Bollywood ကမ္ဘာက အိန္ဒိယ Celebrity တွေဟာ Non-fungible Tokens (NFTs) နယ်ပယ်ထဲ ဝင်ရောက်လာကြပြီး ပရိသတ်တွေဆီက ငွေကြေးတွေ သဲ့ယူဖို့ ကြိုးစားနေကြပါတယ်။ NFTs တွေဟာ ဓါတ်ပုံနဲ့ ဗီဒီယိုလို အရာတွေကို ပိုင်ဆိုင်မှုအား Blockchain ကို အသုံးပြုကာ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

Amitabh Bachchan: King B - Independence Day Special News - Issue Date: Aug  30, 2021

Amitabh Bachchan နဲ့ Salman Khan တို့လို Bollywood ကြယ်ပွင့်တွေဟာ ကိုယ်ပိုင် NFTs တွေကို မကြာခင် ကြေညာဖို့ စီစဉ်နေပါတယ်။ Bachchan ရဲ့ NFTs ထဲမှာ သူ့ ရုပ်ရှင် ပိုစတာတွေမှာ လက်မှတ်ထိုးထားတာတွေ ပါဝင်ပြီး Khan က Follower ၄၃ သန်းရှိတဲ့ တွစ်တာမှာ NFTs ရောင်းချဖို့ စီစဉ်နေတယ်ဆိုတာ အသိပေးထားပါတယ်။

Salman Khan sets record straight about having a wife, 17-year-old daughter  in Dubai

Bollywood ရဲ့ NFTs ဈေးကွက် ၁ ခု ဖြစ်တဲ့ Bollycoin မှ Ayaan Agnihotri က “ NFTs တွေဟာ Bollywood မှာ ရေပန်းစားနေပြီး ရုပ်ရှင် ကြယ်ပွင့်တွေဟာ သူတို့ရဲ့ Content တွေကို ဝင်ငွေအဖြစ်ပြောင်းလဲနေကြပါတယ်။ “ လို့ ပြောပါတယ်။

အိန္ဒိယရဲ့ ထိပ်တန်း ဖက်ရှင် ဒီဇိုင်နာ ၁ ယောက် ဖြစ်တဲ့ Manish Malhotra ဟာ သူ့ရဲ့ နာမည်ကြီး ဖန်တီးမှုတွေထဲက တချို့ကို  NFTs အနေနဲ့ မကြာခင်က ရောင်းချခဲ့ပြီး ၁ ခုကို ဒေါ်လာ ၄,၀၀၀ ရခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် တတိယကွာတား ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကမ္ဘာအဝန်းမှာ NFTs ရောင်းချရမှုဟာ ဒေါ်လာ ၁၀.၇ ဘီလီယမ် ရှိခဲ့ပြီး အရင်နှစ် ကွာတား ၃ ထက် ၈ ဆလောက်မြင့်မားလာတယ်လို့ DappRadar ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

အိန္ဒိယရဲ့ Crypto အရောင်းအဝယ်ပြုလုပ်တဲ့ WazirX မှ ဒုတိယ ဥက္ကဌ Vishakha Singh က Celebrity တွေ ပါဝင်လာမှုကြောင့် NFTs ဈေးကွက်ဟာ ပိုစိတ်ဝင်စားစရာ ကောင်းလာတယ်လို့ သုံးသပ်ပါတယ်။

Ref : reuters