EDM Festivals တွေ၊ Events တွေကို သွားတဲ့အချိန်မှာ ပိုက်ဆံတွေယူသွားရင် ပျောက်မှာ၊ ရေစိုပျက်စီးမှာတွေစိုးလို့ ငွေပေးချေမှုတစ်ခုအတွက် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ BlocNATION ရဲ့ BNTN Toekn ကို Crypto-Payment စနစ်တွေကိုအသုံးပြုထားပြီးတော့ PounchNATION ရဲ့ အရှေ့တောင်အာရှမှာပြုလုပ်နေတဲ့ Events တွေအတွက် အသုံးပြုနေတဲ့ Cashless Payment တစ်ခုလည်းဖြစ်ပါတယ်။

PouchNATION က ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲက စတင်ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ Festivals တွေ၊ Events တွေမှာ လက်ပတ်တွေကနေတစ်ဆင့် Cashless Payment စနစ်နဲ့ ငွေပေးချေနိုင်တဲ့ စနစ်တွေကို စတင်ဝန်ဆောင်မှုပေးနေခဲ့တာဖြစ်ပါတယ်။ အခု စနစ်ကိုအသုံးပြုလိုက်တာက Organizers တွေ၊ Brands တွေ နဲ့ Hostels တွေကို End-to-End Management စနစ်ကို ထောက်ပံ့ပေးပြီးတော့ လူအရေအတွက် ၃၀၀၀ ကနေ ၁၅၀,၀၀၀ အထိကို အသေးစိတ် Manage လုပ်နိုင်မှာပါ။ အခု PouchNATION ဟာဆိုရင် Event ကို လာရောက်တဲ့ ဧည့်သည်တွေကို Tickets တွေ၊ Registration တွေ၊ Cashless Payments တွေနဲ့ အခြားသော Social Media Engagement တွေ၊ Brands တွေကိုလည်း ထိန်းချုပ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ PouchNATION ဟာ အရှေ့တောင်အာရှနိုင်ငံမှာ အသုံးချနေပြီးတော့ အခြားသော အမေရိကန်၊ ဥရောပ နဲ့ တကမ္ဘာလုံးမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

PouchNATION ဟာ BlocNATION ရဲ့ BNTN Token တွေကို အဓိကငွေကြေးအနေနဲ့ အသုံးပြုပြီးတော့ ငွေကြေးကွာခြားချက်တွေကိုလည်း ဖယ်ရှားနိုင်သွားပါတယ်။

အခု BlocNATION စနစ်ကလည်း မြန်မာနိုင်ငံမှာ အခုအချိန်ကစတင်ပြီးတော့ အသုံးပြုလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကဲ… ငွေကြေးကိုင်ဆောင်စရာမလိုပဲ လက်ပတ်ကနေ Payment တွေပေးချေနိုင်တဲ့ BlocNATION ကို ကြိုဆိုလိုက်ရအောင်။