Unicode

တရုတ်အခြေစိုက် Gaming စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Black Shark ကတော့ လာမယ့်လမှာ စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာမယ်လို့ သတင်းထွက်လာပါပြီ။ Black Shark 3 လို့ ခေါ်တွင်ဖို့ ယုံကြည်ရပြီး Specs အချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။

Black Shark 3 ဖုန်းမှာ အသစ်စက်စက် Snapdragon 865 ချစ်ပ်ဆက်ပါဝင်လာမှာဖြစ်ပြီး Gaming စမတ်ဖုန်းတွေ ထုံးစံအတိုင်း Refresh Rate အမြင့်စား ရရှိမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဘက္ထရီအားက 4,700 mAh ထိတောင် ပါလာနိုင်တယ်လို့ ဆိုထားပြီး 30W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးမှာပါ။

နောက်ဆုံးထွက်ရှိထားတဲ့ Black Shark 2 Pro ကို ကုမ္ပဏီက ၂၀၁၉ ဇူလိုင်မှာ မိတ်ဆက်ခဲ့တာဆိုတော့ တော်တော်လေးကြာပါပြီ။ အဲ့ဒီတုန်းက 6.39” လက်မ FHD+ Display နဲ့အတူ SD855+ ချစ်ပ်ဆက်နဲ့ 4,000 mAh ဘက္ထရီတို့ ပါဝင်ခဲ့ပါတယ်။ ခုမျိုးဆက်သစ်မှာ Flagship လယ်ဗယ်ဖြစ်တာနဲ့အညီ 5G သုံးစွဲနိုင်စွမ်းပါဝင်မယ်လို့ ယုံကြည်ရတာကြောင့် ဘက္ထရီကို သိသာစွာတိုးချဲ့လာတာ ကောင်းမွန်တဲ့လက္ခဏာတစ်ခုပါ။

Black Shark 3 နဲ့ပတ်သက်တဲ့ အခြား Specs တွေကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့လက SHARK KLE-AO ဆိုတဲ့ မော်ဒယ်နံပါတ်နဲ့ ဖုန်းတစ်လုံးကို တရုတ်ပြည်တွင်းမှာ အတည်ပြုချက်ရယူခဲ့တာမြင်ရပြီး အဆိုပါဖုန်းကပဲ Black Shark 3 လို့တော့ယူဆရပါတယ်။ ထိုစဉ်က အချက်အလက်တွေ မဖော်ပြခဲ့ပေမယ့် 5G ထောက်ပံ့မှုပါတာကိုတော့ ဖော်ပြခဲ့ပါတယ်။

Ref – GSM Arena

Zawgyi

တရုတ္အေျခစိုက္ Gaming စမတ္ဖုန္းအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Black Shark ကေတာ့ လာမယ့္လမွာ စမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာလာမယ္လုိ႔ သတင္းထြက္လာပါၿပီ။ Black Shark 3 လို႔ ေခၚတြင္ဖုိ႔ ယုံၾကည္ရၿပီး Specs အခ်ဳိ႕လည္း ထြက္ေပၚလာခဲ့ပါတယ္။

Black Shark 3 ဖုန္းမွာ အသစ္စက္စက္ Snapdragon 865 ခ်စ္ပ္ဆက္ပါဝင္လာမွာျဖစ္ၿပီး Gaming စမတ္ဖုန္းေတြ ထုံးစံအတုိင္း Refresh Rate အျမင့္စား ရရွိမယ္လို႔ဆုိပါတယ္။ ဒါ့အျပင္ ဘကၳရီအားက 4,700 mAh ထိေတာင္ ပါလာႏုိင္တယ္လို႔ ဆုိထားၿပီး 30W အားအျမန္သြင္းစနစ္ကို ေထာက္ပံ့ေပးမွာပါ။

ေနာက္ဆုံးထြက္ရွိထားတဲ့ Black Shark 2 Pro ကို ကုမၸဏီက ၂၀၁၉ ဇူလိုင္မွာ မိတ္ဆက္ခဲ့တာဆုိေတာ့ ေတာ္ေတာ္ေလးၾကာပါၿပီ။ အဲ့ဒီတုန္းက 6.39” လက္မ FHD+ Display နဲ႔အတူ SD855+ ခ်စ္ပ္ဆက္နဲ႔ 4,000 mAh ဘကၳရီတုိ႔ ပါဝင္ခဲ့ပါတယ္။ ခုမ်ဳိးဆက္သစ္မွာ Flagship လယ္ဗယ္ျဖစ္တာနဲ႔အညီ 5G သုံးစြဲႏုိင္စြမ္းပါဝင္မယ္လုိ႔ ယုံၾကည္ရတာေၾကာင့္ ဘကၳရီကို သိသာစြာတုိးခ်ဲ႕လာတာ ေကာင္းမြန္တဲ့လကၡဏာတစ္ခုပါ။

Black Shark 3 နဲ႔ပတ္သက္တဲ့ အျခား Specs ေတြကိုေတာ့ မသိရေသးပါဘူး။ ၿပီးခဲ့တဲ့လက SHARK KLE-AO ဆုိတဲ့ ေမာ္ဒယ္နံပါတ္နဲ႔ ဖုန္းတစ္လုံးကို တရုတ္ျပည္တြင္းမွာ အတည္ျပဳခ်က္ရယူခဲ့တာျမင္ရၿပီး အဆုိပါဖုန္းကပဲ Black Shark 3 လို႔ေတာ့ယူဆရပါတယ္။ ထိုစဥ္က အခ်က္အလက္ေတြ မေဖာ္ျပခဲ့ေပမယ့္ 5G ေထာက္ပံ့မႈပါတာကိုေတာ့ ေဖာ္ျပခဲ့ပါတယ္။

Ref – GSM Arena