Black Shark က မိုဘိုင်းဖုန်းအတွက် Accessories အသစ်တွေကို ကြေညာလိုက်ပြီး Android နဲ့ iPhone တွေအတွက် Charger , Charging Cable နဲ့ မိုဘိုင်း ဂိမ်းကစားဖို့ Shoulder Buttons တွေ ဖြစ်ပါတယ်။

Black Shark 30W Dual-Port Charger

Black Shark Dual-Port 30W Charger

Black Shark ရဲ့ Charger မှာ USB-C Port နဲ့ USB-A Port ၁ ခုစီနဲ့ Foldable Plug ပါပါတယ်။ အမြင့်ဆုံး Power Output က 30W ဖြစ်ပြီး Port ၁ ခုစီရဲ့ Output ကို မသိရသေးပါဘူး။ Charger ကို ၇၉ ယွမ် သတ်မှတ်ထားပြီး ၁ သောင်း ၆ ထောင်လောက် ကျသင့်မှာပါ။

Black Shark Shoulder Triggers

Black Shark Split Mobile Gaming Shoulder Triggers

Black Shark က မိုဘိုင်း ဂိမ်း ကစားဖို့ Shoulder Triggers ကိုလည်း ကြေညာလိုက်ပြီး ဖုန်းရဲ့ ထိပ်ဘက်မှာ တပ်ဆင် ကစားရမှာပါ။ Trigger ၁ ခုစီမှာ ခလုတ် ၂ ခု တပ်ဆင်ထားပြီး ၁ ခုကို ၃၉ ယွမ် ၊ ၂ ခုကို ၇၈ ယွမ် သတ်မှတ်ထားပါတယ်။ ၈ ထောင်နဲ့ ၁ သောင်း ၆ ထောင်လောက် အသီးသီး ကျသင့်မှာပါ။

Black Shark Type-C Data Cable

USB-C Data Cable ၁ ခုလိုနေသူတွေအတွက် Black Shark က ၅၉ ယွမ်တန် ၁ ခုကို ကြေညာလိုက်ပါတယ်။ ၁ သောင်း ၂ ထောင်လောက် ကျသင့်ပြီး တစ်ဘက်မှာ USB-C Connector နဲ့ နောက်တစ်ဘက်မှာ USB-A Connector တွေ ပါပါတယ်။

Black Shark Charging Cable

Black Shark Lightning Data Cable and Lightning Fast Charging Data Cable

Black Shark က iPhone အတွက် Cable ၂ မျိုးကို ကြေညာလိုက်ပါတယ်။ ၁ မျိုးကို ၅၉ ယွမ်နဲ့ နောက် ၁ မျိုးကို ၆၉ ယွမ် သတ်မှတ်ထားပြီး ၁ သောင်း ၂ ထောင်နဲ့ ၁ သောင်း ၄ ထောင်လောက် ကျသင့်မှာပါ။ ၂ ခုစလုံးမှာ USB-A Connector နဲ့ Lightning Connector တွေကို တစ်ဖက်တစ်ချက်စီမှာ တပ်ဆင်ထားပါတယ်။

အဲဒီ Accessories အသစ်တွေကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နောက်လ ၁ ရက်နေ့ ရောင်းပေးမှာပါ။

Ref : gizmochina