[Zawgyi]

Xiaomi ရဲ႕ ဂိမ္းအသားေပးစမတ္ဖုန္း Black Shark 2 ကေတာ့ တရားဝင္ထြက္ေပၚလာခဲ့ပါၿပီ။ ဒီဖုန္းအသစ္မွာ အထူးသျဖင့္ စြမ္းေဆာင္ရည္နဲ႔ Screen ပုိင္းကို သိသာစြာ တုိးျမွင့္ေျပာင္းလဲလာခဲ့တာကို ေတြ႕ရပါတယ္။

Black Shark 2 ရဲ႕ Screen အသစ္ကေတာ့ Samsung ထုတ္လုပ္တဲ့ 6.39” လက္မအရြယ္ AMOLED Display ျဖစ္ၿပီး Latency ေလ်ာ့ခ်ထားကာ Touch ခံစားမႈ ပိုျမင့္လာပါတယ္။ Pressure Sensitive ျဖစ္တဲ့ Screen ေၾကာင့္ Magic Press လို႔ေခၚတဲ့ Feature ဟာ Screen ေပၚကို ျပင္းျပင္းဖိလုိက္မွ အသက္ဝင္ေစပါတယ္။

ေရွ႕ဘက္ကို မ်က္ႏွာမူထားတဲ့ စပီကာႏွစ္ခုပါဝင္တဲ့အတြက္ ဂိမ္းေဆာ့ေနခ်ိန္မွာ လက္ႏွစ္ဖက္နဲ႔ ကုိင္ထားရင္ စပီကာေတြကို ပိတ္မိေစမွာ မဟုတ္ပါဘူး။ ဖုန္းရဲ႕အတြင္းပိုင္းမွာ Snapdragon 855 ေနာက္ဆုံးေပၚ ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး ၾကိဳတင္ေၾကျငာထားသလုိ Liquid Cool 3.0 အေအးေပးစနစ္ ပါဝင္တဲ့အတြက္ ခ်စ္ပ္ဆက္အပူခ်ိန္ကို 14°C ေလွ်ာ့ခ်ေပးမယ္လို႔ ဆုိပါတယ္။

Ludicrous Mode ဆုိတဲ့ Feature က ဖုန္းအပူခ်ိန္ကို ေစာင့္ၾကည့္ေလွ်ာ့ခ်ေပးမွာျဖစ္သလို AI စနစ္နဲ႔ CPU / GPU ယူနစ္ေတြအတြက္ အေကာင္းဆုံးလည္ပတ္ႏုိင္ေအာင္ ထည့္သြင္းထားတယ္။ ဖုန္းမွာ 4,000 mAh ဘကၳရီႀကီးနဲ႔အတူ 27W အားအျမန္သြင္းစနစ္လည္း ပါဝင္ပါတယ္။ ေက်ာဘက္မွာ အဓိက 48MP f/1.75 Sensor တစ္ခုနဲ႔ 12MP ရွိတဲ့ 2x Telephoto Lens ကို တြဲဖက္ေပးထားတယ္။ ေရွ႕ဆယ္ဖီကင္မရာက 20 MP f/2.0 ပါ။

Black Shark 2 Gaming ဖုန္းဟာ မတ္လ ၁၈ ရက္ေန႔မွ စတင္ၿပီး တရုတ္ျပည္တြင္းမွာေတာ့ ေရာင္းခ်ေနပါၿပီ။ 6/128 GB မန္မုိရီဗားရွင္းက တရုတ္ယြမ္ေငြ ၃,၂၀၀ (ျမန္မာေငြ ခုနစ္သိန္းသုံးေသာင္းဝန္းက်င္) ျဖစ္ၿပီးေတာ့ အျမင့္ဆုံး 12 GB RAM / 256 GB Storage ေမာ္ဒယ္က တရုတ္ယြမ္ ၄,၂၀၀ (ျမန္မာေငြ ကုိးသိန္းေျခာက္ေသာင္းဝန္းက်င္) က်သင့္မွာပါ။ ကာလာအသစ္ျဖစ္တဲ့ Frozen Silver ကာလာကေတာ့ 8 / 256 GB ေမာ္ဒယ္တစ္မ်ဳိးတည္းသာ ရရွိႏုိင္မွာ ျဖစ္ပါတယ္။ Black Shark ဟာ ဖုန္းကို ကြန္ဆုိးဂိမ္းစက္တစ္ခုလို ျဖစ္သြားေစမယ့္ GamePad 3.0 လက္ကုိင္ကိုလည္း မိတ္ဆက္ခဲ့ၿပီး ဖုန္းရဲ႕တစ္ဖက္တစ္ခ်က္မွာ ဂိမ္းခလုတ္ေတြနဲ႔ Nintendo Switch ကြန္ဆုိးဂိမ္းစက္လို ေဆာ့ကစားႏုိင္ေစမွာျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Xiaomi ရဲ့ ဂိမ်းအသားပေးစမတ်ဖုန်း Black Shark 2 ကတော့ တရားဝင်ထွက်ပေါ်လာခဲ့ပါပြီ။ ဒီဖုန်းအသစ်မှာ အထူးသဖြင့် စွမ်းဆောင်ရည်နဲ့ Screen ပိုင်းကို သိသာစွာ တိုးမြှင့်ပြောင်းလဲလာခဲ့တာကို တွေ့ရပါတယ်။

Black Shark 2 ရဲ့ Screen အသစ်ကတော့ Samsung ထုတ်လုပ်တဲ့ 6.39” လက်မအရွယ် AMOLED Display ဖြစ်ပြီး Latency လျော့ချထားကာ Touch ခံစားမှု ပိုမြင့်လာပါတယ်။ Pressure Sensitive ဖြစ်တဲ့ Screen ကြောင့် Magic Press လို့ခေါ်တဲ့ Feature ဟာ Screen ပေါ်ကို ပြင်းပြင်းဖိလိုက်မှ အသက်ဝင်စေပါတယ်။

ရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာနှစ်ခုပါဝင်တဲ့အတွက် ဂိမ်းဆော့နေချိန်မှာ လက်နှစ်ဖက်နဲ့ ကိုင်ထားရင် စပီကာတွေကို ပိတ်မိစေမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့အတွင်းပိုင်းမှာ Snapdragon 855 နောက်ဆုံးပေါ် ချစ်ပ်ဆက်ကို အသုံးပြုထားပြီး ကြိုတင်ကြေငြာထားသလို Liquid Cool 3.0 အအေးပေးစနစ် ပါဝင်တဲ့အတွက် ချစ်ပ်ဆက်အပူချိန်ကို 14°C လျှော့ချပေးမယ်လို့ ဆိုပါတယ်။

Ludicrous Mode ဆိုတဲ့ Feature က ဖုန်းအပူချိန်ကို စောင့်ကြည့်လျှော့ချပေးမှာဖြစ်သလို AI စနစ်နဲ့ CPU / GPU ယူနစ်တွေအတွက် အကောင်းဆုံးလည်ပတ်နိုင်အောင် ထည့်သွင်းထားတယ်။ ဖုန်းမှာ 4,000 mAh ဘက္ထရီကြီးနဲ့အတူ 27W အားအမြန်သွင်းစနစ်လည်း ပါဝင်ပါတယ်။ ကျောဘက်မှာ အဓိက 48MP f/1.75 Sensor တစ်ခုနဲ့ 12MP ရှိတဲ့ 2x Telephoto Lens ကို တွဲဖက်ပေးထားတယ်။ ရှေ့ဆယ်ဖီကင်မရာက 20 MP f/2.0 ပါ။

Black Shark 2 Gaming ဖုန်းဟာ မတ်လ ၁၈ ရက်နေ့မှ စတင်ပြီး တရုတ်ပြည်တွင်းမှာတော့ ရောင်းချနေပါပြီ။ 6/128 GB မန်မိုရီဗားရှင်းက တရုတ်ယွမ်ငွေ ၃,၂၀၀ (မြန်မာငွေ ခုနစ်သိန်းသုံးသောင်းဝန်းကျင်) ဖြစ်ပြီးတော့ အမြင့်ဆုံး 12 GB RAM / 256 GB Storage မော်ဒယ်က တရုတ်ယွမ် ၄,၂၀၀ (မြန်မာငွေ ကိုးသိန်းခြောက်သောင်းဝန်းကျင်) ကျသင့်မှာပါ။ ကာလာအသစ်ဖြစ်တဲ့ Frozen Silver ကာလာကတော့ 8 / 256 GB မော်ဒယ်တစ်မျိုးတည်းသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Black Shark ဟာ ဖုန်းကို ကွန်ဆိုးဂိမ်းစက်တစ်ခုလို ဖြစ်သွားစေမယ့် GamePad 3.0 လက်ကိုင်ကိုလည်း မိတ်ဆက်ခဲ့ပြီး ဖုန်းရဲ့တစ်ဖက်တစ်ချက်မှာ ဂိမ်းခလုတ်တွေနဲ့ Nintendo Switch ကွန်ဆိုးဂိမ်းစက်လို ဆော့ကစားနိုင်စေမှာဖြစ်ပါတယ်။

Ref – GSM Arena