပာင္းရာမွာ ျမန္ဆန္ပါတယ္။ အပူခ်ိန္ ေလွ်ာ့ခ်ေပးတဲ့ Liquid Cooling 3.0 ကို အဆင့္ျမွင့္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုး ထည့္သြင္းထားၿပီး 48MP+12MP Cameras ေတြ ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 20MP Camera ပါလာပါတယ္။

Ref : gsmarena

[Unicode]

လိမ္မော်ရောင်ထွက်လာတဲ့ Black Shark 2 Pro

Black Shark 2 Pro အတွက် အလန်းစား အရောင် အသစ် ၁ မျိုးထုတ်လုပ်ပေးလိုက်ပါတယ်။ Orange Blast အရောင်လို့ နာမည်ပေးထားပြီး လိမ္မော်ရောင် ဖြစ်ပါတယ်။ အနောက်ဘက်မှာ အနက်ရောင် လိုင်း ၂ ခု ပါပါတယ်။ ဒီ မော်ဒယ်အတွက် 12GB RAM နဲ့ 256GB Storage ထည့်ထားပြီး ၂,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၄၀,၀၀၀ လောက်ရှိပြီး တရုတ်မှာ ဒီလ ၁၈ ရက်နေ့ စရောင်းမှာပါ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

ဒီ မော်ဒယ်မှာ Android 10 အခြေပြု အသစ်ကြေညာထားတဲ့ JoyUI 11 ပါလာပါတယ်။ တခြား Specs တွေက မူလမော်ဒယ်တွေနဲ့ တူပါတယ်။ Xiaomi Black Shark 2 Pro ကို ဇူလိုင်လ ၃၀ က ကြေညာခဲ့ပါတယ်။ Snapdragon 855 ပါတဲ့ Black Shark 2 ကိုတော့ မတ်လမှာ မိတ်ဆက်ခဲ့ပါတယ်။ Black Shark 2 Pro မှာ ပိုကောင်းတဲ့ Snapdragon 855+ ပါလာပါတယ်။

Black Shark 2 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Black Shark 2 Pro မှာ Samsung က ထုတ်ထားတဲ့ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ စွမ်းဆောင်ရည်မြင့် Snapdragon 855+ ထည့်သွင်းထားပါတယ်။ 27W Fast-charging ပါတဲ့ 4000mAh Battery ပါပါတယ်။ UFS 3.0 Storage က ဒေတာတွေ ကူးပြောင်းရာမှာ မြန်ဆန်ပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 48MP+12MP Cameras တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါလာပါတယ်။

Ref : gsmarena