Zawgyi

Xiaomi ရဲ႕ Black Shark 2 Teaser ပိုစတာ ထြက္ရွိျပီး ခဏအၾကာမွာပဲ Budget Gaming ဖုန္းတစ္လံုးအျဖစ္ နာမည္ၾကီးခဲ့တဲ့ Xiaomi Black Shark ရဲ႕ ေနာက္ဆက္တြဲဖုန္း Black Shark 2 ရဲ႕ Hands-on Video ေတြ ေပါက္ၾကားလို႔လာပါျပီ။ Global Version အျဖစ္ပါ ေရာင္းခ်ေတာ့မယ့္ အဆိုပါ Black Shark 2 ရဲ႕ အေနာက္ဘက္ လိုဂိုေလးဟာ Razer Phone 2 လိုပဲ မီးလင္းေနတာကို ေတြ႔ရပါတယ္။ ေပါက္ၾကားလာတဲ့ အဆိုပါ Hands-on Video ထဲမွာ Black Shark 2 ရဲ႕ ေနာက္ေက်ာဘက္ ပံုစံ အျပည့္အစံုကိုျမင္ေတြ႔ရျပီး အေတာ္ေလး ဆြဲေဆာင္မွုရွိတဲ့ Gaming ဖုန္းတစ္လံုးပါ။

အေပၚက Video ထဲမွာ ျမင္ရတဲ့ အတုိင္းပဲ ေနာက္ေက်ာဘက္မွာ Dual Camera Setup ကိုေတြ႔ရျပီး Fingerprint Scanner ကိုလည္း Camera Setup ေအာက္မွာ ေတြ႔ရတယ္။ ထူးျခားခ်က္ကေတာ့ အေနာက္ဘက္ Black Shark Logo နဲ႔ ေဘးေဘာင္ေတြဟာ မီးေတြလင္းေနျပီး Razer Phone 2 ရဲ႕ Chroma Effect လိုပဲ အေရာင္မ်ိဳးစံု ေျပာင္းလဲ ႏိုင္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။ Snapdragon 845 ကိုအသံုးျပဳထားမယ္ဆိုတာ လံုးဝေသခ်ာေနျပီး 8GB RAM နဲ႔ အထက္ အသံုးျပဳထားႏိုင္ပါတယ္။ အေရွ႕ဘက္ 18:9 အခ်ိဳးအစားရွိတဲ့ က်ယ္ျပန္႔တဲ့ မ်က္ႏွာျပင္ ပါမယ္လို႔ သတင္းေတြထြက္ေနျပီး Razer Phone 2 လို Screen Refresh Rate 120Hz ရွိမွာေတာ့ မဟုတ္ပါဘူး။ ေစ်းႏွုန္း $500 ရွိမယ္လို႔ သတင္းေတြထြက္ေနျပီး အဲ့ဒီ ေစ်းနဲ႔သာ အမွန္တစ္ကယ္ေရာင္းခ်ခဲ့ရင္ Razer Phone 2 ထက္ $300 ပိုသက္သာ ေနမွာပါ။

Ref: Giz China

Zawgyi

Xiaomi ရဲ့ Black Shark 2 Teaser ပိုစတာ ထွက်ရှိပြီး ခဏအကြာမှာပဲ Budget Gaming ဖုန်းတစ်လုံးအဖြစ် နာမည်ကြီးခဲ့တဲ့ Xiaomi Black Shark ရဲ့ နောက်ဆက်တွဲဖုန်း Black Shark 2 ရဲ့ Hands-on Video တွေ ပေါက်ကြားလို့လာပါပြီ။ Global Version အဖြစ်ပါ ရောင်းချတော့မယ့် အဆိုပါ Black Shark 2 ရဲ့ အနောက်ဘက် လိုဂိုလေးဟာ Razer Phone 2 လိုပဲ မီးလင်းနေတာကို တွေ့ရပါတယ်။ ပေါက်ကြားလာတဲ့ အဆိုပါ Hands-on Video ထဲမှာ Black Shark 2 ရဲ့ နောက်ကျောဘက် ပုံစံ အပြည့်အစုံကိုမြင်တွေ့ရပြီး အတော်လေး ဆွဲဆောင်မှုရှိတဲ့ Gaming ဖုန်းတစ်လုံးပါ။

အပေါ်က Video ထဲမှာ မြင်ရတဲ့ အတိုင်းပဲ နောက်ကျောဘက်မှာ Dual Camera Setup ကိုတွေ့ရပြီး Fingerprint Scanner ကိုလည်း Camera Setup အောက်မှာ တွေ့ရတယ်။ ထူးခြားချက်ကတော့ အနောက်ဘက် Black Shark Logo နဲ့ ဘေးဘောင်တွေဟာ မီးတွေလင်းနေပြီး Razer Phone 2 ရဲ့ Chroma Effect လိုပဲ အရောင်မျိုးစုံ ပြောင်းလဲ နိုင်မယ်လို့မျှော်လင့်ရပါတယ်။ Snapdragon 845 ကိုအသုံးပြုထားမယ်ဆိုတာ လုံးဝသေချာနေပြီး 8GB RAM နဲ့ အထက် အသုံးပြုထားနိုင်ပါတယ်။ အရှေ့ဘက် 18:9 အချိုးအစားရှိတဲ့ ကျယ်ပြန့်တဲ့ မျက်နှာပြင် ပါမယ်လို့ သတင်းတွေထွက်နေပြီး Razer Phone 2 လို Screen Refresh Rate 120Hz ရှိမှာတော့ မဟုတ်ပါဘူး။ ဈေးနှုန်း $500 ရှိမယ်လို့ သတင်းတွေထွက်နေပြီး အဲ့ဒီ ဈေးနဲ့သာ အမှန်တစ်ကယ်ရောင်းချခဲ့ရင် Razer Phone 2 ထက် $300 ပိုသက်သာ နေမှာပါ။

Ref: Giz China