အခုအချိန်မှာ Qualcomm Snapdragon 865+ Chipset ကိုအသုံးပြုထားတဲ့ Lenovo Legion နဲ့ ASUS ROG Phone 3 Gaming Phone တွေကို အသီးသီးမိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း Xiaomi ရဲ့ Sub-brand ဖြစ်တဲ့ Black Shark ကနေပါ Snapdragon 865+ Chipset သုံးထားတဲ့ Gaming Phone အသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။

ဒါကတော့ Black Shark ရဲ့ CEO ဖြစ်တဲ့ Luo Yuzhou ကနေ Weibo စာမျက်နှာမှာ “Lately, I feel something big is about to happen” လို့ အဓိပ္ပါယ်ရတဲ့ စာတန်းကိုတင်ခဲ့တာဖြစ်ပါတယ်။ Black Shark Gaming Phone ရဲ့ Official Weibo Account ကနေလည်း အဆိုပါ Post ကိုပြန်လည် Quote ပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါ Post ဟာ ပုံမှန်ပဲလို့ပြောနိုင်ပေမယ့် Post ကို တင်တဲ့ဖုန်းက တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးတဲ့ Tencent Black Shark 3S Gaming Phone ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Black Shark 3S Gaming Phone ကို မိတ်ဆက်သွားဖို့ နီးစပ်နေပြီဆိုတာက သေချာသလောက်ဖြစ်နေပါတယ်။

လောလောဆယ်မှာတော့ Black Shark ကနေ ပြီးခဲ့တဲ့ မတ်လတုန်းက Black Shark 3 နဲ့ Black Shark 3 Pro ဖုန်းတွေကို မိတ်ဆက်ထားခဲ့ပါတယ်။ လာမယ့် Black Shark 3S စမတ်ဖုန်းဟာ Snapdragon 865+ Chipset ကို အသုံးပြုလာမှာသေချာသလောက်ဖြစ်နေပေမယ့် Pro Version ကိုပါ မိတ်ဆက်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China