ကမ္ဘာ့ အချမ်းသာဆုံး Jeff Bezos ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အာကာသသို့ ခရီးသွားခဲ့ပြီး တက္ကဆက်ရှိ သဲကန္တာရကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ခရီးစဉ် စီမံကိန်းကို NS-16 လို့ နာမည်ပေးထားပြီး Bezos ပိုင်ဆိုင်တဲ့ Blue Origin ရဲ့ လူလိုက်ပါတဲ့ ပထမဆုံး အာကာသ ခရီးစဉ် ဖြစ်ပါတယ်။ Blue Origin ရဲ့ အာကာသ ခရီးသွားလုပ်ငန်းအတွက် ရှေ့ပြေး အောင်မြင်မှုတစ်ခု ဖြစ်ပြီး ခရီးစဉ်မှာ Bezos နဲ့အတူ အဖွဲ့ဝင် သုံးဦးလိုက်ပါသွားတာပါ။

တိုက်ခန်း ၆ ထပ်လောက် အမြင့်ရှိတဲ့ Shepard ဒုံးပျံ အသစ်နဲ့ တက္ကဆက်ပြည်နယ် ဗန်ဟွန်း Launch Site ကနေ အင်္ဂါနေ့က ထွက်ခွာခဲ့တာ ဖြစ်ပြီး ဒုံးပျံအထက်မှာ RSS First Step Crew Capsule အာကာသယာဉ်ကို တပ်ဆင်ထားတာပါ။ Bezos နဲ့အတူ လိုက်ပါသွားသူတွေက ညီဖြစ်သူ Mark ၊ လေကြောင်း ပျံသန်းမှု နယ်ပယ်မှာ နာမည်ကြီးတဲ့ Wally Funk နဲ့ နယ်သာလန်က ဆယ်ကျော်သက် Oliver Daemen တို့ ဖြစ်ပါတယ်။ Daemen ဟာ Blue Origin ရဲ့ အခကြေးငွေပေးပြီး အာကာသခရီးစဉ်ကို လိုက်ပါတဲ့ ပထမဆုံး ခရီးသည် အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

သူတို့တွေဟာ Capsule ထဲမှာ လိုက်ပါသွားတာ ဖြစ်ပြီး Capsule ဟာ အသံထက် သုံးဆမြန်တဲ့ အမြန်နှုန်းနဲ့ မြေပြင်က အထက် ၆၆ မိုင်အထိ ခရီးနှင်ခဲ့တာပါ။ အဲဒီ အမြင့်မှာ ခရီးသည်တွေဟာ ကမ္ဘာမြေဆွဲအားလွတ်မြောက်သွားတဲ့ အရသာကို ခံစားခဲ့ကြရပြီး အဲဒီနောက်မှာ မြေပြင်ကို ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။

Blue Origin Launch

Bezos ဟာ ကလေးဘဝကတည်းက အာကာသကို ခရီးသွားချင်ခဲ့တာလို့ ပြောပြပါတယ်။ သူဟာ အာကာသကို ခရီးသွားခဲ့တဲ့ ဒုတိယမြောက် ဘီလီယမ်နာ ဖြစ်လာပါတယ်။ ဒီလထဲမှာပဲ သူ့ထက် အရင်စောပြီး Virgin Galactic ရဲ့ သူဌေး Richard Branson က အာကာသကို ခရီးထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာကာသခရီးသွားလုပ်ငန်းတွေ အနာဂတ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်လာတော့မှာပါ။

Blue Origin Launch

Ref : theverge