BlackBerry လို့ ဆိုလိုက်တာနဲ့ Physical Keyboard ပါဝင်တဲ့ စမတ်ဖုန်းတွေကို ပြေးမြင်မိမှာပါ။ အခုအချိန်မှာ စမတ်ဖုန်းအများစု ဘေးဘောင်ပျောက် Display တွေကို ဆောင်ရွက်နေပြီးတော့ လက်ရှိအချိန်မှာ Screen to Body Ratio ကို ပိုပြီး များပြားလာအောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် BlackBerry ကတော့ ၂၀၁၈ မှာလည်း ဘေးဘောင်ပျေက်ဒီဇိုင်းကို ပြောင်းလဲဖို့ စိတ်ကူးရှိပုံမရပဲ Physical Keyboard ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုကို ထပ်မံထုတ်လုပ်ဦးမှာဖြစ်ပါတယ်။ အခု BlackBerry စမတ်ဖုန်းအသစ်ကိုတော့ BlackBerry Athena လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အခု BlackBerry Athena စမတ်ဖုန်းက ဒီဇိုင်းအရတော့ ပုံတုံးပြီးတော့ ယခင်တုန်းက BlackBerry စမတ်ဖုန်းတွေနဲ့ တူညီတယ်ဆိုပေမယ့် 4.5″ Display ကို အသုံးပြုထားပြီးတော့ RAM 6GB နဲ့ Storage 64GB ပါဝင်မှာဖြစ်ပါတယ်။ Processor ကလည်း Qualcomm ရဲ့ Snapdragon 660 Processor ကို အသုံးပြုထားမယ်လို့ သိရှိရတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရလည်း ကောင်းတယ်လို့ ပြောလို့ရပါတယ်။ တစ်ခုထူးခြားနေတဲ့အချက်ကတော့ Fingerprint Scanner ကို Keyboard Spacebar မှာ တပ်ဆင်ပေးထားတာက အခြားသော ဖုန်းတွေကနေ ကွာခြားသွားစေမှာပဲဖြစ်ပါတယ်။

BlackBerry ဟာ လက်ရှိအချိန်မှာ BlackBerry စမတ်ဖုန်းတွေထဲမှာ ပထမဆုံးသော Dual Camera ကို အသုံးပြုလာတဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပြီးတော့ Megapixels ဘယ်လောက်ပါဝင်မလဲဆိုတာကတော့ အတိအကျမသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် BlackBerry ကတော့ သူရဲ့ Features တွေကို ထိန်းသိမ်းထားပြီး အရည်အသွေးမြင့် စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဦးမယ့်ပုံပါပဲ။