[Zawgyi]

ၿဗိတိန္ရဲ႕ စားသံုးသူ ေဒတာ ေလ့လာေစာင့္ၾကည့္ေရး အာဏာပိုင္အဖြဲ႕က ၿပီးခဲ့တဲ့ ႏွစ္က စားသံုးသူ ေဒတာမ်ား ေပါက္ၾကားျခင္းေၾကာင့္ British Airways အား စံခ်ိန္တင္ စတာလင္ေပါင္ ၁၈၃ သန္း ဒဏ္ေငြ ရိုက္မယ္လို႔ ေၾကညာလိုက္ပါတယ္။ ေဒၚလာ အားျဖင့္ ၂၂၉ သန္း ရွိပါတယ္။ The Information Commissioner’s Office (ICO) က ကုမၸဏီရဲ႕ လံုျခံဳေရး အားနည္းခ်က္ေၾကာင့္ စားသံုးသူေပါင္း ၅၀၀ ၀၀၀ ခန္႔ရဲ႕ ခရက္ဒစ္ကဒ္ သတင္းအခ်က္အလက္မ်ား၊ အမည္၊ လိပ္စာ၊ Login မ်ား ခိုးယူခံရတယ္လို႔ ေျပာပါတယ္။

ICO က စားသံုးသူ သန္းေပါင္းမ်ားစြာရဲ႕ ေဒတာမ်ား ေပါက္ၾကားမႈေၾကာင့္ Facebook ကို စတာလင္ေပါင္ ၅၀၀ ၀၀၀  ဒဏ္ရိုက္ခဲ့ဖူးပါတယ္။ ေလေၾကာင္းလိုင္းကို ရိုက္တဲ့ ဒဏ္ေငြဟာ အရမ္းကို ပိုမို မ်ားျပားေနပါတယ္။ ေလေၾကာင္းလုိင္းဟာ လာမယ့္ ၂၈ ရက္အတြင္းမွာ အယူခံ၀င္လို႔ရပါတယ္။  Information Commissioner ျဖစ္သူ  Elizabeth Denham “ ကိုယ္ေရးကိုယ္တာ ေဒတာမ်ား ခိုးယူခံရျခင္းဟာ ေတာ္ရံု ျပႆနာ မဟုတ္ပါဘူး။ ကုမၸဏီေတြဟာ စားသံုးသူမ်ားရဲ႕ အေျခခံ ကိုယ္ေရးကိုယ္တာ ေဒတာမ်ားကို ကာကြယ္ဖို႔ သင့္ေတာ္တဲ့ လုပ္ငန္းမ်ားကို လုပ္ေဆာင္သင့္ပါတယ္။ “ လို႔ ေျပာပါတယ္။

Facebook ကို ရိုက္ခဲ့တဲ့ ဒဏ္ေငြဟာ ၿဗိတိန္ရဲ႕ ၁၉၉၈ ခုႏွစ္ ေဒတာ ကာကြယ္ေရး ဥပေဒ အရ အျမင့္ဆံုး ျဖစ္ခဲ့ပါတယ္။ အဲဒီ အခ်ိန္တုန္းက အာဏာပိုင္မ်ားက ေဒတာကာကြယ္ေရး ဥပေဒ အသစ္မွာ ဒဏ္ေငြမ်ား တိုးျမွင့္ထားမယ္လို႔ ေျပာခဲ့ပါတယ္။ ဥပေဒ အသစ္အရ ကုမၸဏီတစ္ခုဟာ တစ္ကမာၻလံုး ၀င္ေငြရဲ႕ ၄ ရာခုိင္ႏႈန္း အထိ ဒဏ္ေငြ ရိုက္ခံရႏုိင္ပါတယ္။ ၿဗိတိန္ ေလေၾကာင္းလိုင္းဟာ ၂၀၁၇ ခုႏွစ္ ၀င္ေငြရဲ႕ ၁.၅ ရာခုိင္ႏႈန္းကို ဒဏ္ေငြ ခ်မွတ္ခံထားရတာပါ။

Ref : theverge

[Unicode]

User Data များပေါက်ကြားမှုကြောင့် စံချိန်တင် ဒေါ်လာ ၂၂၉ သန်း ဒဏ်ရိုက်ခံလိုက်ရတဲ့ British Airways

ဗြိတိန်ရဲ့ စားသုံးသူ ဒေတာ လေ့လာစောင့်ကြည့်ရေး အာဏာပိုင်အဖွဲ့က ပြီးခဲ့တဲ့ နှစ်က စားသုံးသူ ဒေတာများ ပေါက်ကြားခြင်းကြောင့် British Airways အား စံချိန်တင် စတာလင်ပေါင် ၁၈၃ သန်း ဒဏ်ငွေ ရိုက်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒေါ်လာ အားဖြင့် ၂၂၉ သန်း ရှိပါတယ်။ The Information Commissioner’s Office (ICO) က ကုမ္ပဏီရဲ့ လုံခြုံရေး အားနည်းချက်ကြောင့် စားသုံးသူပေါင်း ၅၀၀ ၀၀၀ ခန့်ရဲ့ ခရက်ဒစ်ကဒ် သတင်းအချက်အလက်များ၊ အမည်၊ လိပ်စာ၊ Login များ ခိုးယူခံရတယ်လို့ ပြောပါတယ်။

ICO က စားသုံးသူ သန်းပေါင်းများစွာရဲ့ ဒေတာများ ပေါက်ကြားမှုကြောင့် Facebook ကို စတာလင်ပေါင် ၅၀၀ ၀၀၀ ဒဏ်ရိုက်ခဲ့ဖူးပါတယ်။ လေကြောင်းလိုင်းကို ရိုက်တဲ့ ဒဏ်ငွေဟာ အရမ်းကို ပိုမို များပြားနေပါတယ်။ လေကြောင်းလိုင်းဟာ လာမယ့် ၂၈ ရက်အတွင်းမှာ အယူခံဝင်လို့ရပါတယ်။ Information Commissioner ဖြစ်သူ Elizabeth Denham “ ကိုယ်ရေးကိုယ်တာ ဒေတာများ ခိုးယူခံရခြင်းဟာ တော်ရုံ ပြဿနာ မဟုတ်ပါဘူး။ ကုမ္ပဏီတွေဟာ စားသုံးသူများရဲ့ အခြေခံ ကိုယ်ရေးကိုယ်တာ ဒေတာများကို ကာကွယ်ဖို့ သင့်တော်တဲ့ လုပ်ငန်းများကို လုပ်ဆောင်သင့်ပါတယ်။ “ လို့ ပြောပါတယ်။

Facebook ကို ရိုက်ခဲ့တဲ့ ဒဏ်ငွေဟာ ဗြိတိန်ရဲ့ ၁၉၉၈ ခုနှစ် ဒေတာ ကာကွယ်ရေး ဥပဒေ အရ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက အာဏာပိုင်များက ဒေတာကာကွယ်ရေး ဥပဒေ အသစ်မှာ ဒဏ်ငွေများ တိုးမြှင့်ထားမယ်လို့ ပြောခဲ့ပါတယ်။ ဥပဒေ အသစ်အရ ကုမ္ပဏီတစ်ခုဟာ တစ်ကမ္ဘာလုံး ဝင်ငွေရဲ့ ၄ ရာခိုင်နှုန်း အထိ ဒဏ်ငွေ ရိုက်ခံရနိုင်ပါတယ်။ ဗြိတိန် လေကြောင်းလိုင်းဟာ ၂၀၁၇ ခုနှစ် ဝင်ငွေရဲ့ ၁.၅ ရာခိုင်နှုန်းကို ဒဏ်ငွေ ချမှတ်ခံထားရတာပါ။

Ref : theverge