Xiaomi ဟာ Black Shark 4 ကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ပြီး ဒီစမတ်ဖုန်းအတွက် Teaser campaign ကိုလည်း စတင်ခဲ့နှင့်ပြီးဖြစ်ပါတယ်။ ဇန်နဝါရီလအစပိုင်းကတည်း Black Shark 4 နဲ့ ပတ်သက်တဲ့သတင်းတွေ ထွက်ပေါ်နေခဲ့သလို ပြီးခဲ့တဲ့ရက်ကလည်း Google Play Console မှာပါ တွေ့မြင်ခဲ့ရပြီးပါပြီ။

AnTuTu မှာလည်း ရမှတ် ၈ သိန်းနီးပါးနဲ့ တွေ့မြင်ခဲ့ရပြီးဖြစ်တဲ့ Black Shark 4 ကို ဘယ်နေ့ဘက်ရက်မှာ မိတ်ဆက်မယ်ဆိုတာ အတိအကျမသိရသေးပေမယ့် အခု ဒီဟန်းဆက်ကို တရုတ် TENAA မှာပါ ထပ်ပြီးမြင်တွေ့လိုက်ရပြန်တာကြောင့် ဈေးကွက်ထဲကိုပို့ဆောင်ဖို့ နောက်ထပ်ခြေတစ်လှမ်းပိုနီးကပ်လာပြီလို့ ပြောနိုင်ပါတယ်။

TENAA မှာတွေ့မြင်ရတဲ့ Black Shark 4 ရဲ့ မော်ဒယ်ကုဒ်က SHARK KSR-A0 ပါ။ စမတ်ဖုန်းဟာ Android 11 မောင်းနှင်ထားပြီး 6.67-inch မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ Google Play Console အရဆိုရင်တော့ 2400 x 1080 pixel resolution ဖြစ်ပါတယ်။ ဟန်းဆက်ဟာ 10.3 mm ထူပြီး 5G ကွန်ရက်ကိုချိတ်ဆက်နိုင်မယ်ဆိုတာကိုလည်း TENAA ကြောင့် အတည်ပြုနိုင်ခဲ့ပါတယ်။

Black Shark 4 ဟာ 4,500mAh ဘက်ထရီနဲ့ 120W charging ကို ထောက်ပံ့ထားတာကြောင့် ၁၅ မိနစ်အတွင်း ၁၀၀% အားသွင်းနိုင်တယ်လို့ တရားဝင်ပြောပြီးသားဖြစ်ပါတယ်။ အခြားအသေးစိတ်အချက်အလက်ကို TENAA မှာမတွေ့ရပေမယ့် 8GB of RAM နဲ့တွဲဖက်ထားမှာက Snapdragon 888 SoC ဖြစ်နိုင်ခြေအများဆုံးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena