Zawgyi

Blackview ဆိုတာကေတာ့ ၂၀၁၃ခုႏွစ္ မတ္လတုန္းက စတင္တည္ေထာင္ခဲ့တဲ့ စမတ္ဖုန္း ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Blackview ကုမၸဏီအေနနဲ႔ A30, BV9500 Pro, BV9500, A20 Pro, BV5800 Pro, P10000 Pro, BV9000 Pro, BV8000 Pro, BV7000 Pro, BV7000, BV6000, BV6000s စတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါ စမတ္ဖုန္းေတြကို United States, Ukraine, Italy, Spain, United Kingkom, France, Germany, Japan, Czech Republic, Greece, Algeria, Singapore, Malaysia, Philippines, Laos နဲ႔ အျခားႏိုင္ငံမ်ားမွာ တင္ပို႔ေရာင္းခ်ေနတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာလည္း Blackview စမတ္ဖုန္းေတြကို ကမာၻအႏွံ႔အျပားမွာ ျဖန္႔ခ်ီေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

BV9500 Pro ဟာ Blackview ရဲ႕ ေနာက္ဆုံးထြက္ စမတ္ဖုန္း တစ္လုံးျဖစ္ၿပီး Android 8.1 Oreo နဲ႔ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။ Display အပိုင္းအတြက္ ၅.၇ လက္မ အ႐ြယ္အစားရွိ FHD IPS LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2160 pixels ရွိပါမယ္။ Processor အပိုင္းအတြက္ Helio P23 SoC ကို အသုံးျပဳထားၿပီး ARM Mali-G71-MP2 GPU ပါဝင္မွာ ျဖစ္ပါတယ္။ RAM အေနနဲ႔ 6GB ပါဝင္ၿပီး Memory Storage ကိုေတာ့ 128GB အထိ ထည့္သြင္းေပးထားပါတယ္။

 

ေနာက္ေက်ာဘက္မွာ 16MP (f/2.0) + 0.3MP (f/2.8) Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 13MP (f/2.0) Camera ကို တပ္ဆင္ထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ဖုန္းရဲ႕ ညာဘက္ေဘးမွာ တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ Blackview BV9500 Pro ဟာ Water & Dust resistance အပိုင္းမွာ IP68/IP69K Certificate ရရွိထားတဲ့ စမတ္ဖုန္း တစ္လုံးျဖစ္ပါတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏအေနနဲ႔ 10000mAh အထိ ထည့္သြင္းေပးထားၿပီး 12V/2A အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာပါ။ ဒါ့အျပင္ QI ႀကိဳးမဲ့ အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ အေလးခ်ိန္ကေတာ့ ၃၆၅ဂရမ္ ရွိပါတယ္။

Blackview BV9500 Pro ကို အေရာင္ေတြအေနနဲ႔ Black, Green, Yellow ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး RAM 6GB + Storage 128GB ေမာ္ဒယ္ကို ကန္ေဒၚလာ ၄၂၉.၉၉ ေဒၚလာ (ျမန္မာေငြ ၆သိန္းခြဲ ဝန္းက်င္)နဲ႔ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: blackview

Unicode

10000mAh ဘက်ထရီ ပါဝင်တဲ့ အကြမ်းစား အလန်းစား စမတ်ဖုန်း Blackview BV9500 Pro

Blackview ဆိုတာကတော့ ၂၀၁၃ခုနှစ် မတ်လတုန်းက စတင်တည်ထောင်ခဲ့တဲ့ စမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Blackview ကုမ္ပဏီအနေနဲ့ A30, BV9500 Pro, BV9500, A20 Pro, BV5800 Pro, P10000 Pro, BV9000 Pro, BV8000 Pro, BV7000 Pro, BV7000, BV6000, BV6000s စတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်ဖုန်းတွေကို United States, Ukraine, Italy, Spain, United Kingkom, France, Germany, Japan, Czech Republic, Greece, Algeria, Singapore, Malaysia, Philippines, Laos နဲ့ အခြားနိုင်ငံများမှာ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း Blackview စမတ်ဖုန်းတွေကို ကမ္ဘာအနှံ့အပြားမှာ ဖြန့်ချီရောင်းချသွားမယ်လို့ သိရပါတယ်။

BV9500 Pro ဟာ Blackview ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း တစ်လုံးဖြစ်ပြီး Android 8.1 Oreo နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ Display အပိုင်းအတွက် ၅.၇ လက်မ အရွယ်အစားရှိ FHD IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါမယ်။ Processor အပိုင်းအတွက် Helio P23 SoC ကို အသုံးပြုထားပြီး ARM Mali-G71-MP2 GPU ပါဝင်မှာ ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ပါဝင်ပြီး Memory Storage ကိုတော့ 128GB အထိ ထည့်သွင်းပေးထားပါတယ်။

 

နောက်ကျောဘက်မှာ 16MP (f/2.0) + 0.3MP (f/2.8) Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 13MP (f/2.0) Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို ဖုန်းရဲ့ ညာဘက်ဘေးမှာ တပ်ဆင်ထားတာ တွေ့ရပါတယ်။ Blackview BV9500 Pro ဟာ Water & Dust resistance အပိုင်းမှာ IP68/IP69K Certificate ရရှိထားတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏအနေနဲ့ 10000mAh အထိ ထည့်သွင်းပေးထားပြီး 12V/2A အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် QI ကြိုးမဲ့ အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။အလေးချိန်ကတော့ ၃၆၅ဂရမ် ရှိပါတယ်။

Blackview BV9500 Pro ကို အရောင်တွေအနေနဲ့ Black, Green, Yellow ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး RAM 6GB + Storage 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၄၂၉.၉၉ ဒေါ်လာ (မြန်မာငွေ ၆သိန်းခွဲ ဝန်းကျင်)နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: blackview