အခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Black Shark 3 မှာ အရင်မျိုးဆက်တွေနဲ့ မတူတာက ပိုကြီးတဲ့ Screen, ပိုကြီးတဲ့ ဘက္ထရီနဲ့ Storage ပမာဏတွေ ပါတဲ့ Pro ဗားရှင်းကိုပါ မိတ်ဆက်လာခဲ့တာပါ။ ယခုအချိန်မှာတော့ Black Shark 3S ကို ထပ်မိတ်ဆက်ဦးမယ် ဆိုတာ Tease လုပ်လာတာနဲ့ Pro ဗားရှင်းရော ပါဦးမလားလို့ စိတ်ဝင်စားခံလာရပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ Black Shark 3S ဟာ Pro ဗားရှင်း လက်ခံရရှိမှာမဟုတ်ဘူးလို့ သတင်းတွေက ဆိုလာခဲ့ပါတယ်။ အခုနောက်ဆုံးမိတ်ဆက်လာတဲ့ Gaming စမတ်ဖုန်းတွေနည်းတူ Snapdragon 865+ ချစ်ပ်ဆက်အသစ်ကို ရရှိမယ့် Black Shark 3S ဟန်းဆက်ဟာ “ပိုကြီးတဲ့ Display ဗားရှင်း” ထွက်မှာမဟုတ်ဘူးလို့ Weibo ပိုစ့်တစ်ခုက ဖော်ပြလာခဲ့တာပါ။

တရုတ်ပြည်တွင်း Leakster ဖြစ်တဲ့ Digital Chat Station က ဒီသတင်းကို ထုတ်ဖော်လာခဲ့ပြီး Pro မော်ဒယ်တွေဟာ နှစ်အစမှာ မိတ်ဆက်တဲ့ Flagship မော်ဒယ်တွေအတွက်သာ ဖြစ်တယ်လို့ ဆိုထားတာကြောင့် နောက်နှစ်မှာ မြင်ရမယ့် Black Shark 4 သို့မဟုတ် 5 တို့မှာ Pro ဗားရှင်းပါလာဦးမယ်လို့ ယူဆရပါတယ်။

Black Shark CEO က တစ်နေ့ကမှ ဒီဖုန်းရဲ့ တည်ရှိမှုကို Tease လုပ်ထားခဲ့ပြီး အခုထိ Black Shark 3S ရဲ့ Specs တွေကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် သေချာတာကတော့ AMOLED Display, Refresh Rate အမြင့်စားနဲ့ အနိမ့်ဆုံး 65W အားသွင်းစနစ်တို့လောက် ပါဝင်လာမှာပါ။

Black Shark 3S ထွက်ရှိလာချိန်မှာတော့ Gaming စမတ်ဖုန်းများအဖြစ် မိတ်ဆက်ထားတဲ့ ASUS ROG Phone 3 နဲ့ Lenovo Legion တို့အပြင် မကြာခင်မိတ်ဆက်မယ့် Nubia Red Magic 5S တို့နဲ့ပါ ယှဉ်ပြိုင်ရနိုင်ပါတယ်။

Ref – GizmoChina