[Zawgyi]

ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က တရုတ္အေျခစုိက္ထုတ္လုပ္သူ OPPO ကုမၸဏီဟာ သူတုိ႔ရဲ႕ Voice Assistant အသစ္ျဖစ္တဲ့ Breeno ကို မိတ္ဆက္ေပးခဲ့ပါတယ္။ ကုမၸဏီကေတာ့ Breeno ဟာ နားလည္ႏုိင္စြမ္း၊ ဆုံးျဖတ္ႏုိင္စြမ္းနဲ႔ သင္ယူႏုိင္စြမ္း ထည့္သြင္းထားတဲ့ ဥာဏ္ရည္တု Assistant စနစ္အသစ္လို႔ ဆုိပါတယ္။

ယခုအခါ OPPO ကုမၸဏီဟာ Breeno ကို OPPO R15 စမတ္ဖုန္းမွာ ပထမဆုံး ထည့္သြင္းသုံးစြဲႏုိင္မယ္လုိ႔ အတည္ျပဳေပးခဲ့ပါၿပီ။ OPPO ရဲ႕ေျပာၾကားခ်က္အရင္ OPPO R15 ဖုန္းဟာ ပထမဆုံး ဘီတာစမ္းသပ္ Update ကို လက္ခံရရွိမည္လို႔ သိရတယ္။

Breeno ကုိ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက OPPO Developer Conference ပြဲမွာ OPPO မွ စတင္မိတ္ဆက္ခဲ့တာပါ။ ColorOS 6 ဘီတာတုန္းကလိုပဲ OPPO R15 Gradient ဗားရွင္းဟာ ေစာေစာစီးစီး စမ္းသပ္သုံးစြဲႏုိင္ဖို႔ အခြင့္အေရးကို တစ္ခါထပ္ရခဲ့ျပန္ပါတယ္။

Breeno ရဲ႕ ရည္မွန္းခ်က္ကေတာ့ ပြင့္လင္းျမင္သာဖို႔၊ ေဝမွ်ဖို႔နဲ႔ ဖန္တီးဖို႔ပါ။ ထုတ္လုပ္သူကုမၸဏီဟာ လက္ရွိေခတ္စားေနတဲ့ AI ဥာဏ္ရည္တုနဲ႔ စမတ္အိမ္သုံးနည္းပညာ Internet of Things (IoT) တုိ႔ကို တုိးတက္ေအာင္ ၾကံေဆာင္ေနၿပီး Breeno က IoT ရဲ႕ဗဟုိခ်က္ ျဖစ္လာႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားတာပါ။

သူ႕မွာ Module ၇ မ်ဳိးပါဝင္ၿပီး အၾကံေပးျခင္း၊ Screen Recognition ၊ သတိေပးျခင္း ၊ အျမန္ႏႈန္း ၊ အသံ ၊ ယာဥ္ေမာင္းႏွင္ျခင္းနဲ႔ Space တုိ႔ျဖစ္ပါတယ္။ Breeno ရဲ႕ စမတ္ Interaction Module အသစ္ကေတာ့ “အၾကံေပးျခင္း” ပါ။ ဥပမာ ေလဆိပ္ကို ေရာက္ေနတယ္ဆုိရင္ Breeno က သင့္ကို ဆုိက္ေရာက္ရာဂိတ္ေတြရဲ႕ အခ်က္အလက္၊ ခရီးလမ္းေၾကာင္းမ်ားနဲ႔ ဘယ္သူ႕ကို ဆက္သြယ္ေမးျမန္းရမယ္ စတာေတြကို အလိုအေလွ်ာက္ ျပသေပးႏုိင္တယ္လို႔ ဆုိပါတယ္။

Ref – Playful Droid

[Unicode]

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က တရုတ်အခြေစိုက်ထုတ်လုပ်သူ OPPO ကုမ္ပဏီဟာ သူတို့ရဲ့ Voice Assistant အသစ်ဖြစ်တဲ့ Breeno ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကုမ္ပဏီကတော့ Breeno ဟာ နားလည်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်း ထည့်သွင်းထားတဲ့ ဉာဏ်ရည်တု Assistant စနစ်အသစ်လို့ ဆိုပါတယ်။

ယခုအခါ OPPO ကုမ္ပဏီဟာ Breeno ကို OPPO R15 စမတ်ဖုန်းမှာ ပထမဆုံး ထည့်သွင်းသုံးစွဲနိုင်မယ်လို့ အတည်ပြုပေးခဲ့ပါပြီ။ OPPO ရဲ့ပြောကြားချက်အရင် OPPO R15 ဖုန်းဟာ ပထမဆုံး ဘီတာစမ်းသပ် Update ကို လက်ခံရရှိမည်လို့ သိရတယ်။

Breeno ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက OPPO Developer Conference ပွဲမှာ OPPO မှ စတင်မိတ်ဆက်ခဲ့တာပါ။ ColorOS 6 ဘီတာတုန်းကလိုပဲ OPPO R15 Gradient ဗားရှင်းဟာ စောစောစီးစီး စမ်းသပ်သုံးစွဲနိုင်ဖို့ အခွင့်အရေးကို တစ်ခါထပ်ရခဲ့ပြန်ပါတယ်။

Breeno ရဲ့ ရည်မှန်းချက်ကတော့ ပွင့်လင်းမြင်သာဖို့၊ ဝေမျှဖို့နဲ့ ဖန်တီးဖို့ပါ။ ထုတ်လုပ်သူကုမ္ပဏီဟာ လက်ရှိခေတ်စားနေတဲ့ AI ဉာဏ်ရည်တုနဲ့ စမတ်အိမ်သုံးနည်းပညာ Internet of Things (IoT) တို့ကို တိုးတက်အောင် ကြံဆောင်နေပြီး Breeno က IoT ရဲ့ဗဟိုချက် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားတာပါ။

သူ့မှာ Module ၇ မျိုးပါဝင်ပြီး အကြံပေးခြင်း၊ Screen Recognition ၊ သတိပေးခြင်း ၊ အမြန်နှုန်း ၊ အသံ ၊ ယာဉ်မောင်းနှင်ခြင်းနဲ့ Space တို့ဖြစ်ပါတယ်။ Breeno ရဲ့ စမတ် Interaction Module အသစ်ကတော့ “အကြံပေးခြင်း” ပါ။ ဥပမာ လေဆိပ်ကို ရောက်နေတယ်ဆိုရင် Breeno က သင့်ကို ဆိုက်ရောက်ရာဂိတ်တွေရဲ့ အချက်အလက်၊ ခရီးလမ်းကြောင်းများနဲ့ ဘယ်သူ့ကို ဆက်သွယ်မေးမြန်းရမယ် စတာတွေကို အလိုအလျှောက် ပြသပေးနိုင်တယ်လို့ ဆိုပါတယ်။

Ref – Playful Droid