Zawgyi

Blackview A80 Pro စမတ္ဖုန္းသစ္ဟာ လာမယ့္ႏုိဝင္ဘာ ၂၉ ရက္ေန႔မွာ ဂလိုဘယ္ေစ်းကြက္ကို ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၈၀ (ျမန္မာေငြ တစ္သိန္းႏွစ္ေသာင္းဝန္းက်င္) သာရွိတဲ့ အဆုိပါစမတ္ဖုန္းဟာ Sony ရဲ႕ 13MP Sensor ဦးေဆာင္တဲ့ ေနာက္ကင္မရာေလးလုံး (Quad-cam) ပါဝင္လာမွာလည္းျဖစ္ပါတယ္။

A80 Pro ဟာ AnTuTu ေပၚမွာ 99.720 Benchmark ရရွိခဲ့ၿပီး ေဒၚလာ ၈၀ ေအာက္ စမတ္ဖုန္းတစ္လုံးအတြက္ ခ်ီးက်ဴးစရာျဖစ္ပါတယ္။ A80 Pro ဖုန္းမွာ Android 9 Pie OS နဲ႔အသုံးျပဳရမွာျဖစ္ၿပီး အတြင္းမွာ MediaTek Helio P25 ခ်စ္ပ္ဆက္ကို 4/64GB မန္မုိရီအတြဲနဲ႔ တြဲဖက္ထားပါတယ္။

ဘတ္ဂ်က္ဖုန္းေတြၾကားမွာ သူ႕ကိုထင္ရွားေစမယ့္ အဓိကအခ်က္က Sony IMX258 13MP ဦးေဆာင္တဲ့ ေနာက္ဘက္ Quad-camera အတြဲပါ။ ဒါ့အျပင္ ဘကၳရီကလည္း 4,680 mAh ေတာင္ရွိပါတယ္။

A80 Pro ရဲ႕ေရွ႕ဘက္မွာေတာ့ 6.49” လက္မ In-cell Display ကိုသုံးစြဲထားၿပီး Screen-to-body အခ်ဳိး 90.3% နဲ႔ ကိုယ္ထည္အထူက 8.8mm သာရွိပါတယ္။ ဒီဖုန္းဟာ Gradient Blue, Emerald Green, Interstellar Black နဲ႔ Coral Red ဆုိၿပီး အေရာင္ေလးမ်ဳိး ရရွိႏုိင္မွာပါ။

ဒါ့အျပင္ ဘတ္ဂ်က္ဖုန္းေတြထဲမွာ သိပ္မေတြ႕ရတဲ့ USB Type-C ကိုအသုံးျပဳလာသလို LED Noti Light နဲ႔ 3.5mm Audio Jack လည္း ပါဝင္လာပါေသးတယ္။ Blackview ရဲ႕ လက္နက္အသစ္ A80 Pro ကို စိတ္ဝင္စားေနရင္ေတာ့ လာမယ့္ ႏုိဝင္ဘာ ၂၉ ရက္ေန႔က်ရင္ Aliexpress ကေန Global Open Sales ျပဳလုပ္သြားမွာကို ေစာင့္ေမွ်ာ္အားေပးႏုိင္ပါတယ္။

Ref – Gizmo China

Unicode

Blackview A80 Pro စမတ်ဖုန်းသစ်ဟာ လာမယ့်နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဂလိုဘယ်ဈေးကွက်ကို ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၈၀ (မြန်မာငွေ တစ်သိန်းနှစ်သောင်းဝန်းကျင်) သာရှိတဲ့ အဆိုပါစမတ်ဖုန်းဟာ Sony ရဲ့ 13MP Sensor ဦးဆောင်တဲ့ နောက်ကင်မရာလေးလုံး (Quad-cam) ပါဝင်လာမှာလည်းဖြစ်ပါတယ်။

A80 Pro ဟာ AnTuTu ပေါ်မှာ 99.720 Benchmark ရရှိခဲ့ပြီး ဒေါ်လာ ၈၀ အောက် စမတ်ဖုန်းတစ်လုံးအတွက် ချီးကျူးစရာဖြစ်ပါတယ်။ AA80 Pro ဖုန်းမှာ Android 9 Pie OS နဲ့အသုံးပြုရမှာဖြစ်ပြီး အတွင်းမှာ MediaTek Helio P25 ချစ်ပ်ဆက်ကို 4/64GB မန်မိုရီအတွဲနဲ့ တွဲဖက်ထားပါတယ်။

ဘတ်ဂျက်ဖုန်းတွေကြားမှာ သူ့ကိုထင်ရှားစေမယ့် အဓိကအချက်က Sony IMX258 13MP ဦးဆောင်တဲ့ နောက်ဘက် Quad-camera အတွဲပါ။ ဒါ့အပြင် ဘက္ထရီကလည်း 4,680 mAh တောင်ရှိပါတယ်။

A80 Pro ရဲ့ရှေ့ဘက်မှာတော့ 6.49” လက်မ In-cell Display ကိုသုံးစွဲထားပြီး Screen-to-body အချိုး 90.3% နဲ့ ကိုယ်ထည်အထူက 8.8mm သာရှိပါတယ်။ ဒီဖုန်းဟာ Gradient Blue, Emerald Green, Interstellar Black နဲ့ Coral Red ဆိုပြီး အရောင်လေးမျိုး ရရှိနိုင်မှာပါ။

ဒါ့အပြင် ဘတ်ဂျက်ဖုန်းတွေထဲမှာ သိပ်မတွေ့ရတဲ့ USB Type-C ကိုအသုံးပြုလာသလို LED Noti Light နဲ့ 3.5mm Audio Jack လည်း ပါဝင်လာပါသေးတယ်။ Blackview ရဲ့ လက်နက်အသစ် A80 Pro ကို စိတ်ဝင်စားနေရင်တော့ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ကျရင် Aliexpress ကနေ Global Open Sales ပြုလုပ်သွားမှာကို စောင့်မျှော်အားပေးနိုင်ပါတယ်။

Ref – Gizmo China