အမေရိကန် လေယာဉ် ထုတ်လုပ်သူ Boeing ဟာ မြေပြင်ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်တဲ့ မောင်းသူမဲ့ လျှပ်စစ် လေယာဉ် တည်ဆောက်ဖို့အတွက် Wisk မှာ ဒေါ်လာ သန်း ၄၅၀ ရင်းနှီးမြှပ်နှံလိုက်ပါတယ်။ Wisk ဟာ လျှပ်စစ် တက္ကစီ လေယာဉ်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီ ဖြစ်ပြီး Larry Page တည်ထောင်ထားတဲ့ Kitty Hawk နဲ့ Boeing တို့က Wisk ကို ပိုင်ဆိုင်ပါတယ်။

Boeing Invests $450 Million To Build a Fully Autonomous Flying Taxi

ကားလမ်း ပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် နည်းပညာ ကုမ္ပဏီတွေဟာ တက္ကစီ လေယာဉ်နဲ့ ကားပျံတွေကို ဖန်တီးလာကြပါတယ်။ အမေရိကန်က National Aeronautics and Space Administration (NASA) က အဲဒီနည်းပညာကို တွန်းအားပေးနေပြီး တက္ကစီ လေယာဉ်တွေ စမ်းသပ်ပျံသန်းနိုင်အောင်နဲ့ ဟိုက်ဒရိုဂျင်လို လောင်စာ အရင်းအမြစ်တွေ စမ်းသပ် အသုံးချနိုင်အောင် ကူညီပေးနေပါတယ်။

Boeing Invests $450 Million in Wisk Aero's Autonomous eVTOL - FLYING  Magazine

ဒီနည်းပညာ နယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေ အရှိန်အဟုန် ပြင်းထန်နေပါတယ်။ Reuters က ကုမ္ပဏီ အများစုဟာ ၂၀၂၄ ခုနှစ်မှာ တက္ကစီ လေယာဉ် သို့မဟုတ် ကားပျံတွေကို ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် Boeing က ပထမမျိုးဆက် တက္ကစီ လေယာဉ်တွေကို မထုတ်လုပ်တော့ဘဲ ဒီထက်ပိုအဆင့်မြင့်တဲ့ မောင်းသူမဲ့ တက္ကစီ လေယာဉ်တွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

Wisk ဟာ မောင်းသူမဲ့ တက္ကစီ လေယာဉ်ကို ၂၀၂၈ ခုနှစ် မတိုင်ခင်အထိ ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ Boeing ရဲ့ ဒေါ်လာ သန်း ၄၅၀ ရင်းနှီးမြှပ်နှံတဲ့ ရည်ရွယ်ချက်ဟာ ရှည်လျားတဲ့ ခရီးလမ်းကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

Ref : interestingengineering