iPad mini တွေဟာ ဒီဇိုင်း တူညီနေကြတဲ့အတွက် ရိုးအီလာပါပြီ။ အခုတော့ Bloomberg ရဲ့ Mark Gurman က ဒီနှစ် နှောင်းပိုင်းမှာ ထွက်မယ့် iPad mini မှာ ဒီဇိုင်း လုံးဝ ပြောင်းလဲထားမယ်လို့ ပြောပါတယ်။ သူက ၉ နှစ်ကြာ သမိုင်းကြောင်းမှာ အကြီးမားဆုံး ဒီဇိုင်း ဆန်းသစ်မှုလို့ တင်စားပါတယ်။

ပြီးခဲ့တဲ့ လက iPad mini ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီး မျက်နှာပြင်ဘေးဘောင်တွေ ပိုပါးလွှာကာ ထောင့်စွန်းတွေ လေးထောင့်ကျတာ မြင်ရပါတယ်။ TouchID Home Button ကိုမတွေ့ရပါဘူး။ မျက်နှာပြင်ဘေးဘောင် ပါးလွှာတဲ့အတွက် အရွယ်ပိုကြီးတဲ့ မျက်နှာပြင် တပ်ဆင်လို့ ရလာပါတယ်။ Ming-Chi Kuo က မျက်နှာပြင် ထောင့်ဖြတ် အတိုင်းအတာဟာ ၈.၅ ကနေ ၉ လက်မအတွင်း ရှိမယ်လို့ သတင်းပေးထားပါတယ်။ အရင်မျိုးဆက်ရဲ့ ၇.၉ လက်မထက် ပိုကြီးလာမှာပါ။ တခြား ပြောင်းလဲမှုတွေလည်း ပါလာမှာ ဖြစ်ပြီး Lighting Port အစား USB-C Port တပ်ဆင်ထားမှာပါ။ TouchID ကို ဆက်သုံးဦးမှာ ဖြစ်ပေမယ့် ပါဝါခလုတ်အောက်မှာ မြှပ်နှံထားမှာပါ။

The 23.5

Mark Gurman က Apple ဟာ Intel Core Processor သုံးထားတဲ့ လက်ရှိ ၂၇ လက်မ iMac တွေနေရာမှာ Apple Silicon တွေထည့်ထားတဲ့ iMac တွေနဲ့ အစားထိုးမယ်လို့လည်း သတင်းပေးထားပါတယ်။ ဒါဟာ Apple M1 မဟုတ်နိုင်ဘဲ နောက်ထွက်မယ့် M1X ဖြစ်နိုင်ပါတယ်။ ၂၇ လက်မ မော်ဒယ်ကို အစားထိုးမယ့် iMac အသစ်မှာ ပိုကြီးတဲ့ မျက်နှာပြင် ပါလာနိုင်ပါတယ်။ Chip နဲ့ မျက်နှာပြင် အသစ်တွေပါတဲ့ iMac အသစ်ဟာ ၂၀၁၇ က မိတ်ဆက်ခဲ့ပြီး အခု မရောင်းတော့တဲ့ iMac Pro နေရာကို ဝင်ရောက်လာနိုင်ပါတယ်။

လက်ရှိ ၂၇ လက်မ iMac Series အတွက် ပြီးခဲ့တဲ့ နှစ်က အသစ်ထွက်ခဲ့တဲ့အတွက် မဟောင်းသေးဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် Apple ဟာ Intel ကို မမှီခိုချင်တဲ့ နည်းဗျူဟာကို ကျင့်သုံးချင်နေပါတယ်။ လက်ရှိ Apple Chip သုံးထားတဲ့ တစ်ခုထဲသော iMac မှာ ၂၃.၅ လက်မ မျက်နျာပြင်နဲ့ M1 Chip ထည့်ထားတာပါ။ ၂၁.၅ လက်မ မော်ဒယ်ကို အစားထိုးမယ့် သတင်း မထွက်လာသေးပါဘူး။

Ref : gsmarena