[Zawgyi]

Samsung ကေတာ့ Galaxy S10 ေတြနဲ႔ပတ္သက္ၿပီး ရဲရင့္တဲ့ အေျပာင္းအလဲတစ္ခုကိုလုပ္ခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ လာမယ့္ႏွစ္မွာ မိတ္ဆက္ေတာ့မယ့္ Galaxy S10 Series ေတြထဲမွာ ေဈးႏႈန္းသက္သာတဲ့ Budget Version လည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ က်န္တဲ့ ႏွစ္မ်ိဳးကေတာ့ ပုံမွန္အတိုင္းနဲ႔ အဆင့္ျမင့္ ပရီမီယံ ဆိုၿပီး ခြဲျခား ထုတ္လုပ္သြားမွာပါ။

ၿပီးခဲ့တဲ့ ရက္တုန္းက Galaxy S10 Series ေတြရဲ႕ မ်က္ႏွာျပင္ အ႐ြယ္အစားေတြကို ေဖာ္ျပခဲ့ေပမယ့္ ေက်ာဘက္အေၾကာင္းေတာ့ မေဖာ္ျပႏိုင္ခဲ့ေသးပါဘူး။ ဒီေန႔ရရွိတဲ့သတင္းကေတာ့ Galaxy S10 ရဲ႕ ေနာက္ေက်ာဘက္မွာ ကင္မရာ ႏွစ္လုံးတပ္ဆင္ထားမယ္ ဆိုတဲ့အေၾကာင္း ျဖစ္ပါတယ္။ ဒါ့အျပင္ S10 ရဲ႕ ကာဗာခြံအေၾကာင္းလည္း သတင္းေပါက္ၾကားလာပါတယ္။

လက္ရွိအေျခအေနအရ Galaxy S10 ဟာ ထုတ္လုပ္မႈစရိတ္ကို ေလွ်ာ့ခ်ထားတာေၾကာင့္ In-display fingerprint မပါေတာ့ဘူးလို႔ သုံးသပ္ရပါတယ္။ ေနာက္တစ္ခ်က္က မ်က္ႏွာျပင္ခုံးနဲ႔ မဟုတ္ေတာ့ဘဲ သာမန္မ်က္ႏွာျပင္ ျဖစ္လာႏိုင္ပါတယ္။ အခု ေပါက္ၾကားလာတဲ့ ကာဗာခြံအရဆိုရင္ေတာ့ Fingerprint Scanner က ေဘးဘက္မွာ ျဖစ္ပါလိမ့္မယ္။

အခုလိုမ်ိဳး တပ္ဆင္ထားတာကို Flagship Galaxy Smartphone ေတြမွာ ဘယ္တုန္းကမွမေတြ႕ခဲ့ဖူးပါဘူး။ ဒါေပမယ့္ ေဈးကြက္မွာ တ႐ုတ္ကုမၸဏီေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ေျပာင္းလဲလိုက္တဲ့ မဟာဗ်ဴဟာအရ Samsung အေနနဲ႔ Galaxy S10 Series မွာ ေဈးခ်ိဳတဲ့ ဖုန္းလည္း ထည့္သြင္းလာတာေၾကာင့္ ဒီ႐ုပ္ပုံနဲ႔ အခ်က္အလက္က အမွန္တကယ္ ျဖစ္လာႏိုင္ဖြယ္ ရွိပါတယ္။ မူရင္းေဖာ္ျပထားတဲ့ သတင္းမွာ Galaxy S10 လို႔ ေရးသားထားေပမယ့္ အမွန္တကယ္ မိတ္ဆက္လာတဲ့အခါ ဒီ Version က S10 Lite လည္းျဖစ္သြားႏိုင္ပါတယ္။

Ref: GSMarena

 

[Unicode]

Samsung ကတော့ Galaxy S10 တွေနဲ့ပတ်သက်ပြီး ရဲရင့်တဲ့ အပြောင်းအလဲတစ်ခုကိုလုပ်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ မိတ်ဆက်တော့မယ့် Galaxy S10 Series တွေထဲမှာ ဈေးနှုန်းသက်သာတဲ့ Budget Version လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်မျိုးကတော့ ပုံမှန်အတိုင်းနဲ့ အဆင့်မြင့် ပရီမီယံ ဆိုပြီး ခွဲခြား ထုတ်လုပ်သွားမှာပါ။

ပြီးခဲ့တဲ့ ရက်တုန်းက Galaxy S10 Series တွေရဲ့ မျက်နှာပြင် အရွယ်အစားတွေကို ဖော်ပြခဲ့ပေမယ့် ကျောဘက်အကြောင်းတော့ မဖော်ပြနိုင်ခဲ့သေးပါဘူး။ ဒီနေ့ရရှိတဲ့သတင်းကတော့ Galaxy S10 ရဲ့ နောက်ကျောဘက်မှာ ကင်မရာ နှစ်လုံးတပ်ဆင်ထားမယ် ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ ဒါ့အပြင် S10 ရဲ့ ကာဗာခွံအကြောင်းလည်း သတင်းပေါက်ကြားလာပါတယ်။

လက်ရှိအခြေအနေအရ Galaxy S10 ဟာ ထုတ်လုပ်မှုစရိတ်ကို လျှော့ချထားတာကြောင့် In-display fingerprint မပါတော့ဘူးလို့ သုံးသပ်ရပါတယ်။ နောက်တစ်ချက်က မျက်နှာပြင်ခုံးနဲ့ မဟုတ်တော့ဘဲ သာမန်မျက်နှာပြင် ဖြစ်လာနိုင်ပါတယ်။ အခု ပေါက်ကြားလာတဲ့ ကာဗာခွံအရဆိုရင်တော့ Fingerprint Scanner က ဘေးဘက်မှာ ဖြစ်ပါလိမ့်မယ်။

အခုလိုမျိုး တပ်ဆင်ထားတာကို Flagship Galaxy Smartphone တွေမှာ ဘယ်တုန်းကမှမတွေ့ခဲ့ဖူးပါဘူး။ ဒါပေမယ့် ဈေးကွက်မှာ တရုတ်ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပြောင်းလဲလိုက်တဲ့ မဟာဗျူဟာအရ Samsung အနေနဲ့ Galaxy S10 Series မှာ ဈေးချိုတဲ့ ဖုန်းလည်း ထည့်သွင်းလာတာကြောင့် ဒီရုပ်ပုံနဲ့ အချက်အလက်က အမှန်တကယ် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ မူရင်းဖော်ပြထားတဲ့ သတင်းမှာ Galaxy S10 လို့ ရေးသားထားပေမယ့် အမှန်တကယ် မိတ်ဆက်လာတဲ့အခါ ဒီ Version က S10 Lite လည်းဖြစ်သွားနိုင်ပါတယ်။

Ref: GSMarena