BOE ဟာ တရုတ်ရဲ့ ဧရာမ Display ထုတ်လုပ်မှုလုပ်ငန်းကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ BOE ကထုတ်လုပ်တဲ့ Display တွေဟာ Flagship စမတ်ဖုန်းတွေသာမက အခြားနည်းပညာထုတ်ကုန်တွေပေါ်မှာလည်း မြင်တွေ့နေရပါတယ်။ ဒီကုမ္ပဏီဟာ QLED နည်းပညာကို အောင်မြင်စွာနိုင် ပိုင်ဆိုင်ခဲ့ပြီဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။

BOE ရဲ့ ကြေညာချက်အရ Resolution 500ppi နဲ့ 114% NTSC color gamut ရတဲ့ Panel ကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ AMOLED (Active-Matrix Organic Light-Emitting Diode) တွေဟာ ပိုပြီးကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ အလင်းထိန်းချုပ်မှုကောင်းမွန်စေတဲ့ TFT (thin-film transistors) OLED panel အမျိုးအစားလည်း ဖြစ်ပါတယ်။

Display ထုတ်လုပ်သူတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက QLED (Quantum Dot Light-Emitting Diode) လို့ခေါ်တွင်တဲ့ နည်းပညာမြင့် Panel အမျိုးအစားသစ်မှာ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံနေကြတာကို တွေ့မြင်ရပါတယ်။ သိပ်မကြာသေးခင်ကပဲ Samsung Display ဟာ QLED ကို ပိုပြီးအာရုံစိုက်ဖို့အတွက် ၂၀၂၀ အကုန်မှာ LCD လုပ်ငန်းကို လက်လွှတ်တော့မယ်လို့ တရားဝင်ကြေညာခဲ့ပါသေးတယ်။

ကမ္ဘာ့အကြီးဆုံး OLED ထုတ်လုပ်မှုလုပ်ငန်းကြီးဟာ QLED အပေါ် အခုလိုရူးသွပ်သွားရတဲ့အကြောင်းအရင်းကို အလားတူကုမ္ပဏီတွေကလည်း သိရှိကြမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒီလိုအချိန်မှာ BOE က မြင့်မားတဲ့ Pixel သိပ်သည်းဆနဲ့ Color gamut ရှိတဲ့ Panel ကို ထုတ်လုပ်အောင်မြင်ခဲ့တာကြောင့် ဈေးကွက်ကို ပိုပြီးချဲ့ထွင်ဖို့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Ref: Gizmochina