[Zawgyi]

Black Shark 2 Pro ကို ေၾကညာဖို႔ ရက္ပိုင္းပဲ လိုပါေတာ့တယ္။  ဇူလိုင္လ ၃၀ ရက္မွာ မ်က္၀ါးထင္ထင္ျမင္ရေတာ့မွာပါ။ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို မေန႔ကပဲ AnTuTu မွာ ေတြ႕ခဲ့ရပါတယ္။ အဲဒီဖုန္းမွာ မၾကာခင္က ေၾကညာထားတဲ့ Snapdragon 855+ ပါမယ္လို႔ AnTuTu က ေဖာ္ျပထားပါတယ္။

အခုေတာ့ Black Shark က အဲဒီဖုန္းမွာ Snapdragon 855+ ပါမယ္ဆိုတာ အတည္ျပဳထားတဲ့ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဗီဒီယိုမွာ အဲဒီ ဖုန္းကို အရိပ္အျမြက္ ျပသထားပါတယ္။ ဖုန္းရဲ႕ အေရွ႕ပိုင္းဟာ Black Shark 2 နဲ႔ ဆင္တူတာကို ေတြ႕ရပါတယ္။ အဲဒီ ဗီဒီယိုကို ေအာက္မွာ ၾကည့္ႏုိင္ပါတယ္။

ဗီဒီယိုမွာ Black Shark 2 Pro ရဲ႕ တျခား သတင္းအခ်က္အလက္ေတြကိုေတာ့ မေဖာ္ျပထားပါဘူး။ AnTuTu Website မွ သတင္းအခ်က္အလက္ေတြ အရ Black Shark 2 Pro မွာ 12GB RAM , 256GB Storage, Android Pie ေတြ ပါမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးက Full HD+ ျဖစ္ပါတယ္။ AnTuTu ရဲ႕ စမ္းသပ္ခ်က္မွာ Black Shark 2 Pro ဟာ ၄၀၅,၅၉၈ မွတ္ ရထားပါတယ္။ Snapdragon 855 ပါတဲ့ Black Shark 2 ကေတာ့ AnTuTu မွာ ၃၆၇,၃၅၄ မွတ္ရထားပါတယ္။ Black Shark 2 Pro နဲ႔ Specifications ၊ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ေတြကို ဇူလိုင္လ ၃၀ ရက္ေန႔မွာ သိရေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Black Shark 2 Pro မှာ Snapdragon 855+ ပါတာ သေချာပြီ

Black Shark 2 Pro ကို ကြေညာဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ဇူလိုင်လ ၃၀ ရက်မှာ မျက်ဝါးထင်ထင်မြင်ရတော့မှာပါ။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မနေ့ကပဲ AnTuTu မှာ တွေ့ခဲ့ရပါတယ်။ အဲဒီဖုန်းမှာ မကြာခင်က ကြေညာထားတဲ့ Snapdragon 855+ ပါမယ်လို့ AnTuTu က ဖော်ပြထားပါတယ်။

အခုတော့ Black Shark က အဲဒီဖုန်းမှာ Snapdragon 855+ ပါမယ်ဆိုတာ အတည်ပြုထားတဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဗီဒီယိုမှာ အဲဒီ ဖုန်းကို အရိပ်အမြွက် ပြသထားပါတယ်။ ဖုန်းရဲ့ အရှေ့ပိုင်းဟာ Black Shark 2 နဲ့ ဆင်တူတာကို တွေ့ရပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

ဗီဒီယိုမှာ Black Shark 2 Pro ရဲ့ တခြား သတင်းအချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။ AnTuTu Website မှ သတင်းအချက်အလက်တွေ အရ Black Shark 2 Pro မှာ 12GB RAM , 256GB Storage, Android Pie တွေ ပါမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရည်အသွေးက Full HD+ ဖြစ်ပါတယ်။ AnTuTu ရဲ့ စမ်းသပ်ချက်မှာ Black Shark 2 Pro ဟာ ၄၀၅,၅၉၈ မှတ် ရထားပါတယ်။ Snapdragon 855 ပါတဲ့ Black Shark 2 ကတော့ AnTuTu မှာ ၃၆၇,၃၅၄ မှတ်ရထားပါတယ်။ Black Shark 2 Pro နဲ့ Specifications ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်တွေကို ဇူလိုင်လ ၃၀ ရက်နေ့မှာ သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena