Zawgyi

အသက္ ၁၆ႏွစ္ အ႐ြယ္ရွိ ၾသစေတးလ်ႏိုင္ငံသား ကေလးငယ္တစ္ဦးဟာ Apple Servers ေတြကို Hack ၿပီး 90GB ပမာဏရွိတဲ့ အေရးႀကီး အခ်က္အလက္ေတြကို Download ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ Download ရယူခဲ့တဲ့ အခ်က္အလက္ေတြမွာ Customer Accounts နဲ႔ Password ေတြပါဝင္ခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ အျဖစ္အပ်က္ကို Apple ဘက္က ရိပ္မိသြားတဲ့အခါမွာေတာ့ Federal Bureau of Investigation (FBI) ကို တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ FBI က ေျခရာခံၿပီး လိုက္လံစုံစမ္းတဲ့အခါမွာ ၎ Data ေတြကို ၾသစေတးလ်ႏိုင္ငံကေန တစ္ဆင့္ Download ရယူခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၁၆ႏွစ္အ႐ြယ္ ၾသစေတးလ်ႏိုင္ငံသားေလးဟာ Hacking အေၾကာင္းကို ေကာင္းမြန္စြာ နားလည္ တတ္ကြၽမ္းထားသူ တစ္ဦးျဖစ္ၿပီး Apple ရဲ႕ လုံၿခဳံေရးစနစ္ကို ခ်ိဴးေဖာက္ဖို႔အတြက္ VPNs (Virtual Private Network) နဲ႔ အျခားေသာ Hacking tools ေတြကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ကေလးငယ္ဟာ 90GB ပမာဏရွိ အေရးႀကီး အခ်က္အလက္ေတြကို Download ရယူၿပီး “hacky hack hack” လို႔ အမည္ေပးထားတဲ့ ဖိုင္ထဲမွာ သိမ္းဆည္းခဲ့တာ ျဖစ္ပါတယ္။

“သူက လက္တည့္စမ္းခ်င္တဲ့ သေဘာမ်ိဴးနဲ႔ လုပ္ခဲ့တာပါ။ ေနာက္ၿပီးေတာ့ သူ႔ရဲ႕ လုပ္ရပ္အတြက္ အျပစ္ရွိေၾကာင္း ဝန္ခံမွာျဖစ္ၿပီး အသနားခံစာ ေပးပို႔သြားမွာ ျဖစ္တယ္”လို႔ ကေလးငယ္ရဲ႕ ေရွ႕ေနက ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ “Apple မွာ အလုပ္ရဖို႔အတြက္လည္း ေမွ်ာ္လင့္ေနတယ္”လို႔ ထပ္မံေျပာၾကားသြားပါတယ္။

Ref: 9to5mac

Unicode

ကလေးငယ်တစ်ဦးက Apple Server ကို Hack ပြီး အရေးကြီး အချက်အလက်တွေကို Download ရယူခဲ့

အသက် ၁၆နှစ် အရွယ်ရှိ သြစတေးလျနိုင်ငံသား ကလေးငယ်တစ်ဦးဟာ Apple Servers တွေကို Hack ပြီး 90GB ပမာဏရှိတဲ့ အရေးကြီး အချက်အလက်တွေကို Download ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Download ရယူခဲ့တဲ့ အချက်အလက်တွေမှာ Customer Accounts နဲ့ Password တွေပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖြစ်အပျက်ကို Apple ဘက်က ရိပ်မိသွားတဲ့အခါမှာတော့ Federal Bureau of Investigation (FBI) ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် FBI က ခြေရာခံပြီး လိုက်လံစုံစမ်းတဲ့အခါမှာ ၎င်း Data တွေကို သြစတေးလျနိုင်ငံကနေ တစ်ဆင့် Download ရယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၁၆နှစ်အရွယ် သြစတေးလျနိုင်ငံသားလေးဟာ Hacking အကြောင်းကို ကောင်းမွန်စွာ နားလည် တတ်ကျွမ်းထားသူ တစ်ဦးဖြစ်ပြီး Apple ရဲ့ လုံခြုံရေးစနစ်ကို ချိူးဖောက်ဖို့အတွက် VPNs (Virtual Private Network) နဲ့ အခြားသော Hacking tools တွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကလေးငယ်ဟာ 90GB ပမာဏရှိ အရေးကြီး အချက်အလက်တွေကို Download ရယူပြီး “hacky hack hack” လို့ အမည်ပေးထားတဲ့ ဖိုင်ထဲမှာ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

“သူက လက်တည့်စမ်းချင်တဲ့ သဘောမျိူးနဲ့ လုပ်ခဲ့တာပါ။ နောက်ပြီးတော့ သူ့ရဲ့ လုပ်ရပ်အတွက် အပြစ်ရှိကြောင်း ဝန်ခံမှာဖြစ်ပြီး အသနားခံစာ ပေးပို့သွားမှာ ဖြစ်တယ်”လို့ ကလေးငယ်ရဲ့ ရှေ့နေက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “Apple မှာ အလုပ်ရဖို့အတွက်လည်း မျှော်လင့်နေတယ်”လို့ ထပ်မံပြောကြားသွားပါတယ်။

Ref: 9to5mac