5G ကွန်ရက်တွေတည်ဆောက်ရာမှာ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် Huawei ရဲ့ ပစ္စည်းကိရိယာတွေကို အသုံးမပြုကြဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်ဟာ သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နဲ့ သြစတြေးလျလို နိုင်ငံတွေက လက်ခံခဲ့ပေမယ့် ဂျာမနီနဲ့ ဗြိတိန်လိုနိုင်ငံတွေကတော့ လက်မခံခဲ့ကြပါဘူး။

ကနဦးကာလတွေတုန်းက ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သူ့အနေနဲ့ 5G ကွန်ရက်တွေအတွက် Huawei အစိတ်အပိုင်းတွေကို အသုံးပြုခြင်းကလွဲရင် အခြားရွေးချယ်စရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် အရေးမပါတဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ၃၅% လောက်မှာပဲ သုံးစွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကတော့ Johnson ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးစဉ်းစားနေတယ်လို့ ဆိုလာပါတယ်။

Telegraph ကတော့ ဗြိတိန်ဝန်ကြီးချုပ်ဟာ ဒီနှစ်အတွင်းမှာပဲ နိုင်ငံရဲ့ 5G ကွန်ရက်တွေမှာရှိတဲ့ Huawei ပစ္စည်းတွေကို ဖယ်ရှားပေးလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒီဒုတိယနှစ်ဝက် ၆ လတာကာလအတွင်းမှာ Huawei ရဲ့ ကိရိယာတွေတပ်ဆင်ခြင်းကို ရပ်တန့်ဖို့ အစီအစဉ်တွေ ရေးဆွဲနေသလို၊ တစ်ချိန်တည်းမှာလည်း တပ်ဆင်ပြီးသားတွေကို စတင်ဖယ်ရှားတော့မယ်လို့ ဆိုပါတယ်။

Huawei ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ဗြိတိန်အနေနဲ့ Huawei ကို မယုံကြည့်နိုင်တဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။ Huawei ဟာ ကမ္ဘာပေါ်မှာ အစေ့စပ်ဆုံး၊ အသေချာဆုံး စစ်ဆေးမှုပြုလုပ်တဲ့ ကုမ္ပဏီဖြစ်သလို ဗြိတိန်ရဲ့ ကွန်ရက်နည်းပညာအဆင့်မြှင့်တင်မှုမှာ ဆက်ပြီးတော့ပါဝင်ခွင့်ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေဟာ ဗြိတိန်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာထားတာမဟုတ်တဲ့အတွက် နောက်ဆုံးမှာဘာဖြစ်မလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

Ref: Phone Arena