[Zawgyi]

အသက္ (၁၁) ႏွစ္အရြယ္ ကေလးငယ္ရဲ႕ အိပ္ယာေပၚမွာ ဆမ္ေဆာင္း တက္ဘလက္တစ္လံုး မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။ ကေလးက တက္ဘလက္ကို တစ္ညလံုး အားသြင္းခဲ့တာပါ။ ဒီျဖစ္ရပ္ေၾကာင့္ မိသားစု၀င္အားလံုး တုန္လႈပ္သြားၾကပါတယ္။ ကံေကာင္းတာက အိပ္ယာခင္းဟာ မီးခိုးမ်ားသာ ထြက္ခဲ့ၿပီး မီးေတာက္ေလာင္ျခင္း မရွိခဲ့ပါဘူး။ အဲဒီအတြက္ ကေလးငယ္ဟာလည္း ထိခိုက္ဒဏ္ရာရျခင္း မရွိခဲ့ပါဘူး။

ကေလးငယ္ရဲ႕ ဖခင္က မီးသတ္ဌာနကို  ၾကာသာပေတး မနက္မွာ အေၾကာင္းၾကားခဲ့ပါတယ္။ အခင္းျဖစ္ပြားရာကို အေစာဆံုး ေရာက္ခဲ့တဲ့ မီးသတ္သမား Brad Robins က ဒါဟာ ဖုန္း၊ တက္ဘလက္ေတြကို တစ္ညလံုး အားသြင္းခဲ့တာေၾကာင့္လို႔ သတိေပးလိုက္ပါတယ္။ အဲဒီတက္ဘလက္ကို လြန္ခဲ့တဲ့ ေလးႏွစ္က ၀ယ္ယူခဲ့တာ ျဖစ္ၿပီး ဆမ္ေဆာင္းရဲ႕ အားသြင္းႀကိဳး အစစ္ကိုသာ သံုးၿပီး အားသြင္းခဲ့တာ ျဖစ္ပါတယ္။

Staffordshire Fire and Rescue Service က တက္ဘလက္ဟာ မီးေလာင္မႈ မျဖစ္ခင္ ည ၉ နာရီကတည္းက အပူလြန္ကဲခဲ့တာ ျဖစ္တယ္လုိ႔ေျပာပါတယ္။ တက္ဘလက္ အပူလြန္ကဲမႈေၾကာင့္ ေမြ႕ယာေအာက္အထိ ေလာင္ကြ်မ္းသြားခဲ့ပါတယ္။ ကံေကာင္းတာက တစ္ေငြ႕ေငြ႕ အပူေလာင္ကြ်မ္းသြားတာျဖစ္ၿပီး မီးေတာက္ေလာင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ကေလးငယ္ မနက္ အိပ္ယာႏိုးလာခ်ိန္မွာ အိပ္ယာမွာ အေပါက္တစ္ခုကို ျမင္ေတြ႕ခဲ့ရၿပီး မီးကြ်မ္းသြားတဲ့ အမည္းေရာင္ အမႈန္မ်ား၊ အမဲကြက္မ်ားကို ေတြ႕ခဲ့ရပါတယ္။ မီးသတ္သမား Brad က အလားတူ မီးေလာင္မႈ မျဖစ္ပြားေအာင္ ေရွာင္ၾကဥ္ရမယ့္ အခ်က္မ်ားကို အၾကံေပးသြားခဲ့ပါတယ္။  ဖုန္းကို မီးမေလာင္ႏိုင္တဲ့ အရာ အေပၚမွာ တင္ၿပီး အားသြင္းသင့္ၿပီး ကုမၸဏီရဲ႕ အားသြင္းႀကိဳး အစစ္မ်ားကို အသံုးျပဳသင့္တယ္လို႔ သူက ေျပာပါတယ္။

Ref : thesun

[Unicode]

အိပ်ယာပေါ်မှာ Samsung Tablet မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ မရခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် ကလေးငယ်

အသက် (၁၁) နှစ်အရွယ် ကလေးငယ်ရဲ့ အိပ်ယာပေါ်မှာ ဆမ်ဆောင်း တက်ဘလက်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ကလေးက တက်ဘလက်ကို တစ်ညလုံး အားသွင်းခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် မိသားစုဝင်အားလုံး တုန်လှုပ်သွားကြပါတယ်။ ကံကောင်းတာက အိပ်ယာခင်းဟာ မီးခိုးများသာ ထွက်ခဲ့ပြီး မီးလောင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီအတွက် ကလေးငယ်ဟာလည်း ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး။

ကလေးငယ်ရဲ့ ဖခင်က မီးသတ်ဌာနကို ကြာသာပတေး မနက်မှာ အကြောင်းကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာကို အစောဆုံး ရောက်ခဲ့တဲ့ မီးသတ်သမား Brad Robins က ဒါဟာ ဖုန်း၊ တက်ဘလက်တွေကို တစ်ညလုံး အားသွင်းခဲ့တာကြောင့်လို့ သတိပေးလိုက်ပါတယ်။ အဲဒီတက်ဘလက်ကို လွန်ခဲ့တဲ့ လေးနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပြီး ဆမ်ဆောင်းရဲ့ အားသွင်းကြိုး အစစ်ကိုသာ သုံးပြီး အားသွင်းခဲ့တာ ဖြစ်ပါတယ်။

Staffordshire Fire and Rescue Service က တက်ဘလက်ဟာ မီးလောင်မှု မဖြစ်ခင် ည ၉ နာရီကတည်းက အပူလွန်ကဲခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။ တက်ဘလက် အပူလွန်ကဲမှုကြောင့် မွေ့ယာအောက်အထိ လောင်ကျွမ်းသွားခဲ့ပါတယ်။ ကံကောင်းတာက တစ်ငွေ့ငွေ့ အပူလောင်ကျွမ်းသွားတာဖြစ်ပြီး မီးတောက်လောင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ် မနက် အိပ်ယာနိုးလာချိန်မှာ အိပ်ယာမှာ အပေါက်တစ်ခုကို မြင်တွေ့ခဲ့ရပြီး မီးကျွမ်းသွားတဲ့ အမည်းရောင် အမှုန်များ၊ အမဲကွက်များကို တွေ့ခဲ့ရပါတယ်။ မီးသတ်သမား Brad က အလားတူ မီးလောင်မှု မဖြစ်ပွားအောင် ရှောင်ကြဉ်ရမယ့် အချက်များကို အကြံပေးသွားခဲ့ပါတယ်။ ဖုန်းကို မီးမလောင်နိုင်တဲ့ အရာ အပေါ်မှာ တင်ပြီး အားသွင်းသင့်ပြီး ကုမ္ပဏီရဲ့ အားသွင်းကြိုး အစစ်များကို အသုံးပြုသင့်တယ်လို့ သူက ပြောပါတယ်။

Ref : thesun