Zawgyi

လာမယ့္ဇူလုိင္လ ၃၀ ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ ဆုိထားတဲ့ Black Shark ဟန္းဆက္အသစ္ကို GeekBench မွာအစမ္းသပ္ခံလာတာ ျမင္ေတြ႕ရၿပီး Black Shark 2 Pro အျဖစ္ အမည္ေပးလာမယ္လို႔ ခန္႔မွန္းရပါတယ္။

Geekbench ေပၚေရာက္လာတဲ့ Black Shark ဟန္းဆက္သစ္ဟာ Single-core စမ္းသပ္မႈမွာ 3,632 နဲ႔ Multi-core မွာေတာ့ 11,304 ရလဒ္အသီးသီးရရွိခဲ့ၿပီး သူ႕မွာပါဝင္မယ့္ 12GB RAM မန္မုိရီနဲ႔ Android Pie တုိ႔လို Feature ေတြကိုလည္း ေဖာ္ျပခဲ့ပါတယ္။

အသုံးျပဳထားတဲ့ ပရုိဆက္ဆာကိုေတာ့ “msmnile” အမည္ျဖင့္ ေဖာ္ျပထားတာေတြ႕ရၿပီး ဒီလွ်ဳိ႕ဝွက္နာမည္ဟာ Snapdragon 855 နဲ႔ အခုအပတ္တြင္းမွာမွ တရားဝင္မိတ္ဆက္လာခဲ့တဲ့ Gaming အသားေပး Snapdragon 855 Plus ခ်စ္ပ္ဆက္တုိ႔ ႏွစ္ခုစလုံးကို ေခၚေဝၚတဲ့ ကုဒ္နာမည္ျဖစ္ပါတယ္။

မၾကာခင္ထြက္လာေတာ့မယ့္ Asus ROG Phone 2 ဖုန္းမွာ ဒီ Snapdragon 855+ ကို ပထမဆုံး အသုံးျပဳလာမွာျဖစ္သလို Nubia ရဲ႕လူသိမ်ား Gaming ဖုန္းအမွတ္တံဆိပ္ Red Magic 3 ကလည္း အားက်မခံ SD855+ ဗားရွင္း ထပ္မံထြက္ရွိလာႏုိင္ေျခရွိေနတဲ့အခ်ိန္မွာ Black Shark လည္း ၿပိဳင္ပြဲထဲက မက်န္ခဲ့ေအာင္ ႀကိဳးစားလာပုံပါပဲ။

SD855+ ဟာ မူလ 855 ခ်စ္ပ္ဆက္ရဲ႕ Overclocked ဗားရွင္းျဖစ္ၿပီး CPU စြမ္းေဆာင္ရည္ 4.2% နဲ႔ GPU စြမ္းေဆာင္ရည္ 15% ထိ ပိုမုိေကာင္းမြန္တယ္လို႔ ဆုိပါတယ္။ ေလာေလာဆယ္မွာေတာ့ Black Shark 2 Pro ယူေဆာင္လာမယ့္ Upgrade အစိတ္အပိုင္းေတြဟာ အသစ္ထြက္တဲ့ ခ်စ္ပ္ဆက္တစ္ခုတည္းလား ဆုိတာေတာ့ မသိရေသးပါဘူး။ ဇူလိုင္လ ၃၀ ရက္ေန႔ကို ေရာက္ေတာ့မွ ဘယ္ Feature ေတြကို ေျပာင္းလဲျမွင့္တင္ထားတယ္ ဆုိတာ သိရမွာပါ။

Ref – GSM Arena

Unicode

လာမယ့်ဇူလိုင်လ ၃၀ ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ ဆိုထားတဲ့ Black Shark ဟန်းဆက်အသစ်ကို GeekBench မှာအစမ်းသပ်ခံလာတာ မြင်တွေ့ရပြီး Black Shark 2 Pro အဖြစ် အမည်ပေးလာမယ်လို့ ခန့်မှန်းရပါတယ်။

Geekbench ပေါ်ရောက်လာတဲ့ Black Shark ဟန်းဆက်သစ်ဟာ Single-core စမ်းသပ်မှုမှာ 3,632 နဲ့ Multi-core မှာတော့ 11,304 ရလဒ်အသီးသီးရရှိခဲ့ပြီး သူ့မှာပါဝင်မယ့် 12GB RAM မန်မိုရီနဲ့ Android Pie တို့လို Feature တွေကိုလည်း ဖော်ပြခဲ့ပါတယ်။

အသုံးပြုထားတဲ့ ပရိုဆက်ဆာကိုတော့ “msmnile” အမည်ဖြင့် ဖော်ပြထားတာတွေ့ရပြီး ဒီလျှို့ဝှက်နာမည်ဟာ Snapdragon 855 နဲ့ အခုအပတ်တွင်းမှာမှ တရားဝင်မိတ်ဆက်လာခဲ့တဲ့ Gaming အသားပေး Snapdragon 855 Plus ချစ်ပ်ဆက်တို့ နှစ်ခုစလုံးကို ခေါ်ဝေါ်တဲ့ ကုဒ်နာမည်ဖြစ်ပါတယ်။

မကြာခင်ထွက်လာတော့မယ့် Asus ROG Phone 2 ဖုန်းမှာ ဒီ Snapdragon 855+ ကို ပထမဆုံး အသုံးပြုလာမှာဖြစ်သလို Nubia ရဲ့လူသိများ Gaming ဖုန်းအမှတ်တံဆိပ် Red Magic 3 ကလည်း အားကျမခံ SD855+ ဗားရှင်း ထပ်မံထွက်ရှိလာနိုင်ခြေရှိနေတဲ့အချိန်မှာ Black Shark လည်း ပြိုင်ပွဲထဲက မကျန်ခဲ့အောင် ကြိုးစားလာပုံပါပဲ။

SD855+ ဟာ မူလ 855 ချစ်ပ်ဆက်ရဲ့ Overclocked ဗားရှင်းဖြစ်ပြီး CPU စွမ်းဆောင်ရည် 4.2% နဲ့ GPU စွမ်းဆောင်ရည် 15% ထိ ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ Black Shark 2 Pro ယူဆောင်လာမယ့် Upgrade အစိတ်အပိုင်းတွေဟာ အသစ်ထွက်တဲ့ ချစ်ပ်ဆက်တစ်ခုတည်းလား ဆိုတာတော့ မသိရသေးပါဘူး။ ဇူလိုင်လ ၃၀ ရက်နေ့ကို ရောက်တော့မှ ဘယ် Feature တွေကို ပြောင်းလဲမြှင့်တင်ထားတယ် ဆိုတာ သိရမှာပါ။

Ref – GSM Arena