[Zawgyi]

ယူႏိုက္တက္ ကင္းဒမ္းရဲ႕ အႀကီးမားဆုံး Carrier ျဖစ္တဲ့ EE က လာမယ့္ ၂၀၁၉ ခုႏွစ္မွာ ႏိုင္ငံရဲ႕ အေရးပါတဲ့ ၿမိဳ႕ႀကီး ၁၆ ၿမိဳ႕မွာ 5G ကြန္ရက္ေတြ ရရွိဖို႔ စီစဥ္ေနတယ္လို႔ သတင္းထုတ္ျပန္ ေၾကညာလိုက္ပါတယ္။ ပထမအဆင့္ ေျပာင္းလဲမႈအျဖစ္ အဓိကၿမိဳ႕ႀကီးေတြျဖစ္တဲ့ Belfast, Cardiff, Edinburgh, London တို႔အျပင္ အျခားၿမိဳ႕ႀကီးႏွစ္ၿမိဳ႕ျဖစ္တဲ့ Birmingham နဲ႔ Manchester တို႔မွာ စတင္မယ္လို႔ သိရပါတယ္။ အစီအစဥ္ကေတာ့ လာမယ့္ႏွစ္မွာျဖစ္ေပမယ့္ အတိအက်ကိုေတာ့ ေၾကညာခဲ့ျခင္း မရွိပါဘူး။

EE အေနနဲ႔ သူ႔ရဲ႕ 5G ကြန္ရက္ေျပာင္းလဲမႈကို အဆိုပါ ၿမိဳ႕ႀကီး ၆ ၿမိဳ႕မွာ စတင္အာ႐ုံစိုက္ဖို႔ အားထုတ္ထားတာ ျဖစ္ပါတယ္။ Landon မွာဆိုရင္ေတာ့ Hyde Park, Manchester နဲ႔ Belfast ေလဆိပ္ေတြ၊ Edinburgh ရဲ႕ Waverley ဘူတာ႐ုံ၊ Welsh Assembly နဲ႔ Birmingham ရဲ႕ Bullring ေရွာ့ပင္းစင္တာ ေတြကို ဦးစားေပးထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ EE ဟာ တျခားဥေရာပ Carrier ေတြျဖစ္တဲ့ Vodafone, Three UK တို႔နဲ႔လည္း ပူးေပါင္းခ်ိတ္ဆက္ၿပီး ၂၀၁၉ မွာ ႀကီးမားတဲ့ 5G ကြန္ရက္ ျဖန႔္က်က္ႏိုင္ဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

ကနဦး စီစဥ္ထားတဲ့ ဦးစားေပးလုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ၿပီး ကြန္ရက္ျဖန႔္က်က္ၿပီးရင္ေတာ့ ယူေကမွာရွိတဲ့ ေနာက္ထပ္ ၿမိဳ႕ႀကီး ၁၀ ၿမိဳ႕မွာလည္း 5G ကြန္ရက္ေတြ ျဖန႔္က်က္သြားဖို႔ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ဒုတိယဦးစာေပး ၿမိဳ႕ႀကီးေတြထဲမွာ Newcastle, Liverpool, Leeds, Hull, Sheffield, Nottingham, Leicester, Coventry နဲ႔ Bristol တို႔ ပါဝင္တယ္လို႔ သိရပါတယ္။ ပထမဆုံး ကြန္ရက္ျဖန႔္က်က္မယ့္ ဆိုက္ေပါင္း ၁၅၀၀ ကေန Cell traffic ၂၅% တုံ႔ျပန္မႈရမယ္လို႔ EE က ရည္႐ြယ္ထားေၾကာင္းလည္း သိရပါတယ္။ 5G အစီအစဥ္ရဲ႕ အစိတ္အပိုင္းတစ္ခုအေနနဲ႔ 5G Home broadband service ကိုလည္း ထည့္သြင္းဖို႔ ႀကိဳးစားေနေၾကာင္း EE က ေျပာပါတယ္။

5G ကြန္ရက္ကို ခ်ိတ္ဆက္အသုံးျပဳခ်င္ရင္ေတာ့ ကိုယ္အသုံးျပဳေနတဲ့ Device မွာ 5G-equipped modem ရွိေနဖို႔ လိုပါတယ္။ ဒါေၾကာင့္လည္း ကမာၻတစ္ဝန္းက စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြဟာ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ ဖုန္းေတြကို ထုတ္လုပ္ႏိုင္ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကတာပဲ ျဖစ္ပါတယ္။ 5G ဟာ Fifth generation of cellular mobile communications ျဖစ္တာနဲ႔အညီ လက္ရွိအသုံးျပဳေနတဲ့ 4G ကြန္ရက္ေတြထက္ ပိုမိုျမန္ဆန္တဲ့ သုံးစြဲမႈ အေတြ႕အႀကဳံကို ေပးစြမ္းႏိုင္တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အနိမ့္ဆုံး Frequencies မွာေတာင္ ျမန္ႏႈန္းဟာ လက္ရွိ 4G ရဲ႕ ျမန္ႏႈန္းထက္ ၁၅% ကေန ၅၀% အထိ ပိုျမန္မယ္လို႔ သိရပါတယ္။ 5G ရဲ႕ Download Speed ဟာ 1Gbps ကေန 10Gbps အထိ ေပးစြမ္းႏိုင္တာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ၂ နာရီၾကာ ဇာတ္ကားတစ္ခုကို Download ဆြဲဖို႔ 4G မွာ ၆ မိနစ္ေလာက္ အခ်ိန္ေပးရမယ္ဆိုရင္ 5G နဲ႔က ၄ စကၠန႔္ေလာက္ပဲ အခ်ိန္ေပးရမယ္လို႔ သိရပါတယ္။

Ref: The Verge

 

[Unicode]

ယူနိုက်တက် ကင်းဒမ်းရဲ့ အကြီးမားဆုံး Carrier ဖြစ်တဲ့ EE က လာမယ့် ၂၀၁၉ ခုနှစ်မှာ နိုင်ငံရဲ့ အရေးပါတဲ့ မြို့ကြီး ၁၆ မြို့မှာ 5G ကွန်ရက်တွေ ရရှိဖို့ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။ ပထမအဆင့် ပြောင်းလဲမှုအဖြစ် အဓိကမြို့ကြီးတွေဖြစ်တဲ့ Belfast, Cardiff, Edinburgh, London တို့အပြင် အခြားမြို့ကြီးနှစ်မြို့ဖြစ်တဲ့ Birmingham နဲ့ Manchester တို့မှာ စတင်မယ်လို့ သိရပါတယ်။ အစီအစဉ်ကတော့ လာမယ့်နှစ်မှာဖြစ်ပေမယ့် အတိအကျကိုတော့ ကြေညာခဲ့ခြင်း မရှိပါဘူး။

EE အနေနဲ့ သူ့ရဲ့ 5G ကွန်ရက်ပြောင်းလဲမှုကို အဆိုပါ မြို့ကြီး ၆ မြို့မှာ စတင်အာရုံစိုက်ဖို့ အားထုတ်ထားတာ ဖြစ်ပါတယ်။ Landon မှာဆိုရင်တော့ Hyde Park, Manchester နဲ့ Belfast လေဆိပ်တွေ၊ Edinburgh ရဲ့ Waverley ဘူတာရုံ၊ Welsh Assembly နဲ့ Birmingham ရဲ့ Bullring ရှော့ပင်းစင်တာ တွေကို ဦးစားပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ EE ဟာ တခြားဥရောပ Carrier တွေဖြစ်တဲ့ Vodafone, Three UK တို့နဲ့လည်း ပူးပေါင်းချိတ်ဆက်ပြီး ၂၀၁၉ မှာ ကြီးမားတဲ့ 5G ကွန်ရက် ဖြန့်ကျက်နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ကနဦး စီစဉ်ထားတဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီး ကွန်ရက်ဖြန့်ကျက်ပြီးရင်တော့ ယူကေမှာရှိတဲ့ နောက်ထပ် မြို့ကြီး ၁၀ မြို့မှာလည်း 5G ကွန်ရက်တွေ ဖြန့်ကျက်သွားဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒုတိယဦးစာပေး မြို့ကြီးတွေထဲမှာ Newcastle, Liverpool, Leeds, Hull, Sheffield, Nottingham, Leicester, Coventry နဲ့ Bristol တို့ ပါဝင်တယ်လို့ သိရပါတယ်။ ပထမဆုံး ကွန်ရက်ဖြန့်ကျက်မယ့် ဆိုက်ပေါင်း ၁၅၀၀ ကနေ Cell traffic ၂၅% တုံ့ပြန်မှုရမယ်လို့ EE က ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ 5G အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ 5G Home broadband service ကိုလည်း ထည့်သွင်းဖို့ ကြိုးစားနေကြောင်း EE က ပြောပါတယ်။

5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုချင်ရင်တော့ ကိုယ်အသုံးပြုနေတဲ့ Device မှာ 5G-equipped modem ရှိနေဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်ဝန်းက စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် ဖုန်းတွေကို ထုတ်လုပ်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ 5G ဟာ Fifth generation of cellular mobile communications ဖြစ်တာနဲ့အညီ လက်ရှိအသုံးပြုနေတဲ့ 4G ကွန်ရက်တွေထက် ပိုမိုမြန်ဆန်တဲ့ သုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ သူ့ရဲ့ အနိမ့်ဆုံး Frequencies မှာတောင် မြန်နှုန်းဟာ လက်ရှိ 4G ရဲ့ မြန်နှုန်းထက် ၁၅% ကနေ ၅၀% အထိ ပိုမြန်မယ်လို့ သိရပါတယ်။ 5G ရဲ့ Download Speed ဟာ 1Gbps ကနေ 10Gbps အထိ ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂ နာရီကြာ ဇာတ်ကားတစ်ခုကို Download ဆွဲဖို့ 4G မှာ ၆ မိနစ်လောက် အချိန်ပေးရမယ်ဆိုရင် 5G နဲ့က ၄ စက္ကန့်လောက်ပဲ အချိန်ပေးရမယ်လို့ သိရပါတယ်။

Ref: The Verge