[Zawgyi]

တရားဝင္ Trailer ထဲမွာ ျမင္ခဲ့ရသလိုပဲ Black Shark 2 Gaming ဖုန္းအသစ္ကေတာ့ မားကက္တင္း ဆင္းဖုိ႔ လက္ရွိေခတ္စားေနတဲ့ PUBG ဂိမ္းကို ၾကားခံအျဖစ္ အသုံးျပဳလာပါတယ္။ Black Shark အမွတ္တံဆိပ္ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ အသစ္တင္လာတဲ့ ဗီဒီယုိထဲမွာလည္း Gaming ဖုန္းအသစ္ရဲ႕ စြမ္းေဆာင္ရည္ကို ျပသဖို႔ PUBG ဂိမ္းကိုသာ ထပ္မံသုံးစြဲလာတာကို ေတြ႕ရမွာပါ။

Black Shark 2 စမတ္ဖုန္းကို မတ္လ ၁၈ ရက္ေန႔မွာမွ စတင္မိတ္ဆက္လာမွာျဖစ္ၿပီး ကံထူးသူ အေယာက္တစ္ရာတိတိကို တရုတ္ဆုိရွယ္ဝက္ဘ္ဆုိက္ Weibo ကေနတဆင့္ ကံစမ္းမဲေဖာက္ၿပီး ေပးသြားမယ္လို႔လည္း သိရပါတယ္။

တခ်ိန္တည္းမွာပဲ အင္တာနက္အေရာင္းဝက္ဆုိက္တစ္ခုျဖစ္တဲ့ JD.com ေပၚမွာလည္း Black Shark 2 အတြက္ စာမ်က္ႏွာဖြင့္လွစ္လိုက္ပါၿပီ။ ေလာေလာဆယ္ Spec ေတြနဲ႔ ေစ်းႏႈန္းကိုေတာ့ မေဖာ္ျပေသးေပမယ့္ ေနာက္ဆုံးထြက္ထားတဲ့ Black Shark Helo စမတ္ဖုန္းဟာ လက္ရွိမွာ တရုတ္ယြမ္ေငြ ၃,၂၀၀ (ျမန္မာေငြ ခုနစ္သိန္းသုံးေသာင္း) ထိ ေလွ်ာ့က်ခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ ျမင္ေတြ႕ရတဲ့ ဗီဒီယိုအသစ္ထဲမွာ အထစ္အေင့ါမရွိ ေခ်ာေမြ႕စြာ ေဆာ့ကစားေနတာကို ျမင္ႏုိင္ၿပီး Black Shark 2 ဟာ Gaming ကိုဦးစားေပးတည္ေဆာက္ထားတဲ့ ဖုန္းျဖစ္တာနဲ႔အညီ Snapdragon 855 ၊ 12 GB RAM မန္မုိရီနဲ႔ Liquid Cool 3.0 အေအးေပးစနစ္ စတာေတြ ပါဝင္လာမွာပါ။

Ref – GSM Arena

[Unicode]

တရားဝင် Trailer ထဲမှာ မြင်ခဲ့ရသလိုပဲ Black Shark 2 Gaming ဖုန်းအသစ်ကတော့ မားကက်တင်း ဆင်းဖို့ လက်ရှိခေတ်စားနေတဲ့ PUBG ဂိမ်းကို ကြားခံအဖြစ် အသုံးပြုလာပါတယ်။ Black Shark အမှတ်တံဆိပ်ရဲ့ အမှုဆောင်အရာရှိချုပ် အသစ်တင်လာတဲ့ ဗီဒီယိုထဲမှာလည်း Gaming ဖုန်းအသစ်ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ PUBG ဂိမ်းကိုသာ ထပ်မံသုံးစွဲလာတာကို တွေ့ရမှာပါ။

Black Shark 2 စမတ်ဖုန်းကို မတ်လ ၁၈ ရက်နေ့မှာမှ စတင်မိတ်ဆက်လာမှာဖြစ်ပြီး ကံထူးသူ အယောက်တစ်ရာတိတိကို တရုတ်ဆိုရှယ်ဝက်ဘ်ဆိုက် Weibo ကနေတဆင့် ကံစမ်းမဲဖောက်ပြီး ပေးသွားမယ်လို့လည်း သိရပါတယ်။

တချိန်တည်းမှာပဲ အင်တာနက်အရောင်းဝက်ဆိုက်တစ်ခုဖြစ်တဲ့ JD.com ပေါ်မှာလည်း Black Shark 2 အတွက် စာမျက်နှာဖွင့်လှစ်လိုက်ပါပြီ။ လောလောဆယ် Spec တွေနဲ့ ဈေးနှုန်းကိုတော့ မဖော်ပြသေးပေမယ့် နောက်ဆုံးထွက်ထားတဲ့ Black Shark Helo စမတ်ဖုန်းဟာ လက်ရှိမှာ တရုတ်ယွမ်ငွေ ၃,၂၀၀ (မြန်မာငွေ ခုနစ်သိန်းသုံးသောင်း) ထိ လျှော့ကျခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မြင်တွေ့ရတဲ့ ဗီဒီယိုအသစ်ထဲမှာ အထစ်အငေ့ါမရှိ ချောမွေ့စွာ ဆော့ကစားနေတာကို မြင်နိုင်ပြီး Black Shark 2 ဟာ Gaming ကိုဦးစားပေးတည်ဆောက်ထားတဲ့ ဖုန်းဖြစ်တာနဲ့အညီ Snapdragon 855 ၊ 12 GB RAM မန်မိုရီနဲ့ Liquid Cool 3.0 အအေးပေးစနစ် စတာတွေ ပါဝင်လာမှာပါ။

Ref – GSM Arena